backup og meta

ကလေးများတွင်အစာအဆိပ်သင့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင်အစာအဆိပ်သင့်ခြင်း

    သင့်ကလေးသည် သင်မရှိသောအချိန် သင်မမြင်ကွယ်ရာအချိန်သူလက်ထဲတွင်ရှိသောမည်သည့်အစာကိုမဆိုစားနိုင်သည်။ အကယ်၍သင်ကိုယ်တိုင်ဟင်းချက်သူဖြစ်နေလျှင်တောင်မှ သင့်ကလေးတွင် အစာအဆိပ်သင့်မှုဖြစ်ပွားနိုင်သေးသည်။ သင့်ကလေး အစာအဆိပ်သင့်လျှင် အလွန်အမင်းကြောက်လန့်သွားခြင်းသည် မှန်ကန်သောပြုလုပ်ရမည့်အရာတစ်ခုမဟုတ်ပါ။ အလွန်အမင်းကြောက်လန့်နေမည့်အစား အစာအဆိပ်သင့်ခြင်းနှင့် ပက်သက်ပြီးလုံလောက်သော ဗဟုသုတထားရှိပြီး အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်လေ့လာထားပါ။

    အစာအဆိပ်သင့်ခြင်းဆိုသည်မှာ အဘယ်နည်း။

    ဘယ်အချိန်တွင်ဖြစ်ပွားတတ်သလဲ။

    အစာအဆိပ်သင့်ခြင်းသည် မကောင်းတော့သော အစာများတွင် ပိုးမွှားများပေါက်ပွားရာမှ ဖြစ်ပွားသည်။ အချို့ကိစ္စရပ်များတွင် မကျက်တကျက်အစာများ၊ မီးပုံမှန်မရသော ရေခဲသေတ္တာထဲတွင် ထည့်ထားသော အစာများ၊ သေချာစွာ မသန့်စင်ထားသော အစာများထဲတွင် ပိုးမွှားများပေါက်ပွားခြင်းဖြစ်သည်။

    အစာအဆိပ်သင့်ခြင်းဖြစ်စေသောပိုးမွှားများသည်ဘယ်အရာတွေလဲ။

    အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်သော ပိုးမွှားများတွင် ကမ်ပိုင်လိုဘက်ဒါ၊ စတက်ဖိုင်လိုကော့တက်စ်၊ ဆာမိုနဲလားနှင့် အက်စ်ချီးရီးချီးယားကိုလိုင်းတို့ ပါဝင်သည်။ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ၊ အဆိပ်များသည်လည်းပဲ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ အစာအဆိပ်သင့်ခြင်းဆိုသည်မှာ အစာအိမ်နှင့် အူရောင်ရမ်းပြီး အထက်လန်အောက်လျှောဖြစ်ခြင်း ဖြစ်သည်။

    ဘယ်သူတွေ အစာအဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်သလဲ။

    ကလေးများ၊ အသက်အနည်းငယ်ပိုကြီးသော ကလေးများနှင့် အရွယ်ရောက်ပြီးသူများ အပါအဝင်မည်သူမဆိုဖြစ်နိုင်သည်။

    အစာအဆိပ်သင့်ခြင်း၏ လက္ခဏာရပ်များ

    များသောအားဖြင့် အစာအဆိပ်သင့်ခြင်း လက္ခဏာရပ်များသည် အဆိပ်ရှိသောအစာစားပြီး သိပ်မကြာခင်မှာ လက္ခဏာပြလေ့ရှိသည်။ လက္ခဏာရပ်များမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ လေပွခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်းတို့်ဖြစ်သည်။ အစာအဆိပ်သင့်သူများတွင် ရေဓာတ်ခမ်းခြောက်သောလက္ခဏာများလည်းပြနိုင်သည်။ လက္ခဏာများသက်သာဖို့အတွက်နှစ်ဆယ့်လေးနာရီမှလေးဆယ့်ရှစ်နာရီခန့်အချိန်ကြာတတ်သည်။ အိမ်တွင်ပြုလုပ်နိုင်သော ကုသမှုများ –

    အစာအဆိပ်သင့်သူအများစုသည် အရမ်းမပြင်းထန်တတ်ကြပါဘူး။ သို့ဖြစ်၍ သင့်ကလေးကို အိမ်တွင် ကုသနိုင်ပါသည်။ အောက်တွင်ဖော်ပြထားပါသည်။

    • အဖျားအနည်းငယ်ရှိလျှင် ပါရာစီတမော တိုက်နိုင်ပါသည်။
    • သင့်ကလေးကို ရေလုံလုံလောက်လောက် တိုက်ပါ။
    • သင့်ကလေးကို ဘီပီအိုင်ဓာတ်ဆားကဲ့သို့ ဓာတ်ဆားတိုက်ပါ။ (ဝမ်းပျက်ဝမ်းလျှောခြင်း သို့မဟုတ် အန်ခြင်းကြောင့် ဆုံးရှုံးသွားသော အာဟာရများပြန်လည်ဖြည့်တင်းပေးရန်ဖြစ်သည်။
    • သင့်ကလေးကို အစာအဆိပ်သင့်ပြီး နှစ်ရက်သုံးရက်ကြာသည်အထိ နို့နှင့်နို့ထွက်ပစ္စည်းများမကျွေးပါနှင့်။(ဤအရာသည် အန်ခြင်းနှင့်ဝမ်းပျက်ဝမ်းလျှောခြင်းကို ပိုဆိုးစေသောကြောင့်ဖြစ်သည်။)
    • သင့်ကလေးသည် အစာမစားချင်ဘူးဆိုလျှင်တောင်မှ နှစ်ဆယ့်လေးနာရီထက်ကျော်ပြီး အစာစားချင်းကို မရပ်ပါနှင့်။
    • သင့်ကလေး၏ လက္ခဏာများပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့်ချက်ချင်းပြပါ။

    ဘယ်အချိန်တွင် ဆရာဝန်နှင့် ပြသသင့်သနည်း။

    • သင့်ကလေးသည် ထုံကျင်ခြင်းကဲ့သို့သော အာရုံကြောဆိုင်ရာလက္ခဏာများပြသလျှင်
    • သင့်ကလေးသည် အဖျားသုံးဆယ့်ရှစ်ဒီဂရီကျော်လျှင်(ပါရာစီတမောလောက်နှင့်မရတော့ပါ။)
    • သင့်ကလေး၏ ဝမ်း သို့မဟုတ် အချွဲများထဲတွင် သွေးပါလျှင်
    • ကလေး၏ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အန်ခြင်းသည် ရက်ပေါင်းများစွာကြာနေလျှင်
    • သင့်ကလေးသည် ဗိုက်အရမ်းနာနေပြီး အန်နေလျှင် သို့မဟုတ် မိနစ်သုံးဆယ်အထိ မည်သည့်အရည်မျှ မသောက်နိုင်လျှင်
    • သင့်ကလေးသည် အရည်လည်းမသောက်ချင် ရေဓာတ်ခြောက်ခမ်းသည့် လက္ခဏာများ ပြနေလျှင်၊ အလားတူပင် ဆီးအနည်းငယ်သာသွားလျှင် သို့မဟုတ် အလွန်ရေဆာနေလျှင်

    ဆေးရုံတွင် ဆရာဝန်သည် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေသော ရောဂါပိုးကိုရှာဖွေနိုင်ရန် ဝမ်းကို ပိုးမွေးစစ်ဆေးနိုင်ပါသည်။ အစာအဆိပ်သင့်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ဘက်တီးရီးယားပိုးဖြစ်သောကြောင့် ပိုးသေစေသော ပိုးသတ်ဆေး(ပဋိဇီဝဆေးများပေးနိုင်ပါသည်)။ သို့သော်လည်း အစားအစာကြောင့်ဖြစ်သော ရောဂါအများစုသည် အလိုအလျောက်ပြန်လည်ကောင်းနိုင်သောကြောင့် ပိုးသတ်ဆေး (ပဋိဇီဝဆေး ပေးချင်မှပေးလိမ့်မည်။) ထိုအစား ရက်အနည်းငယ်ကြာပြီးနောက် သင့်ခန္ဓာကိုယ်ပြန်ကောင်းလာတာကိုလည်းစောင့်ခိုင်းကောင်းစောင့်ခိုင်းလိမ့်မည်။ ဆရာဝန်အနေနှင့် အန်ခြင်းကိုသက်သာစေရန်အအန်ပျောက်ဆေးများပေးနိုင်ပါသည်။

    အစာအဆိပ်သင့်ခြင်းကိုကာကွယ်ခြင်း

    • အစားအသောက် မပြင်ဆင်ခင်တွင် လက်ကိုသေချာစွာဆေးကြောပါ။
    • သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကိုသေချာစွာဆေးကြောပါ။
    • အသားနှင့် ဥများချက်ပြုတ်မည်ဆိုလျှင် မချက်ခင်မပုပ်မသိုးကြောင်းသေချာအောင်လုပ်ပါ။ ကောင်းမွန်စွာကျက်အောင်ချက်ပါ။
    • အစားအစာများကို သေသေချာချာပြန်နွှေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement