brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေး အစာအိမ်အချဉ်ပေါက်ခြင်းနှင့် စားချဉ့်ပြန်ရောဂါ

ကလေးတွေက တစ်ခါတလေ အန်ကြပါတယ်။ တစ်နေ့ထဲလည်း အကြိမ်များစွာဖြစ်တတ်ပါတယ်။ ဒါက acid refluxကြောင့်ဖြစ်နိုင်ပြီး သူ့ကို အစာအိမ်အချဉ်ပေါက်ရောဂါ(GERD)လို့သိကြပါတယ်။

ကလေး အစာအိမ်အချဉ်ပေါက်ခြင်းနှင့် စားချဉ့်ပြန်ရောဂါ

လက္ခဏာတွေကတော့

  • မကြာခဏအော့အန်မယ်။
  • ချောင်းခဏခဏဆိုးမယ်။
  • အစာစားရခက်မယ်။
  • အစာစားနေစဉ် ငိုနေမယ်။
  • အစာမကြေရင် ကိုယ်ပူမယ်။ လေမလည်ပဲ ဗိုက်အောင့်နေတတ်မယ်။
  • ဘာတွေက GERDကို ဖြစ်စေပါသလဲ။

    အစာနဲ့ အစာအိမ်ထဲရှိ အက်ဆစ်ဟာ အစာပြွန်ကနေ ပါးစပ်ထိရောက်သွားတဲ့အခါ acid refluxဖြစ်တတ်ပါတယ်။ တစ်ခါတလေ အပြင်ဘက်ရောက်သွားပါတယ်။

    ကလေးတော်တော်များများကတော့ ကျန်းမာပါတယ်။ အစာခြေလမ်းကြောင်းက ကောင်းကောင်းမဖွံ့ဖြိုးသေးတာပါ။ အသက်ကြီးလာတာနဲ့အမျှ GERDဟာလည်း အရွယ်ရောက်ပြီးလူတွေမှာဖြစ်တာမျိုးနဲ့ မတူညီပါဘူး။ အစာအိမ်နဲ့ အစာပြွန်ကြားက အဆို့ရှင်တွေမှာ အောက်ဘက်ကဖိအားများလာရင် GERDဖြစ်တတ်ပါတယ်။

    ဆရာဝန်တွေက အစာအိမ်အချဉ်ပေါက်မှန်း ဘယ်လိုသိမလဲ။

    ကလေးရဲ့ဆေးကုသမှုမှတ်တမ်းနဲ့ မိဘပြောပြချက်အရ အဖြေထုတ်နိုင်ပါတယ်။ bariumစုပ်ယူမှု သို့မဟုတ် upper GI seriesစစ်ဆေးမှုတွေ၊ pHစမ်းသပ်မှုတွေမျိုးလုပ်သင့်ပါတယ်။

    ဘယ်လိုကုသမလဲ။

    ကလေးတွေအတွက်

    • အိပ်တဲ့အိပ်ရာအပေါ်ပိုင်းကို မြှင့်ထားပါ။
    • အစာစားပြီး မိနစ်၃၀လောက် တည့်တည့်ချီထားပါ။
    • နို့ဘူးတိုက်ရင် ပျစ်ပျစ်လေးဖျော်ပေးပါ။
    • အစာကျွေးချိန်ပြောင်းပါ။
    • အစာမာကျွေးပါ။(ဆရာဝန်ထောက်ခံချက်နဲ့)

    အရွယ်ရောက်တဲ့ ကလေးတွေအတွက်

    • အိပ်ရာနဲ့ခေါင်းအုံးကို မြှင့်ပါ။
    • အစာစားပြီး ထိုင်နေခိုင်းပါ။
    • နေ့ခင်းပိုင်းမှာ အများကြီးကျွေးမယ့်အစား နည်းနည်းချင်းစီ အကြိမ်များများကျွေးပါ။
    • ရောဂါကိုပိုဆိုးစေမယ့်အစားအသောက်ကို ကန့်သတ်ပါ။
    • အားကစားပုံမှန်လုပ်ခိုင်းပါ။

    တကယ်လို့ ရောဂါပိုဆိုးလာမယ်ဆိုရင် ဆေးကုသမှုခံယူခိုင်းပါ။ လေလည်စေဖို့ ဆေးတွေသောက်ခိုင်းပါ။ ဆရာဝန်က အစာအိမ်က အက်ဆစ်ထုတ်တာနည်းစေတဲ့ဆေးမျိုးညွှန်ပေးမှာပါ။

    ပုံမှန်အားဖြင့် အစာအိမ်ဆေးတွေနဲ့ လေဆေးတွေက စိတ်ချရပါတယ်။

    refluxအတွက် ခွဲစိတ်ကုသမှု

    ကလေးအများစုကတော့ ကုသဖို့မလိုအပ်သေးပါဘူး။ ဒါပေမယ့် အသက်ရှုရခက်မယ်၊ အဆုတ်ရောင်မယ်၊ တခြားပြဿနာတွေဆက်ဖြစ်နေမယ်ဆိုရင် ကုသသင့်ပါတယ်။

    ဆရာဝန်တွေနဲ့သေချာဆွေးနွေးပါ။ မှန်ကန်တဲ့ကုသမှုကို လမ်းညွှန်ပေးနိုင်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။