backup og meta

သင့်ကလေးအစာချေစနစ်အတွက် ဆရာဝန်ပြသရန်လိုအပ်သော လက္ခဏာ(၅)ရပ်

သင့်ကလေးအစာချေစနစ်အတွက် ဆရာဝန်ပြသရန်လိုအပ်သော လက္ခဏာ(၅)ရပ်

အကယ်၍သင့်ကလေးသည်အစားကိုကုန်အောင်မစားနိုင်ဘူးဆိုပါက အစာကြေးများသည်ဟု လျင်မြန်စွာမယူဆစေလိုပါ။ သင့်ကလေး၏ အစာချေစနစ်တွင် ပြဿနာတစ်စုံတစ်ရာ ရှိနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အောက်ပါလက္ခဏာများကို ကြည့်ခြင်းအားဖြင့် သင့်ကလေး အစာချေစနစ်အတွက် ဆရာဝန်ပြသရန်လိုအပ်နေပြီဖြစ်ကြောင်းညွှန်ပြပေးနေပါသည်။

အစာချေခြင်းဆိုင်ရာပြဿနာများ(ကလေးဆရာဝန်ကိုဘယ်တော့ပြမလဲ)

ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊အစာဓါတ်မတည့်ခြင်းအပါအဝင်ဖြစ်နိုင်ခြေများစွာရှိပါသည်။ အနည်းငယ်ဝမ်းပျက်ခြင်းကိုအိမ်တွင် ကုသနိုင်သော်လည်း အောက်ပါလက္ခဏာရပ်များဖြစ်ပေါ်လာပြီဆိုပါက ကလေးဆရာဝန်နှင့်ပြသဖို့လိုအပ်နေပါပြီ။

၁။ ဝမ်းပျက်ဝမ်းလျှောခြင်း

  • ဝမ်းကအရည်လိုဘဲဒလဟောသွားမည်
  • ဝမ်းထဲမှာသွေးပါမည်
  • အကယ်၍ကလေးကနှစ်ဆယ့်လေးနာရီအတွင်းမှာငါးကြိမ်ထက်ပိုပြီးဝမ်းသွားမည်
  • မတ်တပ်ပြေးအရွယ်ဖြစ်ပါကသုံးရက်ထက်ပိုပြီးဝမ်းသွားမည်

၂။ ဝမ်းချုပ်ခြင်း

  • ဝမ်းထဲမှာသွေးပါမည်
  • တစ်ပတ်ကိုသုံးကြိမ်အောက်သာဝမ်းသွားမည်
  • ဝမ်းပိတ်ခြင်းကအန်ခြင်း၊ဖျားခြင်း၊ကိုယ်အလေးချိန်ကျခြင်း(သို့မဟုတ်)ဗိုက်ဖောင်းလာခြင်းတစ်ခုခုနှင့်တွဲပြီးဖြစ်ပေါ်မည်

၃။ အန်ခြင်း

  • အန်ဖတ်ထဲမှာသွေးသို့မဟုတ်အစိမ်းရောင်၊အဝါရောင်ရှိသောသည်းခြေရည်ပါခြင်း
  • အန်ခြင်းကဝမ်းပျက်ဝမ်းလျှော၊ဖျားခြင်း၊သို့မဟုတ်အလွန်ဗိုက်အောင့်ခြင်းနှင့်တွဲ၍ဖြစ်ပေါ်လျှင်
  • အကယ်၍တစ်နှစ်အောက်ကလေးတွင်တစ်နေ့လျှင်တစ်ကြိမ်ထက်ပို၍အန်ခြင်း
  • မတ်တပ်ပြေးအရွယ်တွင်သုံးရက်ထက်ကျော်၍အန်ခြင်း

၄။ ဗိုက်အောင့်ခြင်း

  • ဗိုက်အောင့်ခြင်းကရုတ်တရက်အရမ်းအောင့်လာပြီးတောက်လျှောက်အောင့်နေမည်
  • ဗိုက်အောင့်ခြင်းကတစ်ဆယ့်လေးရက်ထက်ကျော်မည်
  • ဗိုက်အောင့်ခြင်းကဗိုက်၏တစ်နေရာတည်းပေါ်တွင်အမြဲတမ်းအောင့်မည်
  • မကြာခဏဗိုက်အောင့်လိုက်ပျောက်လိုက်ဖြစ်မည်

၅။ အစာရည်မျိုမလုံ၍အက်ဆစ်လျှံခြင်း

အစာရေမျိုမလုံ၍အက်ဆစ်လျှံခြင်းသည်ပုံမှန်အားဖြင့်ကလေးများသည်ချော့ကလက်၊ပူရှိန်း၊အဆီပါသောအစားအစာများစားသည့်အခါမှာသူ့အလိုအလျောက်ပျောက်သွားတတ်ပါသည်။ သို့သော်လည်းသင်၏ကလေးသည်အောက်ပါအက်ဆစ်အလွန်အမင်းလျှံတတ်မှုရောဂါလက္ခဏာခံစားနေရပါကဆရာဝန်နှင့်ဆက်သွယ်သင့်ပါသည်။ ထိုလက္ခဏာများမှာ

  • ကိုယ်အလေးချိန်နည်းနည်းပဲတက်ခြင်းသို့မဟုတ်ကိုယ်အလေးချိန်လုံးဝမတက်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • အစိမ်းသို့မဟုတ်အဝါရောင်အရည်များအစာစားပြီးတိုင်းအန်ခြင်း
  • ရင်ခေါင်းအောင့်ခြင်းသို့မဟုတ်ရင်ဘတ်အောင့်ခြင်း
  • အချိန်ကြာမြင့်စွာချောင်းဆိုးခြင်း
  • အစာမျိုချရာတွင်အခက်အခဲဖြစ်ခြင်း

ထိုသို့မဖြစ်ခင်မှာ ကလေး၏အစာချေစနစ်ကိုကောင်းမွန်စေရန် ပံ့ပိုးမှုပေးနိုင်မည့်အာဟာရများကို အစတည်းက တိုက်ကျွေးပေးဖို့လိုပါသည်။ ဥပမာ အူလမ်းကြောင်းမှာ Probiotics ဟုခေါ်သည့် အကျိုးပြုဘက်တီးရီးယားများရှိပါသည်။ Probiotics များ လုံလောက်တဲ့အရေအတွက်ရှိနေမှ အစာချေစနစ်ကောင်းမွန်ပြီး ကျန်းမာစေမှာဖြစ်ပါတယ်။ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာချေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး ထိုဘက်တီးရီးယားများအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးသော ကာဗိုဟိုက်ဒရိတ် သို့မဟုတ် အမျှင်ဓါတ်များကိုIcFOS (Prebiotics) ဟုခေါ်သည်။

IcFOS သည် prebiotic တစ်မျိုးဖြစ်သည့် ong chain fructo-oligosaccharides ၏ အတိုကောက်ဖြစ်သည်။။ မိခင်နို့ နှင့် နို့မှုန့်တချို့တွင် ပါရှိသော IcFOS က ကလေး၏အူမကြီးအတွင်းမှ အကျိုးပြုဘက်တီးရီးယားများ၏ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် ကလေးများကို ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်းဖြစ်ပါသည်။

ဖြစ်လေ့ဖြစ်ထသိပ်မရှိသော အစာချေပြဿနာများ

အန်ခြင်း၊ဗိုက်အောင့်ခြင်း၊ဝမ်းပိတ်ခြင်းနှင့်ဝမ်းပျက်ဝမ်းလျှောခြင်းများသည်အောက်ပါကျန်းမာရေးပြဿနာများ၏လက္ခဏာရပ်များဖြစ်နေနိုင်ပါသည်။

  • အစားအစာဓါတ်မတည့်ခြင်း “နွားနို့တွင်ပါဝင်သောလက်တို့စ်ကိုဓါတ်မတည့်ခြင်း”၊ “အစေ့အဆံများတွင်ပါဝင်သော(Gluten)ဂလူတန်ကိုဓါတ်မတည့်ခြင်း”၊ “အခွံမာငါးများတွင်ပါဝင်သော(Histamine)ဟစ်တမင်းကိုဓါတ်မတည့်ခြင်း”
  • အမြဲတစေအူရောင်နေသောခရုန်း(Crohn’s)ရောဂါ
  • စီးလီးယက်ရောဂါ
  • စီးလီးယက်ရောဂါဆိုသည်မှာမွေးရာပါရောဂါဖြစ်သည်။ ဂလူတန်(Gluten)စားပြီးနောက်အူအနားသတ်များထိခိုက်ပျက်စီးခြင်းရောဂါတစ်ခုဖြစ်သည်။ ဂလူတန်နှင့်ဓါတ်မတည့်သောအူပျက်စီးခြင်းရောဂါဟုလည်းသိကြသည်။
  • အူပိတ်ခြင်း
  • အူသိမ်သို့မဟုတ်အူမကြီးများတွင်ပိတ်ဆို့ခြင်း
  • အူလမ်းကြောင်းရောဂါစု
  • အစာအိမ်နှင့်အူလမ်းကြောင်းအခြေအနေတစ်ခုဖြစ်သည်။ ဗီတာမင်ဒီချို့တဲ့သူများတွင်ဖြစ်လေ့ဖြစ်ထရှိသည်။ အူလမ်းကြောင်းရောဂါစုဖြစ်သူဆယ်ယောက်အနက်ရှစ်ယောက်မှာဗီတာမင်ဒီချို့တဲ့သူများဖြစ်ကြသည်ဟုလေ့လာတွေ့ရှိရသည်။
  • မွေးရာပါအူသို့မဟုတ်အသည်းပုံမမှန်ခြင်းများ
  • မုန့်ချိုအိတ်ရောင်ခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း(မိန်းကလေးများသည်ယောကျာ်းလေးများထက်ဖြစ်ပွားနှုန်းပိုများသည်)
  • အူတွင်အနာဖြစ်၍ရောင်ရမ်းခြင်း
  • အသည်းရောင်ခြင်း

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Signs Your Child’s Digestive Health Needs Help http://www.webmd.com/children/features/digestive-doctor#1 Accessed February 9, 2017

Signs your child’s digestive health needs help http://www.webmd.boots.com/digestive-disorders/features/signs-childs-digestive-health-needs-help?page=2 Accessed February 9, 2017

ယခုပုံစံ

09/08/2022

Dr. Kaung Thar မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”



Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement