backup og meta

သင့်ကလေးတွင် သူငယ်ချင်းမရှိလျှင် မည်သို့လုပ်မည်နည်း


Dr. Su Sandy မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးတွင် သူငယ်ချင်းမရှိလျှင် မည်သို့လုပ်မည်နည်း

    ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ကလေးများကို အကောင်းဆုံးများကိုသာ ရစေလိုကြသည်။ ဖြစ်နိုင်လျှင် အကောင်းဆုံးအစားအစာ၊ အကောင်းဆုံးပညာရေး၊ အကောင်းဆုံး အဝတ်အထည်များကိုသာ ပေးလိုကြသည်။

    သို့သော် ကလေးများအတွက်မိဘများ ဘယ်သောအခါမှ မဝယ်ပေးနိုင်သည့် အရာများလည်း ရှိပါသည်။ ထိုအရာများထဲမှတစ်ခုသည် သူငယ်ချင်းမိတ်ဆွေဖြစ်သည်။ သင့်ကလေးကိုသူငယ်ချင်းများရစေရန် ဝယ်မပေးနိုင်သော်လည်း သင့်ကလေးကို ကောင်းမွန်သော လူမှုဆက်ဆံရေးပတ်ဝန်းကျင်ရစေရန် ပြုလုပ်ပေးနိုင်ပါသည်။

    သင့်ကလေးကို အခြေခံ လူမှုစည်းကမ်းများကို သင်ကြားပေးပါ။

    သင်နှင့် သင့်ကလေးသည် ကျောင်းတွင်တစ်နေ့တာအကြောင်းကို ပြောဆိုဆွေးနွေးရန် အချိန်ပေးနိုင်လျှင် ကောင်းပါသည်။ ထိုအချိန်တွင် သင့်ကလေးနှင့် ဆက်ဆံရေးပိုကောင်းလာပြီး သင့်ကလေးအတွက် အကြံဉာဏ်ကောင်းများပေးနိုင်သော အချိန်လည်း ဖြစ်သည်။ သင့်ကလေးကို အောက်ပါတို့ကို သင်ကြားပေးပါ။

  • သူငယ်ချင်းခင်မင်မှု၏ အရေးကြီးပုံ။
  • သူတို့၏ ရွယ်တူသူငယ်ချင်းများကို မည်သို့ကောင်းအောင် ဆက်ဆံရမည်။
  • မည်သို့ မရိုင်းစေရန် ပြောဆိုပြုမူရမည်။
  • သူငယ်ချင်းများမှ အန္တရာယ်ရှိသော အရာအတွက်အဖော်ခေါ်လျှင် မည်သို့ငြင်းရမည်ဆိုတဲ့ နည်းလမ်းများကို သင်ကြားပေးပါ။
  • သင့်ကလေးကို သူငယ်ချင်းခင်မင်မှု၏ လှပမှုကို ဖော်ကျူးသော ပုံပြင်များကို ပြောပြနိုင်သည်။ သူငယ်ချင်းများနှင့် အတူကစားနိုင်သော ပျော်စရာကောင်းသော ကစားနည်းများကို သင်ပေးနိုင်သည်။ သင်သည် သင့်ကလေးကို ဆရာများနှင့် သူငယ်ချင်းများ၏ ချစ်ခင်မှုရစေရန် ကောင်းမွန်သော အပြုအမူများနှင့် ကိုယ်ရည်ကိုယ်သွေးများကို ရစေရန် လေ့ကျင့်သင်ကြားပေးရမည်။

    သင့်ကလေးကို လူများသော ပွဲများသို့ ခေါ်သွားပါ။

    သင့်ကလေးကို အခြားသူများနှင့် ပြောဆိုဆက်ဆံစေခြင်းဖြင့် သူတို့၏ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို တိုးတက်စေနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေသည်။ သင့်ကလေးကို ကစားကွင်းများ၊ မွေးနေ့ပွဲများ စသည့်နေရာများသို့ ခေါ်သွားခြင်းဖြင့် ထိုအခွင့်အရေးကိုဖန်တီးပေနိုင်သည်။ အဆင်ပြေလျှင် သင့်အိမ်တွင် သင့်ကလေး၏ သူငယ်ချင်းများကို ဖိတ်ခေါ်ပေးပြီး ကစားစေခြင်း၊ ပါတီအသေးစားလေးများ ပြုလုပ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်သည်။

    သင့်ကလေး၏ ဆရာများနှင့် စကားပြောပါ။

    ဤအရာသည် သူငယ်ချင်းနည်းပြီး၊ မိတ်ဆွေဖွဲ့ရန် စိတ်မပါသောကလေးများ၏ မိဘများအတွက်ဖြစ်သည်။ မိဘများသည် ဆရာများကို အခြေအနေဆွေးနွေးခြင်းဖြင့် ကလေးကို အာရုံစိုက်ပြီး သူတို့နှင့် အဆင်ပြေသော သူငယ်ချင်းများရစေရန် ဖန်တီးပေးနိုင်သည်။

    သင့်ကလေးတွင် ပေါင်းသင်းဆက်ဆံရေးတွင် ပြသနာရှိနေခြင်း၊ အခြားသူမှအနိုင်ကျင့်ခံနေရခြင်း ရှိမရှိ စောင့်ကြည့်လေ့လာပါ။ သင့်ကလေးကို အခြား မောင်နှမဝမ်းကွဲများ၊ အမျိုးများနှင့် ဆက်ဆံရေးကိုလည်း စောင့်ကြည့်နေသင့်သည်။

    ပြဿနာသည် သင့်ကလေးသည်စိတ်ဆတ်သောကြောင့် သို့မဟုတ် လူများများနှင့် ပေါင်းသင်းဆက်ဆံတတ်သော လူမျိုးမဟုတ်သောကြောင့်ဖြစ်နိုင်သည်။ အကြောင်းရင်းပေါ်မူတည်ပြီး မိဘက အဖြေရှာပေးနိုင်သည်။ သူငယ်ချင်းများသည် သင့်ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးခြင်းအတွက်အလွန် အရေးကြီးပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement