(၄) ကိုယ်တိုင်လုပ်ပီဇာ။
ကလေးတွေက ပီဇာကြိုက်ပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အမယ်တွေ အနံအရသာတွေနဲ့ ပြုလုပ်ပြီး ကျွေးနိုင်ပါတယ်။ ovenရှိရင် ရနေပြီပဲ။ အပြင်စာဝယ်ကျွေးတာထက် အသီးအရွက်၊အသား၊ဂျုံ အာဟာရမျှတအောင် လုပ်နည်းလေ့လာပြီး ကိုယ်တိုင်လုပ်ကျွေးလို့ရပါတယ်။
(၅) ဖန်တီးတီထွင်မှု ရှိပါစေ။
ကလေးတွေ အစားပိုစားဖို့အတွက် ပန်းကန်၊ ဇွန်းခရင်း စတာတွေကအစ အရောင်စုံပြီး စွဲဆောင်မှု ရှိနေပါစေ။ ပန်းကန်ထဲမှာ အလှဆင်ပြင်ဆင်ပေးတာမျိုးက ကလေးတွေရဲ့စားချင်စိတ်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။
(၆) အေးခဲပြီးထားတဲ့ အသီးကျွေးပါ။
ငှက်ပျောသီး၊ ပန်းသီး၊ ဖရဲသီး၊ ထောပတ်သီးစတာတွေ ပါဝင်တဲ့ ရေခဲမုန့်၊ရေခဲချောင်းလုပ်ပြီး ကျွေးနိုင်ပါသေးတယ်။ အသီးနဲ့ပတ်သက်တဲ့ သရေစာ အလွယ်ပြုလုပ်နည်းတွေ အင်တာနက်မှာအများကြီးရှိပါတယ်။
(၇) မနက်စာအတွက် သစ်သီးထည့်ကျွေးပါ။
အရင်စားနေကျအစာတွေထက် မနက်စာမှာ သစ်သီးကိုပါ ထည့်ကျွေးတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကြက်ဥ၊ ဂျုံ၊ နို့ထွက်ပစ္စည်းနဲ့ အသီးအနှံတွေပါတဲ့ မနက်စာက ဖွံ့ဖြိုးဆဲဖြစ်တဲ့ကလေးတွေအတွက် လုံလောက်တဲ့အာဟာရဖြစ်ပါတယ်။