ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ
ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။
အခုဆိုရင် သင့်ရင်သွေးလေးရဲ့ အမြင်အာရုံဟာ တချို့သောရှုထောင့်တွေမှာ လူကြီးတွေနဲ့တူလာပါပြီ။ အနီးနားမှာရှိတဲ့ အရာတွေကို ကောင်းကောင်းမြင်နိုင်သလို အဝေးမှာရှိတဲ့အရာတွေကို မြင်နိုင်စွမ်းလည်း တိုးတက်လာပြီဖြစ်တာကြောင့် အခန်းထဲရှိသမျှ လူတွေ၊ ပစ္စည်းတွေကို ခွဲခြားသိမြင်လာနိုင်ပါပြီ။ အခန်းထဲကတခြားဖက်မှာရှိတဲ့ အရုပ်လေးတွေကိုမြင်နိုင်ပြီး တွားသွားပြီးယူတတ်လာပါပြီ။ မျက်လုံးအရောင်ဟာလည်း သူတို့တစ်ဘဝလုံးမှရှိနေမယ့် မျက်လုံးအရောင်ဖြစ်နေပါပြီ။
ရှစ်လပြည့်ပြီးလို့ သုံးပတ်လောက်ကြာချိန်၊ ခုအချိန်မှာ သင့်ကလေးဟာ-
• အမြင်အာရုံပိုကောင်းလာပါပြီ
• တရွတ်တိုက် ဒါမှမဟုတ် လေးဘက်တွား သွားတတ်လာပြီ
• ထိုင်နေရာမှ မတ်တပ်စရပ်ပါပြီ
• ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးကိုင်တတ်လာပါပြီ(ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ)
• ‘မေမေ၊ ဖေဖေ’ စသည်ဖြင့် မပီမသခေါ်ချင်သလို လျှောက်ခေါ်တတ်လာပါပြီ
သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ
အခုအခါမှာ ကလေးတွေမှာ ဟိုးတုန်းကမကြောက်ခဲ့ဖူးတဲ့ သူတို့နားမလည်နိုင်တဲ့အရာတွေကို လန့်တတ်လာတာမျိုး ရှိလာနိုင်ပါတယ်၊ ဥပမာ- တံခါးဘဲလ်မြည်သံမျိုး၊ ရေနွေးအိုးဆူသံမျိုး စသည်ဖြင့်ပေါ့။ ဒီလိုတွေဖြစ်လာရင် သင်လုပ်ပေးရမှာက သူတို့ကိုမကြောက်ဖို့ချော့မြှူပြီး သင်ရှိနေတယ်ဆိုတာ သိရှိစေကာ အားပေးသင့်ပါတယ်။ သင်လုပ်ပေးဖို့က ပွေ့ဖက်ထားပေးရုံပါပဲ။
ကျန်းမာဖို့၊ လုံခြုံဖို့
ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။
ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမပေးတတ်ပါဘူး။ ဒီအရွယ်ကလေးတော်တော်များများဟာ ဆရာဝန်ဆီသွားရတာမနှစ်သက်တတ်တာမို့ ဒီအချက်ဟာ ကောင်းတယ်လို့တောင်ဆိုရမလိုပါပဲ။ တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။
ဘာသိသင့်လဲ။
သင်သိထားသင့်တာလေးတွေကတော့-
ချောင်းဆိုးခြင်း
ကျန်းမာတဲ့ကလေးတွေတောင် နေ့စဉ်နီးပါး ချောင်းဆိုးနိုင်ပါတယ်။ ချောင်းဆိုးခြင်းဟာ ကလေးရဲ့ အသက်ရှူလမ်းကြောင်းက အရည်တွေကိုရှင်းပေးနိုင်ပါတယ်။ ရောဂါတစ်ခုခုပြီးလို့ လက္ခဏာတွေအကုန်ပျောက်ပြီးနောက် ချောင်းကျန်နေခဲ့တာလည်းဖြစ်နိုင်ပါတယ်။
• တကယ်လို့ကလေးငယ်က အသက်ရှိုက်ရှူနေရတယ်ဆိုရင် အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်တစ်မျိုး(RSV) ကြောင့် လေပြွန်ငယ်ရောင်တာမျိုးဖြစ်နိုင်ပါတယ်။
• ‘တဟွတ်ဟွတ်’ နဲ့ခပ်နက်နက်ဆိုးတဲ့ချောင်းမျိုးဆိုရင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ဗိုင်းရပ်စ်တစ်မျိုးမျိုး ဝင်တာဖြစ်နိုင်ပါတယ်။
• အအေးမိတာရှည်ကြာပြီး ညဘက်ချောင်းတာရှည်အောင် ဆိုးတာမျိုးဆိုရင်တော့ ဓါတ်မတည့်တာတစ်ခုခု ဒါမှမဟုတ် ထိပ်ကပ်နာဖြစ်နိုင်ပါတယ်။
• ဖျားနာခြင်း၊ အအေးမိခြင်းမရှိဘဲ ရုတ်တရတ်အချိန်အကြာကြီး ဆိုးတဲ့ချောင်းမျိုးဆိုရင် ရင်ကြပ်တာ သို့မဟုတ် တစ်ခုခုရှူလိုက်မိလို့ဖြစ်နိုင်ပါတယ်။
• ချောင်းကြာရှည်ပြီး အသက်ရှူခက်လာမယ်၊ ဖျားလာမယ်ဆိုရင်တော့ အဆုတ်ရောင်တာဖြစ်နိုင်တယ်။
• စကန့် ၂၀၊ ၃၀ လောက်မနားတမ်းဆိုးပြီး ဖြစ်ရင်တော့ ဖြစ်နိုင်ပါတယ်
• တကယ်လို့ ချွဲကြပ်ပြီး ဆက်တိုက်ဆိုးတဲ့ချောင်းဆိုရင်တော့ မျိုးရိုးဗီဇကြောင့် ရတတ်တဲ့ အသက်ရှူလမ်းကြောင်းပိတ်စေသော ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။
ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲ ချောင်းဆိုးပျောက်ဆေး၊ ရင်ကြပ်ပျောက်ဆေး မတိုက်ပါနဲ့။
• ကလေးကို အရည်များများတိုက်ခြင်းဖြင့် ချွဲများ၊ အရည်များရှင်းပေးနိုင်ပါတယ်၊ အခန်းကိုလည်း လေဝင်လေထွက်ကောင်းပါစေ
• ရေနွေးနွေးလေးနဲ့ချိုးပေးခြင်းကလည်း နေရထိုင်ရသက်သာစေပြီး အသက်ရှူရပိုမိုကောင်းမွန်စေမှာပါ။
• အမှုန်အမွှား၊ အမွှေးအမျှင်တွေကြောင့် ချောင်းတာရှည်တယ်ထင်ပါက မွေးပွအရုပ်များ၊ အခြား မွေးပွအခင်းများကိုဖယ်ပစ်ပြီး အခန်းကိုသန့်ရှင်းနေအောင်ထားသင့်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်များကိုလည်း ကလေးအခန်းထဲမဝင်ပါစေနဲ့။
• ကလေးကို အိမ်မှာဖြစ်ဖြစ် ကားထဲမှာဖြစ်ဖြစ် ဘယ်တော့မှ ဆေးလိပ်ငွေ့မရှူမိပါစေနဲ့
တကယ်လို့ချောင်းဆိုးခြင်းက ကလေးကိုအအိမ်၊ အစားပျက်စေတယ်ဆိုပါက သေချာအာရုံစိုက်သင့်ပါပြီ။
• ချောင်းဆိုးသွေးပါခြင်း၊ အသက်ရှူရခက်ခဲခြင်း ဒါမှမဟုတ် ဖျားနာခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နုန်းခွေခြင်း၊ အန်ခြင်းတွေလို လက္ခဏာတွေပါရှိလာခြင်း၊
• ကလေးကတစ်ခုခုမျိုချမိ၊ ရှူမိခြင်းများရှိပါက ဆရာဝန်ချက်ခြင်းပြဖို့လိုပါလိမ့်မယ်……
• အသက်မရှူနိုင်ခြင်း၊ သတိလစ်ခြင်းများဖြစ်ပါက ချက်ခြင်း ရှေးဦးသူနာပြု အသက်ကယ်ခြင်း ပြုလုပ်ရန်လိုအပ်ပြိး ဆေးရုံသို့ချက်ခြင်းခေါ်သွားပါ။
• ဓါတ်မတည့်သောအရာများ၊ ပြင်ပအမှုန်အမွှားပစ္စည်းများ သို့မဟုတ် ရင်ကြပ်ခြင်းတို့ကလည်း ချောင်းတာရှည်စေတဲ့အတွက် တစ်ပတ်ထက် ချောင်းရှည်နေပါကလည်း ဆရာဝန်ပြသင့်ပါတယ်။
လေးဘက်တွားသွားခြင်း
ကလေးငယ်လေးတွေဟာ သူတို့ဖာသာလှုပ်ရှားနေသ၍ ဘယ်လိုတွေလုပ်နေတယ်ဆိုတာ သိပ်တော့အရေးမကြီးပါဘူး။ ဒါပေမယ့် သင့်ကလေးက သူ့ခန္တာကိုယ်နှစ်ဖက်ကို တူတူမလှုပ်ရှားနိုင်ဘူးဆိုရင် … ဥပမာ၊ ခြေနဲ့ လက်ကိုတပြိုင်နက် မလှုပ်ရှားနိုင်ဘူးဆိုရင်တော့ စိတ်ပူစရာလိုလာပါပြီ။ ဒါဟာ လုပ်ရှားမှုချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပြီး လျင်မြန်စွာ ကုသသင့်ပါတယ်။
စိတ်ပူတာတွေ
ဘာတွေစိတ်ပူလဲ
သင်စိတ်ပူသင့်တာတွေကတော့-
ဘယ်လိုစာဖတ်ပြမလဲ
ကလေးတွေကို ငယ်ငယ်ကတည်းကစာဖတ်ပြဖို့က အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သူတို့က စာအုပ်ကိုနားမလည်နိုင်ပေမယ့် စိတ်ဝင်စားပြီး စပ်စုကြပါလိမ့်မယ်။ ဒါဟာသူတို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုနည်းလေးတွေနဲ့စတင်နိုင်ပါတယ်။
• ကျယ်ကျယ်ဖတ်ပြပါ။
• ကလေးစာအုပ်လေးတွေ သီးသန့်စုဆောင်ထားပါ
• ဖြေးဖြေးဖတ်ပြပြီး လှုပ်ရှားမှု၊ မျက်နှာအမူအရာအပြည့်နဲ့ ဖတ်ပြပါ။
• နေ့စဉ်လှုပ်ရှားမှုတစ်ခုအဖြစ်ထားပါ၊ (အိပ်ရာဝင်ခါနီးဖတ်တာ အကောင်းဆုံးပါ)
• ကလေးကိုပါစာအုပ်ရွေးခိုင်းပါ။
ဒီအချက်တွေလုပ်ပေးခြင်းဖြင့် သင်အံ့သြရလောက်အောင် ကလေးကစာဖတ်ချိန်ကို မျှော်လင့်နေပြီး တက်ကြွရွှင်မြူးနေပါလိမ့်မယ်။
သုံးဆယ့်ငါးပတ်မြောက်ရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။
နောက်တစ်ပတ်မှာလည်း သင့်ကလေးလေးက ဘယ်လိုဖွံ့ဖြိုးပြောင်းလဲဦးမလဲ ကြည့်လိုက်ရအောင်။
[embed-health-tool-baby-poop-tool]