backup og meta

သွေးကင်ဆာသည် ကျောင်းနေကလေးတစ်ယောက်ကို သင်ဘယ်လိုကူညီမလဲ

သွေးကင်ဆာသည် ကျောင်းနေကလေးတစ်ယောက်ကို သင်ဘယ်လိုကူညီမလဲ

သွေးကင်ဆာဖြစ်နေတဲ့ကလေးတွေဟာ သူတို့နေမကောင်းဖြစ်လို့ ကုသမှုခံယူရတိုင်း ကျောင်းတက်နိုင်မှာမဟုတ်ပါဘူး။ သူတို့ဟာ ကျောင်းမှာရှိတဲ့သူငယ်ချင်းတွေနဲ့ ဆရာမတွေကို လွမ်းဆွတ်နေနိုင်သလို သာမန်၊ ပုံမှန်ကျောင်းသားတစ်ယောက်ရဲ့ လူနေမှုဘဝကိုလည်း တမ်းတနေပါလိမ့်မယ်။

ကျောင်းပြန်တက်ဖို့ဆိုတာ သွေးကင်ဆာရောဂါသည် ကလေးတစ်ယောက်အတွက်တော့ ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်သလို စိန်ခေါ်မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေဟာ သူတို့မှာ တောက်ပနေတဲ့အနာဂတ်ရှိနေတယ်ဆိုတာနဲ့ ကင်ဆာရောဂါ အပြည့်အဝပျောက်နိုင်ချေရှိနေသေးတယ်ဆိုတဲ့ အတွေးတွေအတွက် အထောက်အပံ့တော့ ဖြစ်မှာပါ။

ကလေးကျောင်းပျက်တိုင်း ကျောင်းကို အသိပေးပါ။

ကလေးရဲ့ကျောင်းနဲ့ အဆက်အသွယ်မပြတ်စေဘဲ ဆရာတွေနဲ့ သူ့အတန်းဖော်လေးတွေ၊ ကျောင်းသားလေးတွေကို သင့်ကလေးရဲ့ကျန်းမာရေးအတွက် ဂရုစိုက်ပေးနိုင်ဖို့ ၊ စိတ်ဝင်တစားရှိဖို့ တိုက်တွန်းကြည့်ပါ။

ဆရာ၊ဆရာမတွေကလည်း ကလေးကို ကျောင်းမှာသူလွတ်သွားတဲ့ သင်ခန်းစာတွေကို ပြန်လည် ရှင်းပြပေးနိုင်ပါလိမ့်မယ်။

ကျောင်းအုပ်ကြီးဆီကို ကလေးရဲ့ရောဂါအခြေအနေတွေ၊ ကုသဖို့ အစီအစဉ်တွေကို ရေးပြီး ပို့ပေးဖို့ လည်း လိုအပ်ပါလိမ့်မယ်။ ကျောင်းက ကလေးရဲ့ အခြေအနေတွေ၊ ကုသမှု အချိန်စာရင်းတွေနဲ့ သင့်ကလေး ဘယ်လောက်ကျောင်းပျက်နိုင်မလဲဆိုတာ သိသင့်ပါတယ်။

ကလေးရဲ့အခြေအနေကို ဆရာ၊ဆရာမတွေအပါအဝင် ကျောင်းကလည်း မျက်ခြေမပြတ်ပါစေနဲ့။ ကလေးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို သူ့ဆီသွားလည်ခြင်း၊ ဆရာ/မ တွေနဲ့ သူငယ်ချင်းတွေကဖုန်းခေါ်ဆိုခြင်း၊ message ပို့ခြင်း ဗီဒီယို သို့မဟုတ် email ပို့ခြင်းတွေနဲ့ တည်ဆောက်နိုင်ပါတယ်။

ကျောင်းတွင်းသူနာပြုနဲ့ စကားပြောဆိုခြင်းကလည်း တစ်မျိုးတော့ကောင်းပါတယ်။ သူနာပြုဟာ ကလေးကကျောင်းမှာ နေမကောင်းဖြစ်တာမျိုး အရေးပေါ်ကိစ္စတွေနဲ့ ဆေးလိုအပ်နေတာမျိုးတွေ ဒါမှမဟုတ် ကျောင်းဖွင့်ရက်တွေမှာ အခြားသော ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးတာ စသဖြင့် ကိစ္စတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျောင်းပြန်တက်ဖို့ အစီအစဉ်ဆွဲပါ။

ဆရာ/မတွေ ကျောင်းအုပ်တွေအပြင် ကျောင်းတွင်းသူနာပြုတွေနဲ့ ချိန်းပြီး ကလေးကျောင်းပြန်တက်ခြင်းနဲ့ လူတိုင်းသိထားသင့်တဲ့အရာတွေအကြောင်း ပြောဆိုထားတာကောင်းပါတယ်။ ကျောင်းတွင်းမှတ်တမ်းအတွက် အောက်ပါအချက်တွေကို စာရင်းပြုစုထားပါ။

· ကလေးလိုအပ်နိုင်မယ့်ဆေးတွေနဲ့ အသုံးပြုပုံတွေ

· ကလေးအသုံးပြုလို့ရမယ့် အထူးကိရိယာတွေနဲ့ အသုံးပြုပုံတွေ

· ကျောင်းမှာစောင့်ကြည့်ရမယ့်ပြဿနာတွေနဲ့ သင့်ထံကို အကြောင်းကြားဖို့တွေ။

· သင်သိကိုသိရမယ့်ကိစ္စတွေ၊ အထူးသတိထားရမယ့်ကိစ္စတွေ၊ ဥပမာ တကယ်လို့ ကလေးနဲ့အတန်းတူတက်နေတဲ့ အခြားကျောင်းသားလေးတစ်ယောက်က ရေကျောက်ပေါက်နေတာမျိုးဆိုရင် ဒါမှမဟုတ် ကလေးအတွက် ပြဿနာဖြစ်စေနိုင်မယ့် အခြားရောဂါတစ်ခုခုဖြစ်နေတာမျိုးဆိုရင် အထူးသတိထားဖို့လိုပါတယ်။

· ဖြစ်နိုင်တဲ့ပြဿနာတွေအားလုံးအတွက် အရေးပေါ်အစီအစဉ်တွေထည့်နိုင်ဖို့ ပြင်ဆင်ထားပါ။

· ဆေးဝါး၊ ကုထုံးသို့မဟုတ် သင့်ကလေး မလုပ်နိုင်မယ့် ကိစ္စရပ်မျိုး

· အရေးပေါ်အခြေအနေတွေမှာ ဆက်သွယ်နိုင်မည့် အချက်အလက်များ

ကလေးကို အခြားသော သာမန်ကလေးတွေလိုပဲ ဆက်ဆံဖို့ ဆရာ/မတွေနဲ့ ကျောင်းသားတွေကို ပြောပြပါ။ ကလေးရဲ့ အသွင်အပြင် (ဥပမာ-ဖြူလျော်လျော်ဖြစ်နေတာမျိုး)၊ ကလေးကျောင်းပြန်တက်ဖို့ ဘယ်လိုခံစားနေရတာလဲဆိုတာတွေ (စိတ်ပူနေလား၊ ပျော်နေလား၊ မိမိကိုယ်ကို သတိထားနေလား စဖြင့်) နဲ့ သူ့ရဲ့အတန်းဖော်တွေနဲ့ အတူလုပ်ဆောင်နိုင်မယ့်အရာတွေ (လက်ခံခြင်း၊ တစ်စုံတစ်ခုသောအကြောင်းအရာထဲမှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ခြင်း) စသဖြင့်သော အရာတွေအတွက်လည်း ပြင်ဆင်ထားပါ။

ကလေးတွေဟာ သူတို့ကျောင်းပျက်ရခြင်း ဒါမှမဟုတ် ကျောင်းပြန်တက်ရခြင်းအပေါ်ဘယ်လိုတွေခံစားနေရတယ်ဆိုတာ ပြောခွင့်ပေးလိုက်ပါ။ သူတို့ကို အားပေးပြီး ကူညီပေးပါ။ ဆေးရုံက လူမှုရေးလုပ်သားတွေကို ဖိတ်ခေါ်ပြီး အတန်းသူကျောင်းသားတွေအတွက် ဒီရောဂါအကြောင်း ရှင်းပြ ပြောပြပါစေ။

ကုသမှုအပြီးမှာ ကလေးတွေဟာ မကြာခဏဆိုသလို သူတို့အရင်ကမလိုအပ်ခဲ့တဲ့ ပြုစုစောင့်ရှောက်မှုတွေ လိုအပ်လာပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ထူးခြားတဲ့နေရာထိုင်ခင်းအပြင်အဆင်တွေ၊ အထူးပြုလုပ်ထားတဲ့ကိရိယာတွေ၊ အသံထွက်စာအုပ်လေးတွေ ဒါမှမဟုတ်အကူအညီဖြစ်နိုင်မယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ စတာတွေကို လိုအပ်လာနိုင်ပါတယ်။

ဆရာ/မတွေနဲ့ ကျောင်းအုပ်တွေကတော့ ဒါတွေကို သိထားသင့်ပါတယ်။ တက္ကသိုလ်တက်နေသူ ဒါမှမဟုတ် အခြားသောလေ့လာမှုတွေလုပ်နေသူတွေအတွက်တော့ သင်တို့ရဲ့ နည်းပြကို ဆက်သွယ်ပြီး စာတမ်းတွေအတွက် အချိန်ပိုပေးဖို့ ဒါမှမဟုတ် စာသင်ချိန်တွေကို ရွှေ့ဆိုင်းလိုက်တာက နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Children Diagnosed With Cancer: Returning to School.
http://www.cancer.org/treatment/childrenandcancer/whenyourchildhascancer/children-diagnosed-with-cancer-returning-to-school.Accessed : 20 December 2016
School and Study. http://www.leukaemia.org.au/living-well/children-with-a-blood-cancer/school-and-study. Accessed : 20 December 2016

ယခုပုံစံ

10/08/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

နေမကောင်းဖြစ်နေချိန် သောက်သင့်တဲ့ အားဖြည့်ဖျော်ရည်တွေ



Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement