နို့တိုက်မိခင်များ မစားသင့်သည့် အစားအစာများ
- ကဖိန်းဓာတ်မြင့်မားစွာ ပါဝင်တဲ့စားစရာများ
ဥပမာ- ကော်ဖီ၊ ချောကလက်၊ အသင့်ဖျော်လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်များ။ မိခင်စားသုံးလိုက်တဲ့ ကဖိန်းဓာတ်ရဲ့ အချို့သောပမာဏဟာ နို့ရည်ထဲမှာ ပါဝင်သွားပြီး ကလေးဆီ ရောက်နိုင်ပါတယ်။ ဒီကနေ သူတို့ရဲ့ အိပ်စက်ခြင်းကို သက်ရောက်စေနိုင်ပါတယ်။
- အယ်လ်ကိုဟောပါဝင်သော စားစရာများ
နို့တိုက်ချိန်မှာ အရက်မသောက်တာကတော့ အကောင်းဆုံးပါ။ ဒါပေမယ့် ရံဖန်ရံခါ သောက်တာက ကလေးကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။ ရံဖန်ရံခါဆိုတာ တစ်ပတ်ကို ၁−၂ကြိမ်၊ ၁ကြိမ်ကို ၂ယူနစ်ထက် မပိုတဲ့ ပမာဏ ဖြစ်ပါတယ်။ (၁ယူနစ်= ဝိုင် 125 ml (သို့) အရက် 25ml (သို့) ဘီယာ ခွက်တစ်ဝက်)
ဖြစ်နိုင်မယ်ဆိုရင် အရက်သောက်တဲ့အချိန်နဲ့ နို့တိုက်ချိန်နဲ့ ၂−၃နာရီလောက် ခွာသင့်ပါတယ်။ နောက်တစ်ခုက အရက်မသောက်ခင်မှာ နို့ကို ညှစ်ပြီး အပြင်မှာ သိမ်းထားပါ။ ကလေးနို့တိုက်ရမယ့်အချိန်ဆို ညှစ်ထားတာကို တိုက်ရုံပါပဲ။ ဒါဆို အရက်ပါမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။
နောက်ထပ် အရေးကြီးတဲ့အချက်က အရက်မူးနေချိန်မှာ နို့မတိုက်ဖို့ပါ။ မိခင်မူးနေတာကြောင့် ကလေးကို ဖိမိပြီး ရုတ်တရက် သေဆုံးတာ SIDS ဖြစ်နိုင်ပါတယ်။
ပင်လယ်ငါးတွေမှာ မာကျူရီပါတဲ့အတွက် နို့တိုက်ချိန်မှာ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။ ငါးသေတ္တာတို့၊ တူနာတို့ဆို တစ်ပတ်ကို ၂ကြိမ်၊ တစ်ကြိမ်ကို ၆ဂရမ် (၂တုံးစာ) လောက်ပဲ စားသင့်ပါတယ်။ ပင်လယ်ငါးကြီးတွေကိုတော့ တစ်ပတ်ကို ၁ကြိမ်လောက်ပဲ စားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။