backup og meta

သင့်ကလေးရဲ့ဖျားနာမှုကို ဘာကဖြစ်နေစေတာလဲ

သင့်ကလေးရဲ့ဖျားနာမှုကို ဘာကဖြစ်နေစေတာလဲ

ကလေးကိုယ်ပူလာလျှင် သင်အနည်းနှင့်အများ စိုးရိမ်ပူပန်မိမည်မှာ အသေချာပင်။ တကယ်တော့ အရမ်းဆိုးဝါးနိုင်မည်ဟုလည်း မထင်ရပါ။ ဖျားခြင်းသည် အဖြစ်များပြီး မကြာခဏဆိုသလို ကုသမှုမခံယူပဲ အလိုလိုပျောက်ကင်းတတ်ပါသည်။

အဖျားကိုယ်၌ကလည်း ရောဂါမဟုတ်တာကြောင့် ထိခိုက်ပျက်စီးမှုလဲ မဖြစ်စေပါ။ တစ်ခါတစ်ရံ ကလေးမှ ရောဂါပိုးကို ကာကွယ်နေသည့်လက္ခဏာဖြစ်သောကြောင့် ကိုယ်ပူခြင်းကို အကောင်းမြင်နိုင်ပါသည်။ ကိုယ်ပူတိုင်း ကုသရန်မလိုပါ။

ဘယ်လိုပင်ဖြစ်ပါစေ ကိုယ်ပူခြင်းသည် ကလေးကို စိတ်ညစ်စေနိုင်ပြီး ရေဓါတ်ခမ်းခြောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ စိတ်ကိုငြိမ်ငြိမ်ထားကာ ကိုယ်ပူကျစမည့်နည်းလမ်းများကို လိုက်နာပေးပါ။

ဖျားတယ်ဆိုတာ ဘာလဲ။

ဖျားခြင်းသည် ဟိုက်ပိုသာလမတ်မှ ကိုယ်အပူချိန်ကို ထိန်းညှိရန်ကြိုးစားနေသည့် အခြေအနေဖြစ်သည်။ (ဟိုက်ပိုသာလမတ်သည် ရေဆာခြင်း ဗိုက်ဆာခြင်းကိုလည်း ထိန်းချုပ်ပေးသည်) ၎င်းသည် သင့်လျော်မည့်ကိုယ်အပူချိန်ကို သိသည်။ ထိန်းညှိနိုင်မည့် အချက်ပြများကိုလည်း ခန္ဓါကိုယ်ဆီလွှတ်ပေး၏။

ပုံမှန်မဟုတ်သည့်အခြေအနေများ ဖြစ်လာလျှင် ဟိုက်ပိုသာလမတ်သည် ရောဂါဖြစ်စေသော ဘက်တီးရီးယားများ ဗိုင်းရပ်စ်များ အသက်ရှင်ဖို့ခက်ခဲစေရန် အပူချိန်ပြောင်းလဲဖို့ လိုလာသည်။

တစ်ချိုသိပ္ပံပညာရှင်များက ခန္ဓါကိုယ်အပူချိန် မြင့်တက်လာသည့်အခါ ခန္ဓါကိုယ်ကို ပိုသန်စွမ်းစေမည့် အင်ဇိုင်းများကို လှုံ့စော်ပေးပြီး အလုပ်ပိုတွင်စေသည်ဟု ယုံကြည်ကြသည်။ ကလေးတွင် ကိုယ်အပူချိန်တက်မတက်သိရန် အလွယ်ကူဆုံး အမြန်ဆုံးနည်းသည် သာမိုမီတာနှင့်တိုင်းလိုက်ရုံပင်။

ဖျားအောင်ဘာကလုပ်သလဲ။

ကိုယ်ပူချိန်တက်ခြင်းအများစုသည် ပိုးဝင်ခြင်း သို့မဟုတ် တခြားသော ဖျားနာခြင်းများကြောင့် ဖြစ်ရ၏။ ကိုယ်အပူချိန်တက်စေသော အဖြစ်များသည့်အခြေအနေများမှာ

  • လေပြွန်အထက်ပိုင်းပိုးဝင်ခြင်း (RTIs)
  • တုပ်ကွေး
  • သွားပေါက်ခြင်း (ငွေ့ငွေ့သာဖျားသည်)
  • နားပိုးဝင်ခြင်း
  • ရိုစီရိုလာ – ကိုယ်အပူချိန်တက်ပြီး အကွက်များပေါ်လာစေသော ဗိုင်းရပ်စ်တစ်မျိုး
  • အာသီးရောင်ခြင်း
  • ကျောက်ကပ် သို့မဟုတ် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)
  • ကလေးဘဝတွင်အဖြစ်များသော ဖျားနာခြင်းများ – ရေကျောက်နှင့် ကြက်ညှာချောင်းဆိုး
  • ကာကွယ်ဆေးထိုးပြီးနောက်တွင်လည်း ကိုယ်ပူချိန်တက်နိုင်ပါသည်။ သို့မဟုတ် စောင်ထူထူခြုံခြင်း အဝတ်ထူထူဝတ်ခြင်းကြောင့်လည်း တက်နိုင်ပါသည်။

အရေးပေါ်အခြေအနေကို ဘယ်လိုသိနိုင်မလဲ။

သင့်ကလေး၌အောက်ပါတို့ဖြစ်လျှင် ကလေးအထူးကုနှင့် ပြပါ။

  • သုံးလအောက်အရွယ် အဖျား ၁၀၁ နှင့်အထက်ဖြစ်နေလျှင်
  • ၃-၆ လကြား အဖျား ၁၀၂ ရှိနေလျှင်

ဆေးခန်းသွားပြသင့်သည့် တခြားသောလက္ခဏာများ

  • အတော်လေးဖျားနာပုံပေါက်လျှင်
  • ငိုက်မြည်းခြင်း သို့မဟုတ် ဇီဇာကြောင်လာလျှင်
  • ကိုယ်ခံအားနည်းလျှင် သို့မဟုတ် တခြားရောဂါများ ရှိနေလျှင်
  • တက်လျှင်
  • အကွက်ထခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်ခြင်း သို့မဟုတ် နားကိုက်ခြင်း

ကလေးသည်ကိုယ်ပူနေသော်လည်း ကောင်းမွန်နေလျှင် ဆိုလိုသည်မှာ ကစားမြဲကစားပြီး သတိလည်းကောင်းကောင်းရှိနေလျှင် အပြင်းအထန်ဖျားနေခြင်း မဖြစ်နိုင်ပါ။

ပိုပြင်းထန်သည့်ရောဂါများ

တစ်ခါတစ်ရံ ကလေးများ၌ ကိုယ်အပူချိန်မြင့်ခြင်းက တခြားပြင်းထန်သည့် ရောဂါတစ်ခုခုမှ လက္ခဏာဖြစ်နေနိုင်ပါသည်။

  • အသက်ရှုကြပ်ခြင်း
  • အန်ခြင်း
  • အကွက်ထခြင်း
  • တက်ခြင်း

ဖြစ်နိုင်သည့် ပြင်းထန်ဘက်တီးရီးယားရောဂါများမှာ –

  • ဦးနှောက်အမြှေးရောင်ခြင်း – ဦးနှောက်နှင့် အာရုံကြောမကြီးအား ကာကွယ်ထားသည့် ဦးနှောက်အမြှေးမျာသို့း ပိုးဝင်ခြင်း
  • သွေးဆိပ်တက်ခြင်း – သွေးအတွင်းသို့ ပိုးဝင်ခြင်း
  • နမိုးနီးယား – အဆုတ်တစ်ရှူးများရောင်ခြင်း။ များသောအားဖြင့် ပိုးဝင်ခြင်းကြောင့်ဖြစ်သည်။

ပြင်းထန်သည့်ရောဂါများနှင့် ဆက်စပ်နေသည့် ကိုယ်ပူခြင်းသည် အတော်ရှားသည်ကိုသတိပြုပါ။

ကလေးများနှင့် လသားများတွင်ဖြစ်သော ပြင်းထန်သည့်ရောဂါများအား သတိပြုခြင်းတွင် ဆက်လက်ဖတ်ရှု့ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. WebMD, Fever Facts, http://www.webmd.com/first-aid/fevers-causes-symptoms-treatments. Accessed on March 18, 2017.
2. Healthdirect, What causes fever in children?, https://www.healthdirect.gov.au/what-causes-fever-in-children. Accessed on March 18, 2017.

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement