နားနေချိန်တွင် လျှာသည် အရှေ့ကို အလွန်ရောက်နေပြီး စကားပြောစဉ် သို့မဟုတ် မြိုချစဉ်တွင် လျှာသည် အပေါ်နှင့် အောက်သွား ကြားတွင် ထိုးထွက်နေခြင်း ဖြစ်သည်။
စကားပြောသံနှင့်ဆိုင်သော ရောဂါများ။ အသံပီသခြင်းနှင့် အသံထွက် အစီအစဉ်များ
စကားပြောသံနှင့်ဆိုင်သော ရောဂါရှိသော ကလေးများ သည် စကားသံပီသခြင်းနှင့် စကားအသံထွက် အစီအစဉ်များ တွင် ပြဿနာများရှိသည်။
စကားထစ်ခြင်း
စကားကို ပြေပြစ်စွာ မပြောနိုင်ပါ။ စကားပြောစဉ်တွင် စကားလုံးအချို့သည် ထပ်သွားပြီး အင်း သို့မဟုတ် အား စသော အသံများခံနေသည်။ ဤအခြေအနေသည် ကလေး များ အရွယ်ရောက်သည်အထိ ပါသွားနိုင်သည်။
အသံနှင့်ဆိုင်သော ရောဂါများ
အသံနှင့်ဆိုင်သော ရောဂါများဆိုသည်မှာ အသံ သြခြင်း သို့မဟုတ် အသံလုံးဝ မထွက်ခြင်းစသော အခြေအနေများကို ခေါ်သည်။ အသံနှင့်ဆိုင်သော ရောဂါများတွင် အောက်ပါတို့ ပါဝင်သည်။
- အသံကြိုးတွင် အကျိတ်ဖုပေါက်ခြင်း
- အသံကြိုး မလှုပ်နိုင်ခြင်း
- ရှေ့နောက်မညီသော အသံအိုးလှုပ်ရှားမှု
- အသံထွက်မှု ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း
ဘာသာစကားနှင့်ဆိုင်သော ရောဂါတွေကဘာလဲ။
ဘာသာစကားနှင့်ဆိုင်သော ရောဂါများတွင် အောက်ပါ အခြေအနေများ ပါဝင်သည်။
- မူကြိုအရွယ်တွင်ဖြစ်သော ဘာသာစကားဆိုင်ရာ ရောဂါများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။