backup og meta

သင့်ကလေးတွင်ဖြစ်တတ်သည့် အဖြစ်များသော ရောဂါများ

သင့်ကလေးတွင်ဖြစ်တတ်သည့် အဖြစ်များသော ရောဂါများ

ကလေးတိုင်း ရောဂါများဖြစ်နိုင်ကြ၏။ အနည်းဆုံးတော့ သူတို့မွေးစကနေ ရောဂါတစ်ခုတော့ ဖြစ်ကိုဖြစ်နိုင်ပါသည်။ မိဘများအနေဖြင့် ကလေးဖျားနာသည့်အခါ သူသူငါငါ စိတ်ပူကြချည်းသာပင်။ တကယ်တော့ ဖျားနာခြင်းသည် သင်အမြဲတမ်း စိတ်ပူရမည့်မကောင်းသော အခြေအနေတစ်ခု မဟုတ်ပါ။ ရောဂါများသည် ကလေး၏ ကိုယ်ခံအားစနစ်ကို လှုံ့စော်ပေးရာတွင် အရေးပါကြ၏။

တစ်နည်းဆိုရလျှင် သင့်ကလေး မကျန်းမာရာမှ ပြန်ကောင်းလာသည်အခါ သူ၏ကိုယ်ခံအားကလည်း အရင်ကထက် ပိုသန်မာသွားပြီးဟု ဆိုလိုပါသည်။ သို့သော် တစ်ချို့သော ရောဂါများကိုသိထားတာကလည်း ကောင်းပါသည်။ ဤဆောင်းပါးတွင် ကလေးများ၌အဖြစ်များသည့် ရောဂါတစ်ချို့ကို စာရင်းပြုထားပါသည်။

လေပြွန်ရောင်ခြင်း သို့မဟုတ် နမိုးနီးယားဖြစ်ရသည့်အကြောင်းရင်းများ

Respiratory Syncytial Virus (RSV)

ဒီဗိုင်းရပ်စ်မျိုးသည် ကလေးရော လူကြီးမှာပါ လေပြွန်ရောင်ခြင်း သို့ နမိုးနီးယားကို ဖြစ်စေနိုင်ပါသည်။ သို့စော် ကိုယ်ခံအားနည်းသော ကလေးများကို RSV မှ အလွယ်တကူ တိုက်ခိုက်နိုင်၏။ RSV နှင့်ဆိုင်သော ပိုးကူးစက်ခြင်းများ၏ ၄၀ ရာခိုင်နှုန်းတွင် နာတာရှည် နှာချေခြင်းဖြစ်သွားနိုင်ပြီး ပြင်းထန်သည့် လေပြွန်ရောင်ခြင်း သို့ နမိုးနီးယားကို ဖြစ်စေနိုင်ပါသည်။

လက္ခဏာများ

လက္ခဏာများသည် ရိုးရိုးအအေးမိခြင်းနှင့် မှားကောက်နိုင်သည်။

  • အပြင်းဖျားခြင်း သို့ ငွေ့ငွေ့ဖျားခြင်း
  • ချောင်းဆိုးခြင်း (တစ်ချို့သော နမိုးနီးယားဖြစ်သော ကလေးများတွင် အစိမ်းရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် သွေးရောင် ချွဲများ ဟပ်တတ်ပါသည်။)
  • နှာစေးခြင်း
  • အသက်ရှုမဝခြင်း

ကုသမှု

  • အလိုလိုပျောက်ခြင်း။ ကလေး၏ ကိုယ်ပိုင်ကိုယ်ခံအားစနစ် ဖွံဖြိုးရန် အရေးကြီးပါသည်။
  • ဖြစ်နိုင်ချေရှိသည့် အခြားအကြောင်းရင်းများကို ဖယ်ရှားပေးပါ။
  • ပဋိဇီဝဆေးများကိုသုံးပါ။ ပဋိဇီဝဆေးသုံးရာတွင် ဖြစ်နိုင်ချေရှိသည့် အကောင်၊ လူနာ၏အသက်အရွယ်၊ ပိုးနှင့်ထိတွေ့မှုရှိခဲ့ဖူးသလား၊ ပိုးမှခုခံနိုင်စွမ်းရှိမရှိ (တစ်နေရာနှင့်တစ်နေရာ ခုခံမည့်ပုံစံခြင်း မတူနိုင်ပါ။) နှင့် တခြားသော ရောဂါရာဇဝင်များအပေါ် မူတည်ပြီးပေးရပါသည်။

နားရောင်ခြင်း

ကလေးများ၏ အရိုးစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော နားသည်လည်း အပြည့်အ၀ မဖွံဖြိုးသေးပါ။ သေးငယ်သည့် နားအခေါင်းနှင့် တိုတောင်းသော ယူစတက်ချီရမ်ပြွန်လေးများကို ဘက်တီးရီးယားများ အလွယ်တကူ ထိုးဖောက်နိုင်၏။ ထို့ကြောင့် ကလေးများသည် အားနည်းပြီး ပိုးကူးနိုင်သည် ရောင်ရမ်းနိုင်သည်ဟု သိထားရပါမည်။ နားရောင်ခြင်းအမျိုးမျိုးရှိပါသည်။ အပြင်နားရောင်ခြင်း၊ အလယ်နားရောင်ခြင်း၊ အတွင်းနားရောင်ခြင်း တို့ဖြစ်သည်။

ဖြစ်ပွားရသည့်အကြောင်းရင်းများ

  • ညှင်းခူ သို့ psoriasis အရေပြားရောဂါ
  • နားသည်အတော်ကြာအောင် စိုထိုင်းနေလျှင်
  • ဘက်တီးရီးယားပိုးဝင်ခြင်း
  • နားခွဲစိတ်ပြီးနောက်

လက္ခဏာများ

  • နားအခေါင်းနှင့် နားသီးတွင် ယားယံခြင်း သို့ ပြင်းထန်စွာ နာကျင်ခြင်း
  • အဝါရောင်အရည်များ စီးကျခြင်းကို တစ်ခါတစ်ရံ တွေ့ရှိနိုင်သည်။
  • ပြင်းထန်သော ကိစ္စများတွင် နားသည် နီရဲနေကာ လူနာလည်း ဖျားခြင်း ခေါင်းမူးခြင်းများကို ခံစားရပါလိမ့်မည်။
  • အိပ်မရခြင်း

ကုသမှုများ

  • နားအစက်ချဆေး
  • နာကျင်မှုကိုသက်သာစေရန် အကိုက်အကဲပျောက်သောက်ဆေးများ
  • တချို့ဖြစ်ရပ်များတွင် ပဋိဇီဝဆေးများပေးခြင်း
  • တချို့တွင် ဆရာဝန်သည် သေးသည့်ပြွန်ကို နားစည်ထဲထည့်ပြီး ပြည်များကို စုပ်ပေးပါလိမ့်မည်။
  • အလွန်နာကျင်သည့်အခြေအနေတွင် ဆရာဝန်ဆီ ကလေးကို တတ်နိုင်သမျှ မြန်မြန်ခေါ်သွားပေးပါ။

သွားပိုးစားခြင်း

ကလေးများသည် ချိုချဉ်၊ ကိတ်မုန့်။ အချိုရည်များကို အလွန်ကြိုက်ကြ၏။ ထို့ကြောင့် ကလေးများတွင် တွေ့ရများသော ရောဂါတစ်ခုမှာ သွားပိုးစားခြင်းပင်ဖြစ်သည်။

ဖြစ်ပွားရသည့်အကြောင်းရင်းများ

  • ဘက်တီးရီးယားများသည် သကြားကို အချဉ်ဖောက်ပြီး အက်စစ်များထုတ်ကာ သွားကြွေလွှာများကို ဖျက်ဆီးနိုင်ပါသည်။
  • စားသောက်သည့် အမူအကျင့်
  • လူမှုစီးပွားရေးဆိုင်ရာ အချက်များ

လက္ခဏာများ

  • အညိုရောင် သို့ အမည်းရောင်အကွက်များ သွားတွင်ပေါ်ခြင်း
  • သွားဖုံးကြွခြင်း သို့ သွေးထွက်ခြင်း
  • ဖျားခြင်း၊ ရောင်ခြင်း သို့မဟုတ် စိတ်တိုလွယ်ခြင်း စသည့် ပိုးကူးစက်မှု လက္ခဏာများ
  • ခံတွင်းနံ့နံခြင်း

ကလေးတွင် အထက်ပါလက္ခဏာများ ပြနေပါက သွားဆရာဝန်နှင့် တတ်နိုင်သလောက် မြန်မြန်ပြပေးပါ။ သွားပိုးစားမှု ပျံသွားလျှင် ကလေး၌ ပြင်းထန်သည့်ကုထုံးများနှင့် ရင်ဆိုင်ရနိုင်သလို သွားဆုံးရှုံးမှုများ ဖြစ်သွားစေနိုင်ပါသည်။

ကုသမှုများ

  • ချဉ်သည့်အစာများကို မကျွေးပါနဲ့။
  • သစ်သီးဖျော်ရည် အထူးသဖြင့် ချဉ်သောဖျော်ရည်များ
  • ဖျော်ရည်၊ နို့ဗူး၊ နွားနို့တို့အစား ရေနှင့်အစားထိုးပါ။

ကလေးများတွင်ဖြစ်တတ်သော အဖြစ်များသည့်ရောဂါများ ရှိပါသေးသည်။ သို့သော် ဤဆောင်းပါးသည် ကလေးကို ဖြစ်စေနိုင်မည့် သိသာသော အခြေအနေများကိုသာ ဦးစားပေးတင်ပြခြင်းဖြစ်သည်။ ကလေးကို ကာကွယ်စောင့်ရှောက်ကာ ကျန်းမာအောင်ပြုစုပေးခြင်းသည် အကောင်ဆုံးပင် ဖြစ်ပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Hakan Çolak, Çoruh T. Dülgergil, Mehmet Dalli and Mehmet Mustafa Hamidi, Early childhood caries update: A review of causes, diagnoses, and treatments, https://www.ncbi.nlm.nih.gov/pmc/articles/PMC3633299/ Accessed on March 18, 2017
  2. Nicholas John Bennett, MBBCh, PhD, MA(Cantab), FAAP, Pediatric Pneumonia Treatment & Management. http://emedicine.medscape.com/article/967822-treatment. Accessed on March 18, 2017

ယခုပုံစံ

10/08/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement