brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ

ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ OTC ဆေးတွေဟာ အလွယ်တကူရနိုင်တာတော့ မှန်ပေမယ့် အချိန်တိုင်းတော့ ကလေးတွေအတွက် သင့်လျော်တဲ့ဆေးတစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးက ငယ်လွန်းရင်ပေါ့။

ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ

တကယ်လို့ သင့်ကလေးက အဖျားသွေး နည်းနည်းရှိတာမျိုး သို့မဟုတ် ချောင်းဆိုးတာမျိုး ဖြစ်နေရင် စိတ်ချပြီး ကျန်းမာရေးနဲ့ညီတဲ့ ဒီလို အိမ်တွင်းဆေးနည်းများကို သုံးကြည့်ပါ။ အထူးသဖြင့် ဘာဆေးတိုက်ရမလဲ၊ ဘယ်လိုတိုက်ရမလဲဆိုတာ သေချာမသိတဲ့အချိန်မျိုးမှာပေါ့။

ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ

ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ ကတော့

၁။ ပျားရည်။

အာဟာရဓာတ်တွေနဲ့ ပိုးမွှားတွေကာကွယ်နိုင်စွမ်းတွေကို အတိုင်းအဆမရှိပိုင်ဆိုင်ထားတဲ့ ပျားရည်ကတော့ ချောင်းဆိုးခြင်းနဲ့ အသေးစားဖျားနာခြင်းတွေအတွက် အသုံးအဝင်ဆုံး ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

တကယ်တမ်းတော့ အသက်၁နှစ်မှ ၅နှစ်အတွင်းပါဝင်တဲ့ ကလေး ၂၇၀ကိုလေ့လာခဲ့တဲ့ double-blind study (ဘက်မလိုက်တဲ့လေ့လာမှု)တစ်ခုမှာ ပျားရည် ၃မျိုးထဲက ၁မျိုး (eucalyptus, labiatae or citrus) ကို ညအိပ်ရာမဝင်ခင် နာရီဝက်လောက်တည်းက ပုံမှန်စားသုံးသူတဲ့ကလေးတွေက အခြားသော ကလေးတွေနဲ့စာရင် ပိုပြီး ကျန်းမာရေးကောင်းမွန်တိုးတက်လာတယ်လို့ ဆိုပါတယ်။

အခြားသော လေ့လာမှုတစ်ရပ်ကတော့ ပျားရည်ဟာ ကလေးတွေ ချောင်းဆိုးခြင်းအတွက် အကျိုးအရှိဆုံးအရာ ၁၀၀ထဲကမှ ထိရောက်မှုအရှိဆုံးလို့ ၂၀၀၇ခုနှစ်က “Archives of Pediatrics and Adolescent Medicine” မှာ ဖော်ပြခဲ့ပါတယ်။

ရလဒ်ကို ပိုပြီး သိသာထင်ရှားစေဖို့အတွက် ပျားရည်ကို သံပုရာရည် သို့မဟုတ် ချင်းရည်တို့နဲ့ရောပြီး ဗီတာမင် စီ၊ essential oils တွေနဲ့ antioxidants တွေအတွက် သုံးစွဲလို့ရပါတယ်။ ဒါပေမဲ့ ၁နှစ်အောက်ကလေးတွေအတွက်တော့ ဒီဆေးနည်းကိုအသုံးမပြုသင့်ပါဘူး။

ပျားရည်မှာ botulinum spores တွေပါဝင်ပြီး ဒီအရာက အခန့်မသင့်ရင် မွေးကင်းစကလေးတွေမှာ အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။

၂။ Saline nasal drop (နှာခေါင်းတွင်းထည့်ရတဲ့ ဆားရည်)

လိုအပ်တဲ့အစိုဓာတ်တွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ဒီနှာခေါင်းဆေးတွေဟာ ကလေးအသက်ရှူဖို့ ပိုပြီးလွယ်ကူအောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ နှာခေါင်းလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ အကျိအချွဲတွေကို ဖယ်ရှားပေးဖို့ ပိုပြီး လွယ်ကူစေတာပေါ့။

ဒီနှာခေါင်းဆေးတွေကို ဆေးကောင်တာတွေမှာ အလွယ်တကူရနိုင်သလို အိမ်မှာလည်း ပြုလုပ်လို့ရပါတယ်။ ဆားအနည်းငယ်နဲ့ ရေကို ရိုးရှင်းစွာရောစပ်လိုက်ရုံပါပဲ။ ပိုပြီး အချိုးအဆ မှန်ချင်ရင်တော့ ဆေးဆိုင်တွေက ready madeအရည်တွေ ဝယ်သုံးပါ။

ဒီဆေးရည်ကိုတော့ Bulb syringe (ထိပ်မှာ မီးသီးပုံအလုံးရှိပြီး ညှစ်ကာအစက်ချရတဲ့အရာ) သို့မဟုတ် ပလတ်စတစ်ညှစ်ဘူးလေးတွေ (Plastic squirt bottle)ထဲကို ထည့်ထားပေးရမှာပါ။ ဖောက်ပြီး ၂၄နာရီအတွင်း သုံးပေးဖို့ လိုပါတယ်။

နှာရည်တွေ များလွန်းရင် မျိုချမိပြီး ချောင်းပါဆက်ဆိုးစေတာကြောင့် နှာစေးပြီး ချောင်းဆိုးနေတဲ့ကလေးတွေမှာ ဒီနည်းလမ်းသုံးပေးသင့်ပါတယ်။

၃။ Vapor rub

ဒီအရာကတော့ အပူပေးတဲ့ နည်းလမ်းကိုသုံးပြီး နှာခေါင်းပိတ်ခြင်းကို သက်သာစေဖို့ အထူးဒီဇိုင်းဆွဲထားတဲ့အရာပါ။ တကယ်လို့များ သင်က ဒီကုထုံးကို သင့်ကလေးအတွက် အသုံးပြုမယ်ဆိုရင် သူတို့ရင်ဘတ်နဲ့ လည်ပင်းပေါ်မှာ အလွှာထူထူတစ်ခုတင်ထားဖို့ မမေ့ပါနဲ့။

ဒါမှပဲ သူတို့ဟာ ဆေးပါဝင်တဲ့ အငွေ့ကို ကောင်းကောင်းရှူရှိုက်နိုင်မှာပါ။ Vapor rub ထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့ ချောင်းဆိုးခြင်းကို ဘေးကင်းကင်းနဲ့ သက်သာစေတဲ့ အရာတွေ (Safe cough suppressant) အပြင် Camphor methol တို့လို ပရုတ်အေးနဲ့ ယူကလစ်ဆီတွေပါဝင်ပါတယ်။

Vapor rubဆိုတာ မြန်မာလို အလွယ်ပြောရရင် ပရုတ်ဆီလူးဆေးပါပဲ။ ကလေးရင်ဘတ်မှာ လူးထားတာကြောင့် နှာခေါင်းကနေ ဆေးငွေ့ကို အလွယ်တကူရှူမိပါတယ်။ ဒီအငွေ့က ရင်ဘတ်ထဲက ချွဲတွေကို ပျော်စေတာပါ။

၄။ ကလေးတွေရဲ့ခေါင်းကို အပေါ်ကို မတ်မတ်ထားပေးပါ။

ခေါင်းအုံးအပို ဒါမှမဟုတ် စောင်ကိုသုံးပြီး ခေါင်းကိုမတ်နေပါစေ။ ဒါမှသာ အချိန်ကြာလာတာနဲ့အမျှ အချွဲတွေက စီးလာနိုင်မှာဖြစ်ပြီး အသက်ရှူဖို့အတွက် ပိုပြီးလွယ်ကူလာစေမှာပါ။

၅။ ရေကို ပိုတိုက်ပေးပါ။

ဖျားနာခြင်းနဲ့ ရင်ဆိုင်နေရတဲ့အခါ ချွေးထွက်ခြင်း သို့မဟုတ် အန်ခြင်းကြောင့် လူတွေဟာ ရေဓာတ်ပိုပြီးဆုံးရှုံးကြပါတယ်။ ဒါကြောင့် ကလေးကို ရေဓာတ်ဆုံးရှုံးခြင်းမဖြစ်စေရအောင် အရည်များများဝင်အောင်လုပ်ပေးပါ။

ရေဓာတ်ဆုံးရှုံးခြင်းက ဖျားနာနေတဲ့ အခြေအနေကို ပိုဆိုးစေပြီး မသက်မသာဖြစ်စေပါတယ်။ ပိုပြီးကောင်းတဲ့ ရလဒ်ကိုလိုချင်ရင်တော့ ဓာတ်ဆားရည်တိုက်ပါ။ ဖျားနေတဲ့ကလေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ BPI ဓာတ်ဆားတိုက်နိုင်ပါတယ်။ မိခင်နို့သောက်တဲ့ကလေးဆို နို့ပိုတိုက်ပေးပါ။

များသောအားဖြင့်လည်း ခန္ဓာကိုယ်ရဲ့ အပူချိန်ကျစေဖို့နဲ့ ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ လည်ချောင်းထဲက အချွဲပျစ်ပျစ်တွေ ကျဲသွားစေဖို့ အရည်ပိုဝင်အောင်တိုက်တာက အကျိုးရှိစေပါတယ်လို့ ယုံကြည်ကြပါတယ်။

ဒီတော့ ကလေးချောင်းဆိုးပြီဆိုရင် အခုပြောပြထားတဲ့ ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ ကို အသုံးပြုပေးလို့ ရပါတယ်။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 26/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။