
Probioticsတွေအတွက်က lcFOS လို Prebioticsတွေလိုအပ်ပါတယ်။Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ်တွေဖြစ်ပါတယ်။
lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
အကျိုးပြုဘက်တီးရီးယား Probiotics နဲ့ သူတို့ရဲ့အာဟာရဖြစ်တဲ့Prebioticsတွေက ကလေးရဲ့ကျန်းမာရေးအတွက် အထူးသဖြင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။
ကလေးရဲ့ကျန်းမာရေးကောင်းမွန်စေဖို့Prebioticsနေ့စဉ်စားသုံးဖို့လိုအပ်ပါတယ်။ ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓါတ်များတဲ့အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ကလေးတွေအတွက်ကတော့ နို့ကနေပဲ ရရှိနိုင်မှာပါ။ ဒီဓါတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် မိခင်နို့မသောက်သုံးရတဲ့ ကလေးတွေအတွက်Prebiotics ပါတဲ့ နို့မှုန့်ကိုရွေးချယ်မှ ကလေးရဲ့အစာခြေစနစ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။