backup og meta

မျှဝေပါ။

ကလေးများတွင် Penumococcus ရောဂါပိုးကူးစက်ခြင်း

Pneumococcal ရောဂါပိုးကူးစက်ခြင်းသည် နှစ်စဉ် ကလေးငယ်ပေါင်း ၅၀၀၀၀၀ ကို သေဆုံးစေပါသည်။ သို့သော် လည်း စစ်တမ်းတစ်ခုအရ မလေးရှားမိခင်များ၏ ၉၆ ရာခိုင်နှုန်းသည် pneumococcus အကြောင်း တစ်လုံးမှ မသိ ပါ။ ၉၇ ရာခိုင်နှုန်းသည် ၎င်းအတွက် ကာကွယ်ဆေးရှိမှန်း မသိပါ။

ကလေးများတွင် Penumococcus ရောဂါပိုးကူးစက်ခြင်း

Pneumococcus ဆိုတာဘာလဲ။

Streptococcus pneumoniae သို့မဟုတ် pneumococcus ဆိုသည်မှာ ၁၉ရာစု အနှောင်းပိုင်းတွင် အဆုပ်ရောင်ရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းဟု သိထားသော ဘတ်တီးရီးယား ရောဂါပိုး တစ်မျိုး ဖြစ်သည်။

ဘယ်သူတွေ အများဆုံး ကူးစက်ခံရနိုင်လဲ။

မွေးခါစမှ ၂၄လအတွင်း ကလေးငယ်များ၏ ခန္ဓါကိုယ် သည် သွေးထဲတွင် pneumococcal antibodies အလွန် နည်းပါသည်။ ထို့ကြောင့် ရောဂါဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။ ကိုယ်ခံအားနည်းသော ကလေးငယ်များ ( မွေးရာပါ သို့မဟုတ် အပြင်ပိုင်းအချက်များကြောင့်) နှင့် နာတာရှည် ရောဂါရှိသော ကလေးများသည် pneumococcal ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်သောသူများ ဖြစ်သည်။

ရောဂါလက္ခဏာများ

ဦးနှောက်အမြှေးပါးရောင်ခြင်း

၎င်းသည် အဖျားတက်ခြင်း၊ အလွန်ခေါင်းကိုက်ခြင်း၊ မအီ မသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အလင်း ကြောက်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ထိုင်းမှိုင်းတွေဝေခြင်း၊ ငယ် ထိပ် ဖောင်းကားခြင်းတို့ကို ဖြစ်စေနိုင်သည်။ သတိလစ်ခြင်း၊ တက်ခြင်းတို့လည်း ဖြစ်နိုင်သည်။

သွေးထဲ ဘတ်တီးရီးယားပိုးဝင်ခြင်း

သွေးထဲ ဘတ်တီးရီးယား ပိုးဝင်သောကလေးသည် အဖျားအလွန်တက်ပြီး အမြဲဒေါသ ထွက်နေသည်။ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း လည်း ဖြစ်နိုင်သည်။

အဆုပ်ရောင်ခြင်း

အဆုပ်ရောင်ခြင်းသည် ကလေးငယ်များကို အသက်ရှူရ ခက်ခဲစေသည်။ ရင်ဘတ်အောင့်ခြင်း၊ ချမ်းတုန်ခြင်း၊ အဖျား တက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့သည် ထုံးစံ လက္ခဏာများ ဖြစ်သည်။

နားရောင်ခြင်း

နားရောင်ခြင်းခံစားရပါက ယာယီ အကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ အဖျားတက်ခြင်းတို့ ဖြစ်နိုင်သည်။

နှာပိတ်ခြင်း

၁၀-၁၄ရက် အအေးမိခြင်း၊ နှာရည်ယိုခြင်း စသော လက္ခဏာများ ရှိသည်။ လည်ချောင်းနာခြင်း၊ အသက်ရှူ ခက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်းတို့ကို ဖြစ်စေ နိုင်သည်။

Pneumococcal ရောဂါပိုးကူးစက်မှု၏ အစသည် တစ်ခါ တစ်ရံ မပြင်းထန်ဘဲ သိရှိရန်ခက်ခဲသည်ကို သတိပြုပါ။

ကာကွယ်ခြင်း

  • ကြိုတင်ကာကွယ်ခြင်း

သင့်အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။ သင့် ကလေးသွားသော ကလေးစောင့်ရှောက်မှု စင်တာကိုလည်း သန့်ရှင်းရေး စည်းကမ်းများ လိုက်နာမှုရှိရန် လုပ်ပါ။ ကား အိပ် ဇောပိုက် သို့မဟုတ် ဆေးလိပ်ငွေ့စသော လေထုညစ်ညမ်းမှု များကို ရှောင်ပါ။ ထို့အပြင် ခန္ဓါကိုယ်မှ အာဟာရ ရယူမှု ကောင်းစေရန် သင့်ကလေးအား အနည်းဆုံး အသက် ၆လအထိ မိခင်နို့တိုက်ပါ။ သင့်ကလေးသည် နေမကောင်း သော လက္ခဏာများပြပါက နေ့ပိုင်းစောင့်ရှောက်မှုစင်တာသို့ မသွားခိုင်းပါနှင့်။

  • ကာကွယ်ဆေးထိုးခြင်း

ယနေ့ခေတ်တွင် ကာကွယ်ဆေး ၂မျိုး ရနိုင်ပါသည်။

Pneumococcal polysaccharide ကာကွယ်ဆေး။ ဤ ကာကွယ်ဆေးကို အသက်၂နှစ်အောက် ကလေးများတွင် အသုံးမပြုနိုင်ပါ။ ကိုယ်ခံအား တုံ့ပြန်မှု လုံလောက်စွာ မလှုံ့ဆော်နိုင်သောကြောင့် ဖြစ်သည်။

Pneumococcal conjugate ကာကွယ်ဆေး။ ၎င်းသည် ၆လ အရွယ်ကလေးများတွင် အသုံးပြုနိုင်သော ကာကွယ်ဆေး အသစ်တစ်မျိုးဖြစ်သည်။ ကိုယ်ခံအားမှတ်ညဏ်နှင့် အစုလိုက် ကိုယ်ခံအားကို ဖြစ်စေသည်။ pneumococcal ရောဂါများကို ဤကာကွယ်ဆေး အမျိုးအစားဖြင့် ကာကွယ်နိုင်သည်

ကာကွယ်ဆေးထိုးခြင်း၏ အရေးပါမှု။ ကာကွယ်ဆေးသည် ကလေးများတွင် ထပ်ခါထပ်ခါ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်ပေးသည်။ ဘတ်တီးရီးယားကို လူထုအတွင်း ကူးစက်ပျံ့နှံ့ခြင်းကို ရပ်တန့်စေသည်။ ထို့အပြင် ကာကွယ် ဆေးထိုးခြင်းသည် ပဋိဇီဝဆေးသုံးရန် လိုအပ်မှုကို လျော့ချ ပေးနိုင်သည်။

ထို့ကြောင့် ဘတ်တီးရီးယားများ ဆေးကိုခုခံခြင်း ကို လျော့ချပေးသည်။ ရောဂါပိုးကူးစက်ခံရပြီးသူများသည် လည်း ကိုယ်ခံအား ရနိုင်ပြီး နောက်တစ်ဖန် မကူးစက်နိုင်ပါ။ ထို့ကြောင့် သင့်ကလေးအား တတ်နိုင်သလောက် မြန်မြန် ကာကွယ်ဆေးထိုးနိုင်ရန် ဆရာဝန်ဆီ သွားရောက်ပြသပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Paediatric Pneumococcal Infections. http://mypositiveparenting.org/2016/12/08/paediatric-pneumococcal-infections/ Accessed March 27, 2017
Pediatric Pneumococcal Infections. http://emedicine.medscape.com/article/967694-overview/ Accessed March 27, 2017

ယခုပုံစံ

10/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement