ပဋိဇီဝဆေးကြောင့်ဖြစ်တဲ့ ကလေးတွေဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် Probiotics များ
ပဋိဇီဝဆေးတွေနဲ့ ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ။
ပဋိဇီဝဆေးတွေကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ခြင်း (ADD)ဆိုတာ colonial နဲ့ gastrotestinal microflora မညီမျှခြင်းကြောင့် ဖြစ်ရတဲ့ ရလဒ်ပါ။ ဒီအခြေအနေကတော့ ပဋိဇီဝဆေးတွေသောက်ရတဲ့ လူနာတွေမှာ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။ ဒီဝမ်းပျက်ခြင်းကိုတော့ ဗိုက်ထဲမှာ သက်တောင့်သက်သာမဖြစ်ခြင်းနဲ့အတူ တစ်ရက်ကို ယေဘုယျအားဖြင့် အကြိမ်ပေါင်းများစွာ ဝမ်းအရည်တွေချည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။

Probiotic ဆိုတာဘာလဲ။
Probiotic ဆိုတာဟာ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေနဲ့ yeast တွေဖြစ်ပြီး သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်ကျန်းမာစေနိုင်ပါတယ်။ လူတိုင်းရဲ့အစာခြေလမ်းကြောင်းတွေမှာ လုံလောက်တဲ့ Probiotic တွေ ရှိနေပေမယ့်လည်း လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး လယ်ဗယ်တွေ ပြောင်းလဲတတ်ပါတယ်။
Probiotic တွေ နည်းပါးခြင်း၊ မရှိခြင်းဟာ အစာမကြေခြင်းနဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်း နည်းပါးစေပါတယ်။ ဒါတွေအားလုံးဟာ လူတစ်ဦးချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်စေနိုင်ပါတယ်။
Probiotics တွေပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကြောင့် သူတို့တွေကို အမျိုးမျိုးသော အစားအသောက်ထုတ်ကုန်တွေမှာ ထည့်ထားကြပြီး ဖြည့်စွက်စာတွေအဖြစ်လည်း ထုတ်လုပ်ကြပါတယ်။ တွေ့ရများတဲ့ Probiotics တွေမှာတော့ Lactobacillus (လူတွေရဲ့ အူသိမ်မှာတွေ့ရ) ၊ နဲ့ Bifidobacterium (အူမမှာတွေ့ရ) စတာတွေ ပါဝင်ပါတယ်။
ပဋိဇီဝဆေးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ဖို့ Probiotics များ
ဒီလိုဝမ်းပျက်တဲ့ ကိစ္စအများစုကိုတော့ အပျော့စား ကျန်းမာရေး ပြဿနာအဖြစ် ယူဆကြပြီး ဘာကုသမှုမှ မလုပ်ရင်တောင် ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ လူတွေရဲ့ အလုပ်နဲ့ လူမှုဘဝမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ လေ့လာမှု ၂၃ခုက ရရှိတဲ့ လေ့လာတွေ့ရှိချက်တွေကို အခြေခံပြောရရင်တော့ ADD ကို Probiotic တွေ သုံးစွဲခြင်းအားဖြင့် ကွာယ်နိုင်တယ်လို့ဆိုပါတယ်။ အူရဲ့ microflora လယ်ဗယ်ကို ပြန်လည် သိုလှောင်ခြင်း အားဖြင့်ပေါ့။
အသက် ၂ပတ်မှ ၁၇နှစ်အထိ ပဋိဇီဝဆေးသုံးစွဲရတဲ့ ကလေးတွေ ၃၉၃၈ယောက်အတွက် ADD ကိုကာကွယ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲပ Probiotics တွေကို ပေးအပ်ခဲ့ပါတယ်။ လက်တွေ့မှာ probiotics တွေကို လက်ခံနိုင်ဖို့ အုပ်စုတွေလည်း အများကြီးရှိနေပါတယ်။ (Lactobacilli spp., Bifidobacterium spp., Streptococcus spp., ဒါမှမဟုတ် Saccharomyces boulardii တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်လို့ဖြစ်စေ)၊ placebo ၊ အခြားသော ADD ကုသမှုတွေ (ဥပမာ – diosmectite သို့မဟုတ် ကလေးနို့မှုန့်) စသဖြင့်သော်လည်းကောင်း ကုသဖို့ မလိုအပ်ခြင်းသော်လည်းကောင်း စသဖြင့် အုပ်စုတွေ ကွဲပြားပါတယ်။ လေ့လာမှုတစ်ခုစီအတွက်ကြာချိန်ကတော့ ၁ပတ်မှ ၁၂ပတ် အထိပါ။
လေ့လာမှုတွေရဲ့ အဆုံးမှာတော့ လေ့လာသူတွေဟာ placebo ထိန်းချုပ်တဲ့ အုပ်စုထဲက ကလေးတွေ (၇၆၆ယောက်)မှာ ADD ဖြစ်နိုင်ချေက တကယ်တမ်း probiotics အစစ်ကို စားသုံးခဲ့တဲ့ အုပ်စုတွေနဲ့ ယှဉ်ရင် ၁၁.၉%ကနေ ၂၈.၅%ထိ ပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ။် probiotic controlled အုပ်စုတွေနဲ့စာရင် placebo နဲ့ အခြားကုသမှုတွေ ဒါမှမဟုတ် ဘာကုသမှုမှ မခံယူခဲ့သူက ပိုပြီးပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို မကြာခဏ ခံစားရတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဥပမာ – အဖုထတာ၊ အော့အန်တာ၊ ဝမ်းချုပ်တာ၊ အရသာခံစားမှုအာရုံပြောင်းလဲသွးတာနဲ့ ရင်ဘတ်နဲ့ဝမ်းဗိုက်နာကျင်တာ စတာတွေပေါ့။
Probiotics လက်ခံရရှိတဲ့ အုပ်စုတွေထဲမှာတော့ Lactobacillus rhamnosus နဲ့ Saccharomyces boulardii တွေက ADD ကုသမှုအတွက် အထိရောက်ဆုံး probiotics ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ အခြားသောလေ့လာမှုတွေ အလုပ်ရသေးခင်အချိန်ထိ ကလေးတွေမှာ မတူညီတဲ့ ခုခံအားစနစ်ကြောင့် probiotic ကုသမှုဟာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်နိုင်တာမို့ ဒီကုသမှုကို မပေးဖို့ အကြံပြုထားပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
