backup og meta

ကလေးထိန်းနှင့် နေ့ပိုင်းစောင့်ရှောက်မှုစင်တာ ၊ ဘယ်ဟာက သင့်ကလေးအတွက် အကောင်းဆုံးလဲ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးထိန်းနှင့် နေ့ပိုင်းစောင့်ရှောက်မှုစင်တာ ၊ ဘယ်ဟာက သင့်ကလေးအတွက် အကောင်းဆုံးလဲ

    သင့်ကလေးသည် တဖြည်းဖြည်း ကြီးပြင်းလာပြီး သင် သည် ပုံမှန်အလုပ်များ သွားရောက်လုပ်ကိုင်ရသောအခါ မေးခွန်းတစ်ခု ရှိလာပါသည်။ သင်အိမ်မှာမရှိလျှင် သင့် ကလေးကို ဘယ်သူစောင့်ရှောက်ပေးမလဲ။ နောက်ပြီး သင့် ကလေးတွေအတွက် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။ ကလေးထိန်းလား ဒါမှမဟုတ် နေ့ပိုင်းစောင့်ရှောက်မှု စင်တာ လား။ ဤနှစ်ခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို သိခြင်း သည် ကူညီနိုင်သည်။

    ကလေးထိန်း

    ကလေးထိန်းဆိုတာ ဘာလဲ။

    ကလေးထိန်းသည် ကလေး၏ အစောပိုင်း ဖွံ့ဖြိုးမှုများ အကြောင်းကို သေချာလေ့ကျင့်သင်ကြားထားသည်။ မိဘ များနှင့် လိုအပ်ချက်အပေါ်မူတည်၍ အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်း အလုပ်လုပ်သည်။ အချို့အချိန်များတွင် ကလေး ကို ထိန်းပေးရန် ငှားထားသော ကလေးကြည့်ပေးသူနှင့် ယှဉ်လျှင် ကလေးထိန်းသည် ပိုပြီး အလုပ်ကျွမ်းကျင်ပါသည်။

    ကလေးထိန်းအမျိုးအစား နှစ်မျိုးရှိသည်။ အတူနေ နှင့် အတူမနေဖြစ်သည်။ အတူနေကလေးထိန်းကို နေစရာ (သင့် အိမ်ရှိ အခန်းတစ်ခန်း) ပေးရသည်။ အတူမနေ ကလေးထိန်း သည် နေ့စဉ် လာပြီး ပြန်သည်။ သင်သည် ကုန်ကျစရိတ် သက်သာစေရန် ကလေးထိန်းကို အခြားမိသားစုများဖြင့် မျှဝေငှားနိုင်သည်။

    အထူးကျွမ်းကျင်အောင် လေ့ကျင့်ပေးသော နေရာမှ ကလေးထိန်းကို ငှားပါ။ သို့မဟုတ် သင့်အသိများမှ ကောင်းစွာ ထောက်ခံမှု ပေးထားသော ကလေးထိန်းကို ငှားပါ။

    ကလေးထိန်း၏ ကောင်းကျိုးများ

    အချိန်ပြည့် ကလေးထိန်းရှိခြင်းသည် သင့်အား အောက် ပါ အလုပ်များလုပ်ရခြင်းမှ ကင်းဝေးစေသည်။

    • ကလေးအား အိပ်ယာပို့ပေးခြင်း၊ မနက်တွင် စောစောနိုးခြင်း၊ ကျောင်းသွားရန် ပြင်ဆင်ပေးခြင်း
    • သင့်ကလေးအတွက် စားစရာ ပြင်ဆင်ပေးခြင်း
    • ကျောင်းသို့ လိုက်ပို့ပေးခြင်း၊ အပြန်ကြိုခြင်း

    ကလေးထိန်းသည် သင့်ကလေး ဖျားနာပါက သင့်က လေးနှင့်အတူ အိမ်တွင် နေပေးနိုင်သည်။ ချက်ပြုတ်ရေး၊ သန့်ရှင်းရေးစသော အိမ်အလုပ်များကို လုပ်နိုင်သော ကလေးထိန်းများလည်း ရှိသည်။ လူများစွာသည် နေ့ပိုင်း စောင့်ရှောက်မှု စင်တာထက် ကလေးထိန်းမှ ထိန်းသိမ်းပြုစုခြင်းသည် သင့်ကလေးအား ပို၍ ရင်းနှီးခြင်း၊ သက်တောင့်သက်တာ ရှိခြင်းဖြစ်စေသည်ဟု ယုံကြည်ကြ သည်။

    ကလေးထိန်း၏ ဆိုးကျိုးများ

    ကလေးထိန်းငှားခြင်းသည် ဈေးကြီးပါသည်။ တစ်ခါတစ်ရံ ကလေးထိန်း နေမကောင်းသောအခါ မိသားစုတစ်ခုလုံး၏ အချိန်ဇယားများ အခက်အခဲဖြစ်သည်။ ထို့အပြင် ကလေး ထိန်းသည် နေ့ပိုင်းစောင့်ရှောက်မှုစင်တာများ ကဲ့သို့ ကလေး များအား သင်ရိုးညွှန်းတမ်းဖြင့် သင်မပေးနိုင်ပါ။

    နေ့ပိုင်းစောင့်ရှောက်မှုစင်တာ

    နေ့ပိုင်းစောင့်ရှောက်မှုစင်တာ နှစ်မျိုးရှိသည်။ သီးခြား ရပ်တည်သောစင်တာနှင့် ထောက်ပံ့သူများက သူတို့အိမ်တွင် ဖွင့်ထားသော နေ့ပိုင်းစောင့်ရှောက်မှုအိမ် ဖြစ်သည်။ နှစ်မျိုး စလုံးတွင် လိုင်စင်ရှိရမည်။

    နေ့ပိုင်းစောင့်ရှောက်မှုစင်တာကို ရွေးချယ်ရာတွင် မိဘ များသည် အောက်ပါတို့ကို ဆောင်ရွက်သင့်သည်။

    • စင်တာအမျိုးမျိုးကို လှည့်ပတ်လေ့လာပါ။
    • မေးစရာများကို စာရင်းပြုစုထားပါ။
    • ဖွင့်သောနာရီများ၊ ဆရာနှင့် ကလေးအချိုး၊ အစာ စားချိန်၊ စားသောက်မှုပုံစံတို့အကြောင်း ရှာဖွေလေ့ လာထားပါ။

    နေ့ပိုင်းစောင့်ရှောက်မှုစင်တာ၏ ကောင်းကျိုးများ

    နေ့ပိုင်းစောင့်ရှောက်မှုစင်တာတွင်ထားပါက သင့်ကလေး အတွက် နေ့လည်စာပြင်ဆင်ပေးရန် မလိုအပ်ပါ။ သင့်ကလေး သည် လုံလောက်သော လူမှုဆက်ဆံရေးနှင့် ကောင်းမွန် သော လှုပ်ရှားမှု၊ အခြေအနေများကို ထိတွေ့ခွင့်ရှိမည်ဟု ယုံကြည်ပြီး သင် အနားယူနိုင်သည်။ ထို့အပြင် အရန် ဆရာ များလည်း ရှိသည်။ ထို့ကြောင့် သင့်ကလေး၏ အတန်းပိုင် ဆရာ နေမကောင်းလျှင်ပင် သင်အလုပ်အတွက် နောက်မကျ နိုင်ပါ။

    နေ့ပိုင်းစောင့်ရှောက်မှုစင်တာ၏ ဆိုးကျိုးများ

    သင့်ကလေးသည် အခြားကလေးများနှင့် ထိတွေ့မှုရှိ သောကြောင့် ကူးစက်သော ရောဂါများ ရနိုင်ချေ မြင့်ပါသည်။ သူငယ်ချင်းများထံမှ မကောင်းသော အပြုအမှုများလည်း ရနိုင်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement