ပြင်းထန်တဲ့အစာအိမ်၊ အူအနာတွေအတွက်တော့ ခွဲစိတ်မှုလိုကောင်းလိုနိုင်ပါတယ်။ မဆုံးဖြတ်ခင်မှာ ခွဲစိတ်မှုရဲ့နောက်ဆက်တွဲကိစ္စတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။ တကယ်လို့ အောက်ပါနောက်ဆက်တွဲပြဿနာတွေဖြစ်လာရင် ခွဲစိတ်ဖို့လိုပါလိမ့်မယ်-
သွေးယိုခြင်း – သွေးအန်ခြင်း (သို့မဟုတ်) သွေးဝမ်းများသွားခြင်းကြောင့် သွေးများဆုံးရှုံးပြီး အားနည်းခြင်း၊ မူးဝေခြင်း၊ ရေငတ်ခြင်း၊ ချွေးထွက်များခြင်းတို့ဖြစ်လာနိုင်ပါတယ်။
အနာပေါက်သွားခြင်း – အစာအိမ်၊ အူ နံရံကို ပေါက်သွားပြီး အစာအိမ်အရည်၊ အက်ဆစ် စတာတွေကို ဘေးဝန်းကျင်ဆီထွက်သွားစေတယ်။ ထိုအခါ ဆိုးရွားစွာနာကျင်ပြီး ရှော့တောင်ရရှိနိုင်ပါတယ။် ထိုအခြေအနေမှာဆိုရင်တော့ ချက်ချင်းခွဲစိတ်ဖို့လိုပါလိမ့်မယ်။
အူလမ်းကြောင်းပိတ်ခြင်း – အမာရွတ်ဖြစ်ခြင်း၊ အူနံရံကြွက်သားများကျုံ့ခြင်း၊ (သို့မဟုတ်) အနာကြောင့် ရောင်ရမ်းလာပါက ဖြစ်လာနိုင်ပါတယ်။ လမ်းကြောင်းပိတ်တဲ့အခါ မကြာခဏအန်ခြင်း၊ အထူးသဖြင့် အစားစားပြီး ၆ နာရီခန့်၊ နေ့တစ်နေ့ရဲ့အဆုံးသတ်တွေမှာအဖြစ်များပါတယ်။ လေပွ၊ လေများဖြင့်ပြည့်နေပြီး အစားစာချင်စိတ်မရှိခြင်းမျိုးဖြစ်ပါက အူလမ်းကြောင်းပိတ်ခြင်းကိုပြနေပါတယ်။ အချိန်ကြာအန်ခြင်းဟာ အလေးချိန်ကျခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းနှင့် အယ်ကာလီဓာတ်များခြင်းတို့ဖြစ်လာစေတယ်။
လိုက်နာသင့်သောအချက်များ
အစာအိမ်၊ အူအနာရဲ့လက္ခဏာတွေကိုလေ့လာပြီး ကလေးငယ်မှာ စောစီးစွာသတိပြုမိသင့်ပါတယ်။ လက္ခဏာတွေတွေ့တာနှင့် ဆရာဝန်ဆီချက်ချင်းခေါ်သွားသင့်တယ်။ ရောဂါမြန်မြန်ရှာတွေ့လေလေ၊ သာမန်ဆေးလောက်နဲ့တင် ကုသပျောက်ကင်းနိုင်ချေများလေလေဖြစ်တယ်။
ကလေးရဲ့အစာအိမ်ထဲမှာအစာမရှိလေလေ၊ ပိုနာလေလေဖြစ်တာကြောင့် ပုံမှန်စားနေအောင်လည်း သတိထားကြည့်သင့်တယ်။ လူကြီးတွေမှာဖြစ်တဲ့ အစာအိမ် အူအနာလိုပဲ အစားစားတဲ့အခါ နည်းနည်းနဲ့ခဏခဏစားပေးသင့်ပါတယ်။ တစ်ရက်မှာ သုံးကြိမ်အစား ငါးကြိမ်၊ ခြောက်ကြိမ်လောက်စားခိုင်းသင့်တယ်။ အစားစားပြီးချိန်မှာ အနားယူစေသင့်ပါတယ်။
ကလေးတွေဟာ လုံလောက်မျှတတဲ့အစာလိုတာကြောင့် တချို့အနာကိုပိုဆိုးစေနိုင်တဲ့အစားအစာတွေအပြင် ဆရာဝန်တွေကသိပ်ပြီး စားသောက်မှုကိုကန့်သတ်မထားတတ်ပါဘူး။ ကလေးကဘယ်လိုစားစရာ၊ သောက်စရာနဲ့မတည့်တတ်သလဲတော့ ဂရုစိုက်စောင့်ကြည့်သင့်ပါတယ်။
ဒါပေမယ့် အက်ဆစ်ပိုထွက်စေပြီး အနာပိုဆိုးစေတဲ့အစာတွေရှိပြီး တချို့စားစရာတွေက အနာမဖြစ်စေပေမယ့် အနာကိုပိုဆိုးစေပါတယ်။ ဥပမာ ကဖိန်းဓါတ်ပါတဲ့ ကော်ဖီ၊ကဖင်းပါတဲ့ သောက်စရာများ၊ အယ်လ်ကိုဟောပါဝင်နေသောသောက်စရာများနဲ့ ဆေးလိပ်သောက်ခြင်းတို့ဖြစ်တယ်။ ကလေးတွေကဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့ရှူခြင်းကြောင့်လည်း ထိခိုက်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အယ်လ်ကိုဟောအတွက် ပူစရာမလိုပေမယ့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာတော့ အယ်လ်ကိုဟောနဲ့ ဆေးလိပ်သောက်ခြင်းကို သတိပြုထားသင့်တယ်။
အစာအိမ်၊ အူမှာအနာပေါက်ခြင်းဟာ ကလေးတွေကို အစာစားခြင်းကိုဟန့်တားနိုင်ပါတယ်။ ဒါပေမယ့် အနာပေါက်ခြင်းဟာ ဘတ်တီးရီးယားမပေါက်ပွားအောင် သေချာသန့်ရှင်းခြင်းနဲ့ အကိုက်အခဲပျောက်ဆေးလိုမျိုးအရာတွေကို ရှောင်ရှားလိုက်ရင် ကာကွယ်နိုင်မှာပါ။ ထိုအနာပေါက်ခြင်းတွေဟာ ကုသပျောက်ကင်းနိုင်ပါတယ်။ တကယ်လို့ ကလေးငယ်မှာ လက္ခဏာတွေသတိပြုမိရင် ဆရာဝန်ဆီချက်ချင်းခေါ်သွားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။