backup og meta

အသက် ဆယ့်တစ်နှစ်အောက် ကလေးများတွင် ဗိုက်အောင့်ဗိုက်နာခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ဆယ့်တစ်နှစ်အောက် ကလေးများတွင် ဗိုက်အောင့်ဗိုက်နာခြင်း

    ကလေးငယ်များတွင် ဗိုက်အောင့်ဗိုက်နာခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသောပြဿနာများထဲမှ တစ်ခုဖြစ်သည်။ ဗိုက်နာသောကလေးသုံးယောက်တွင် တစ်ယောက်လောက်သာလျှင် ဆရာဝန်နှင့်သွားရောက်ပြသလေ့ရှိပြီး အလွန်ပြင်းထန်ဆိုးဝါးသောရောဂါခံစားရသော ကလေးငယ်မှာ အရေအတွက်အနည်းငယ်သာရှိသည်။

    ကလေးတွေဘာကြောင့်ဗိုက်အောင့်ရသလဲ။

    များသောအားဖြင့် ကလေးငယ်များတွင် ဗိုက်နာရသည့် အကြောင်းရင်းမှာ အစားအစာနှင့် အူအလေ့အကျင့်တို့ကြောင့်ဖြစ်သည်။ အများစုသည် ပြင်းထန်သော ဝေဒနာခံစားရလေ့မရှိပါ။ သို့ဖြစ်၍ အိမ်မှာပင်ကုသနိုင်ပါသည်။

    သို့သော်လည်းမိဘများသည် ကလေးငယ်များ ဗိုက်နာရသည့်အကြောင်းရင်းကို ရှာမတွေ့သောအခါ အလွန်စိုးရိမ်စိတ်ပူလေ့ရှိကြပါသည်။ ဤအရာကိုဖြေရှင်းဖို့ နည်းလမ်းကတော့ ကလေးကိုစောင့်ကြည့်ပေးဖို့ပင်ဖြစ်ပါသည်။ ဗိုက်စနာသည့်အချိန်မှ သုံးနာရီအတွင်းတွင် ဗိုက်နာခြင်းမှလွဲ၍ အခြားလက္ခဏာများရှိမရှိစောင့်ကြည့်ရပါမည်။ ဗိုက်အောင့်ခြင်းသည်လည်း အလွန်ဆိုးရွားသော ဗိုက်အောင့်ခြင်းမဖြစ်ရပါ။

    ကလေးငယ်များ ဗိုက်နာရခြင်း အခြားအကြောင်းရင်း တစ်ခုကတော့ အစာအိမ်နှင့်အနီးတစ်ဝိုက်တွင် နာမကျန်းခြင်းဖြစ်နိုင်ပါသည်။ အဖြစ်အများဆုံးသည် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်သည်။ ပိုဆိုးရွားသော အကြောင်းအရင်းများတွင် အစာအဆိပ်သင့်ခြင်း၊ အူအတက်ရောင်ခြင်းနှင့် အူလမ်းကြောင်းပြဿနာများ ပါဝင်ပါသည်။

    အပျိုဖော်ဝင်စမိန်းကလေးများတွင် လစဉ်ဗိုက်အောင့်ခြင်းဖြစ်ပွားနိုင်သကဲ့သို့ အခြားအရာများကဲ့သို့ ပို၍ဆိုးရွားသော နာကျင်မှုများလည်း ပေါ်ပေါက်နိင်ပါသည်။ ဗိုက်အောင့်ဗိုက်နာခြင်းအမျိုးအစားနှစ်မျိုးရှိသည်။ ဗိုက်တစ်ပြင်လုံးအောင့်ခြင်းနှင့် တစ်နေရာတည်းကွက်အောင့်ခြင်းဖြစ်သည်။

    ဗိုက်တစ်ပြင်လုံးအောင့်ခြင်း ဆိုသည်မှာ ဝမ်းဗိုက်ဧရိယာ တစ်ဝက်လောက် အောင့်ခြင်းဖြစ်ပြီး တစ်နေရာတည်းကွက်အောင့်ခြင်းဆိုသည်မှာ ဗိုက်၏အချို့နေရာများတွင်သာ ကွက်အောင့်ခြင်းဖြစ်သည်။ များသောအားဖြင့် တစ်နေရာတည်းကွက်အောင့်ခြင်း သည် ပိုမိုဆိုးရွားပြီး ပို၍စိုးရိမ်ရသည်။

    ပြင်းထန်သောဗိုက်အောင့်ဗိုက်နာခြင်း၏လက္ခဏာများ

    ဗိုက်၏တစ်နေရာတည်းကွက်အောင့်နေပါက မိဘများအနေဖြင့် ဘယ်နေရာအောင့်နေသည်ကို သေချာသိနိုင်ရန် ကလေး၏စကားကိုသေချာနားထောင်သင့်ပါသည်။ ကလေးငယ်များကို အောက်ပါအခြေအနေများကိုမေးမြန်းပါ။

    • ဗိုက်အောင့်သည်ကြာချိန်- ပုံမှန်ဗိုက်အောင့်ခြင်းမျိုးသည် နှစ်ဆယ့်လေးနာရီ အောက် ကြာလေ့ရှိပြီး လေထိုးလေအောင့်ခြင်းနှင့် တွဲလေ့ရှိသည်။ နှစ်ဆယ့်လေးနာရီထက် ပိုကြာပါက ဆေးပညာအကြံဉာဏ် ရယူသင့်သည်။
    • ဗိုက်အောင့်သည့်နေရာ- ပုံမှန်ဗိုက်အောင့်ခြင်းဆိုလျှင် ဗိုက်၏အလယ်တည့်တည့်တွင်သာ အောင့်လေ့ရှိသည်။ ဗိုက်၏အခြားသောနေရာများတွင် အောင့်လျှင်အူအတက်ရောင်ခြင်းဖြစ်ပွားနိုင်သောကြောင့် ပို၍စိုးရိမ်ရသည်။
    • ကလေးငယ်၏ပုံပန်းသွင်ပြင်- ရိုးရှင်းသည့်နည်းလမ်းတစ်ခုကတော့ မိဘများအနေဖြင့် ကလေး၏ ပုံပန်းသဏ္ဍာန်နှင့် ကလေး၏တုံ့ပြန်မှုကို စောင့်ကြည့်နေသင့်ပါသည်။ ပထမဦးစွာ ဆေးတိုက်ထားပါ။
    • သို့သော်လည်း ဆေးသောက်ထားသည့်တိုင်အောင် ကလေးက အချိန်ကြာမြင့်စွာ အစားမစားနိုင် အရည်မသောက်နိုင်ဖြစ်နေပါက နာကျင်မှုပို၍ဆိုးရွားနေသောကြောင့်ဖြစ်နိုင်သည်။

    ဖြစ်ပွားလေ့ရှိသောလက္ခဏာအချို့မှာ ဗိုက်အောင့်ဗိုက်နာခြင်းနှင့်အတူ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် ဖျားခြင်းမှာ တွဲ၍ဖြစ်ပေါ်လေ့ရှိသည်။ ဤကဲ့သို့ကိစ္စရပ်မျိုးတွင် ဆရာဝန်၏အကြံဉာဏ် ရယူဖို့လိုအပ်သည်။ သို့မှသာ ဆရာဝန်က ဗိုက်အောင့်စေသော အကြောင်းရင်းမှန်ကို ရှာဖွေကုသပေးနိုင်မည်ဖြစ်သည်။

    ကလေးငယ်များတွင် အောက်ပါလက္ခဏာရပ်များဖြစ်ပွားပါက သွေးစစ်ခြင်း ၊ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း နှင့် ဝမ်းစစ်ခြင်းကဲ့သို့သော စစ်ဆေးမှုမျိုး ပြုလုပ်ရန် လိုအပ်ပါသည်။

    • အဖျားပိုကြီးလာခြင်း
    • ဝမ်းသွားခြင်း(သို့) အန်ခြင်းပိုဆိုးလာခြင်း
    • ဆီးသွားလျှင် နာကျင်ခြင်း
    • ဆီးထဲတွင် သွေးပါခြင်း

    ကလေးငယ်များတွင် ဗိုက်အောင့်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ခုဖြစ်သော်လည်း မိဘများအနေဖြင့် လျစ်လျူမရှုသင့်ပါ။ သင့်လျော်သောဆေးကုသမှုမခံယူလျှင် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သောကြောင့် မိဘများအနေဖြင့် ကလေးငယ်များဗိုက်အောင့်နေလျှင် ဂရုတစိုက် စောင့်ကြည့်နေပြီး လိုအပ်ပါက ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement