backup og meta

ကျွန်တော့်ကလေးသည် ဘေးကင်းပါသလား

ကျွန်တော့်ကလေးသည် ဘေးကင်းပါသလား

ဖျားနာခြင်း အကြိမ်အရေ။ ပုံမှန် အကြိမ်အရေအတွက် သည် ဘယ်လောက်လဲ။

အသက် ၆လ နောက်ပိုင်းတွင် ကလေး၏မိခင်ဆီမှ ရရှိသော ကိုယ်ခံအားသည် ပျောက်ကွယ်စ ပြုလာပြီး သူတို့ ခန္ဓါကိုယ်မှ ကိုယ်ပိုင် ကိုယ်ခံအား စနစ် စတင်ဖြစ်လာသည်။ ထိုအချိန်တွင် ကလေးသည် ဖျားနာခြင်း ဖြစ်နိုင်သည်။ ထို အချိန်မှစပြီး အသက် ၂နှစ်အထိတွင် ကလေးသည် ထုံးစံ အားဖြင့် ၈ကြိမ်မှ ၁၀ကြိမ်အထိ အအေးမိခြင်း ဖြစ်နိုင်သည်။

ဤ အကြိမ်အရေအတွက်သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ကျလာသည်။ သူတို့၏ ကိုယ်ခံအား သည်လည်း စတင်ပြည့်စုံလာသည်။ (ဗိုင်းရပ်စ် တစ်ခါကူးစက် ခံရပြီးပါက နောက်တစ်ခါတွင် ထိုဗိုင်းရပ်စ် အမျိုးအစားကို ခံနိုင်ရည် ရှိလာသည်)။ ဆယ်ကျော်သက်များ၊ အရွယ်ရောက် ပြီးသူများတွင် ပုံမှန် ဖျားနာခြင်း အကြိမ်အရေအတွက် သည် များသောအားဖြင့် တစ်နှစ်လျှင် ၄ကြိမ် ဝန်းကျင်ဖြစ်သည်။

ကျွန်တော့်ကလေးသည် ရွယ်တူများထက် ပို၍ ဖျားနာခြင်း ဖြစ်ပါက ကိုယ်ခံအားစနစ်တွင် တစ်ခုခု မှားနေခြင်း ရှိပါ သလား။

ကလေးတစ်ယောက် မကြာခဏ ဖျားနာခြင်းသည် အခြား သူများထက် ဗိုင်းရပ်စ်များကို ပို၍များစွာ ထိတွေ့သည်ဟု သာ ဆိုလိုပါသည်။ သူတို့တွင် ကိုယ်ခံအားစနစ် အားနည်း သည်ဟု သေချာပေါက် ဆိုလိုခြင်း မဟုတ်ပါ။ ကိုယ်ခံအား နည်းခြင်း ကို များသောအားဖြင့် ဖျားနာ ခြင်း ပြင်းထန်မှု တို့ဖြင့် ညွှန်ပြသည်။ သေစေနိုင် လောက်သော ကူးစက်မှုများ (သွေးစီးကြောင်းထဲ ပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ခြင်း၊ ဘတ်တီးရီးယားကြောင့် အဆုပ်ရောင်ခြင်း၊ အရေပြား အနာများ အစရှိသည်)၊ ကိုယ်အလေးချိန် တက်ခြင်း ၊ ကြီးထွားမှု နှေးခြင်း စသည်တို့ ပါဝင်သည်။

ဖျားနာသော ကလေးငယ်၏ လက္ခဏာများ

  • ကိုယ်အပူချိန် မမှန်ခြင်း

မိသားစုတိုင်းတွင် ကလေး၏ အပူချိန်ကို တိကျစွာ တိုင်းတာနိုင်ရန် အပူချိန်တိုင်းကိရိယာတစ်ခု ထားရှိရန် အကြံပြုပါသည်။ ကလေး၏ ကိုယ်အပူချိန်ကို ထိတွေ့ခြင်း ဖြင့် ခန့်မှန်းခြင်းသည် ယုံကြည်စိတ်ချရမှု အပြည့်မရှိပါ။ Dr. Mansberg က ကလေးတစ်ယောက်သည် ပူလောင်နေသည် ဟု ခံစားရသော်လည်း ကိုယ်အပူချိန်သည် ၃၇ ဒီဂရီ စင်တီ ဂရိတ်သာ ရှိနိုင်သည်ဟု ဆိုသည်။

ကိုယ်အပူချိန် ၃၇.၅ ဒီဂရီ စင်တီဂရိတ်ထက် များခြင်းကို အဖျားရှိသည်ဟု သတ်မှတ် သည်။ သို့သော်လည်း ကလေးသည် အသက် ၃လအထက်ရှိ ပြီး ဖျားနာသည် လက္ခဏာ ( ငိုခြင်း၊ အငြိမ်မနေခြင်း) မပြပါ က မိဘများသည် နောက်တစ်နေ့တွင် ပြန်ကောင်းနိုင်မလား ဟု စောင့်ကြည့်နိုင်သည်။

  • အဖုအပိမ့်များထွက်ခြင်း

အဖုအပိမ့်များထွက်ခြင်းသည် ဂျိုက်သိုး၊ ဝက်သက်နှင့် roseola စသော ဗိုင်းရပ်စ်ကူးစက်မှုများတွင် အတွေ့ရ အများ ဆုံး လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းသည် meningococcal နှင့် ဦးနှောက်အမြှေးရောင် ရောဂါ စသော သေစေနိုင်သော ရောဂါများတွင်လည်း တွေ့ရနိုင်သည်။ အဖျားတက်ပြီး အဖုအပိမ့်များထွက်ခြင်းသည် ပြင်းထန်သော အခြေအနေတစ်ခု ဖြစ်ပြီး တတ်နိုင်သလောက် မြန်မြန် ဆေးကုသမှု ခံယူသင့်သည်။

  • ပုံမှန်မဟုတ်သော အူလှုပ်ရှားမှုများ

Lactose မတည့်ခြင်းသည် ဆက်တိုက် ဝမ်းလျှောခြင်း ကို ဖြစ်စေနိုင်သည်။ ၎င်းသည် ကလေးငယ်များတွင် ရေဓါတ် ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်သောကြောင့် အန္တရာယ်ရှိ သည်။ ရေဓါတ်ခန်းခြောက်ခြင်း၏ လက္ခဏာများမှာ ပါးစပ် ခြောက်ခြင်း၊ ငိုစဉ် မျက်ရည် မထွက်ခြင်း၊ ဆီးနံ့ပြင်းခြင်းနှင့် မောပန်းခြင်းတို့ဖြစ်သည်။ သင့်ကလေးသည် ရောဂါပိုး ကူးစက်မှုအပြီး တစ်လလောက် ဝမ်းလျှောနေပါက lactose ပါဝင်သော ထုတ်ကုန်များကို ကျွေးခြင်း ခေတ္တရပ်သင့်သည်။

  • အသက်ရှူခက်ခြင်း

ချောင်းဆိုးခြင်း၊ အသံမြည်အောင် အသက်ရှူခြင်းသည် အသက်ရှူလမ်းကြောင်း ရောင်ခြင်းကို ညွှန်ပြသည်။ ၎င်းသည် သင့်ကလေး၏ ပုံမှန်အတိုင်း သက်တောင့်သက် သာ အသက်ရှူခြင်းကို တားဆီးသည်။ အဓိက ဖြစ်စေသော အကြောင်းရင်းမှာ သူတို့၏ လေပြွန်အတွင်းတွင် နှာခေါင်းမှ စွမ့်ထွက်ရည်များ အလွန်များစွာ ရောက်လာသောကြောင့် ဖြစ်သည်။ မိဘများသည် ကလေး၏ ချွဲသလိပ် အရောင်ကို ကြည့်ရှု စစ်ဆေးသင့်သည်။ အစိမ်းရောင် ဖြစ်ပါက သင့် ကလေးကို တတ်နိုင်သလောက် မြန်မြန် ဆရာဝန်နှင့် သွားရောက်ပြသပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Should I Be Worried If My Child Gets Sick Too Frequently? https://healthcare.utah.edu/the-scope/shows.php?shows=0_5nzgsffm Accessed April 11, 2017

Could my baby be sick? How to read your baby’s sick signs http://www.kidspot.com.au/health/family-health/pain-relief/could-my-baby-be-sick-how-to-read-your-babys-sick-signs Accessed April 11, 201

ယခုပုံစံ

10/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement