backup og meta

သင့်ကလေးရဲ့ အသက်တစ်နှစ်အောက်မှာ ရှောင်ရှားသင့်တဲ့ အစားအစာ၇မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးရဲ့ အသက်တစ်နှစ်အောက်မှာ ရှောင်ရှားသင့်တဲ့ အစားအစာ၇မျိုး

    သင့်ရဲ့ကလေးကို အစားအစာအမာတွေ စတင်ကျွေးတော့မယ့်အချိန်မျိုးမှာ သင့်ကလေးရဲ့ စားသောက်စာရင်းထဲမှာမထည့်သင့်တဲ့ တချို့အစားအစာ ပုံစံတွေရှိပါတယ်။ သင်က သင့်ကလေးလေးအတွက် လူကြီးစားသလိုအစားတွေကို ကျွေးချင်နေပါလိမ့်မယ် ဒါပေမယ့် တချို့သောအစားအစာတွေက သူတို့ရဲ့ အစာခြေစနစ်ကိုအနှောင့်အယှက်ဖြစ်စေပြီး တစ်ခါတလေမှာ လည်ပင်းမှာတစ်နေ နင်နေတတ်တာမျိုးဖြစ်တတ်ပါတယ်။

    သင့်ကလေးကိုမကျွေးသင့်တဲ့အစားအစာ ၇ မျိုးအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုပေးပါ။

    ပျားရည်

    ပျားရည်ဟာ အရသာရှိတယ် အာဟာရဓာတ်တွေပြည့်နေတယ်ဆိုပေမယ့် ကလေးရဲ့စားသောက်စာရင်းထဲအတွက်ဆိုရင်တော့ အဆိပ်အတောက်ဖြစ်စေတတ်ပါတယ်။ ပျားရည်ထဲမှာ Clostridium botulinumလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေပါနေတတ်ပါတယ်။၎င်းက ဘောကျူလစ်ဇင်လို့ခေါ်တဲ့ရောဂါရဲ့ လက်သည်ပါပဲ။ အသက်တစ်နှစ်အောက်ငယ်တဲ့ကလေးတွေရဲ့ အူလမ်းကြောင်းဟာ အားနည်းနေသေးတာကြောင့် ပျားရည်ထဲမှာပါတဲ့ ဒီဘက်တီးရီးယားပိုးမွှားတွေကို မတားဆီးနိုင်တာ၊ ပြန်မတိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဘောကျူလစ်ဇင်ဆိုတာ ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း ကလေးတွေကို သေတဲ့ထိဖြစ်စေတာမျိုးတော့ရှားပါတယ်။ ဒါပေမယ့် ကလေးတွေမှာ အစားအသောက်ပျက်တာမျိုး နို့သိပ်မစို့တာမျိုး ဝမ်းချုပ်တာမျိုး ရေဓာတ်ခမ်းခြောက်တာမျိုးတို့ဖြစ်တတ်ပါတယ်။

    နွားနို့နှင့် ပဲနို့များ

    နွားနို့နဲ့ပဲနို့တွေထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါပေမယ့် အသက်၁နှစ်အောက်အရွယ်ကလေးတွေအတွက်ကျတော့ သူတို့ရဲ့ အစာခြေစနစ်အတွက် ပြသနာတတ်နိုင်ပါတယ်။

    အသီးဖျော်ရည်များ

    အသက်ခြောက်လအောက်ငယ်တဲ့ကလေးတွေကို အစားအသောက်နဲ့ပတ်သက်ပြီး အထူးလေ့လာထားသူတွေက အသီးဖျော်ရည်တွေတိုက်ကျွေးတဲ့ အကြံကို လက်မခံကြပါဘူး။

    ဖျော်ရည်ဆိုတာမှာက သကြားဓာတ်များတဲ့အတွက် သင့်ကလေးအာဟာရဓာတ်ကို အသီးကို အပြည့်အဝစားသလို အာဟာရတော့ မရစေနိုင်ပါဘူး။ တစ်ခါတလေတော့သင့်ကလေးကို ဗိုက်မနာစေမယ့် ပန်းသီးဖျော်ရည်၊ စပျစ်သီးဖျော်ရည်နဲ့ သစ်တော်သီးဖျော်ရည်မျိုးတွေတိုက်နိုင်ပါတယ်။

    သန့်စင်ထားသော အစေ့အဆန်၊ စပါးနှံလိုအစားအသောက်များ

    ဒီလိုအစားအသောက်မျိုးတွေမှာ အာဟာရဓာတ် ဘယ်လောက်ပါတယ်ဆိုတာ သေချာပြောလို့မရပါဘူး။ အဲ့ဒါကြောင့် သင့်ကလေးအတွက် ကျန်းမာရေးကောင်းဖို့ အာဟာရအပြည့်ပါသော အစေ့အဆန်၊ စပါးနှံလို အစားအသောက်မျိုးကို ရှာတတ်ဖို့လိုပါတယ်။ အီတလီခေါက်ဆွဲလိုမျိုး၊ စီရီယယ်၊ ပေါင်မုန့်၊ ကရက်ကာ နှင့် ဆန်လိုမျိုးမှာတွေတော့ ၁၀၀ရာခိုင်နှုန်း အာဟာရဓာတ်နှုန်းပါတာမို့ အသက်တစ်နှစ်ကလေးမှာ လိုအပ်တဲ့အာဟာရလည်း ရနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့အစေ့အဆန်တွေစားခြင်းကို ရင်းနှီးနေအောင်ရယ်၊ နောက်ပိုင်းမှာလည်း စားချင်အောင်ရယ် အကျင့်စလုပ်ထားတာတော့ကောင်းပါတယ်။

    အစေ့အဆန်နှင့် အခွံမာသီးများ

    ဖရဲသီး၊ မက်မွန်သီး၊ ဇီးသီးနဲ့ ချယ်ရီသီးတွေဟာ အရသာရှိပြီးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အသီးနှံတွေဖြစ်ပါတယ်။

    သို့သော်လည်း ဒီအသီးတွေက ကလေးတွေမှာ သီးတတ်၊ နင်တတ်၊ တစ်နေတတ်တာမျိုး အန္တရာယ်တွေရှိပါတယ်။ သင့်ကလေးကို အစေ့အဆန်ပါတဲ့အသီးတွေမကျွေးခင်မှာ အစေ့တွေကို သေချာလေးဖယ်ပစ်ဖို့လိုပါတယ်။

    နောက်ပြီး နေကြာစေ့တို့၊ ဖရုံစေ့တို့လိုမျိုးတွေကို ကလေးကို မစားခိုင်းပါနဲ့။ ဒီလို အစေ့အဆန်၊ အခွံမာသီးမျိုးတွေကို ကလေးနဲ့ ခပ်ဝေးဝေးမှာထားမှ သင့်သတိမထားမိခင် စားမိမျိုချမိတာတွေမဖြစ်မှာပါ။

    မီးခိုးကြပ်တိုက်ထားသော အသားများ

    လူကြီးတွေမှာတော့ ဝက်ပေါင်ခြောက်တစ်ပြား ဒါမှမဟုတ် ဝက်အူချောင်းတစ်ချောင်းနဲ့ ခန္ဓာကိုယ်က ထိခိုက်သွားတယ်ဆိုတာရှားပါတယ်။ ကလေးတွေလည်းဒီအတိုင်းပါပဲ။ သို့သော်လည်း အသက်တစ်နှစ်အောက် ကလေးတွေကတော့ ဒီလိုမီးခိုးကြပ်တိုက်ထားတဲ့အသားတွေဟာ အာဟာရဓာတ် ဘာမှသိပ်မပါရုံသာမက နိုက်ထရိတ်ပမာဏမြင့်နေတာတွေ၊ ဆိုဒီယမ်ဓါတ်တွေ၊ အဆီဓာတ်တွေရယ်၊ ဓာတုပစ္စည်းတွေရယ် ပါဝင်နေတာကြောင့် မကျွေးသင့်ပါဘူး။

    အခွံမာသီးမှရသော ထောပတ်

    အစေ့တွေလိုပါပဲ။ အခွံမာသီးမှရသောထောပတ်ဟာ ကပ်စေးစေးဖြစ်တာမို့ အသက်တစ်နှစ်အောက် ကလေးတွေမှာ အန္တရာယ်များပါတယ်။ ဒီကပ်ချွဲချွဲ အစားအသောက်တွေဟာ ကလေးတွေကို မျိုချရခက်တာဖြစ်စေပြီး အစာနင်စေ၊ တစ်စေ တတ်ပါတယ်။ နောက်ပြီးတော့ ထောပတ်ဟာ ပင်လယ်စာလိုပဲ ဓာတ်မတည့်တဲ့ အစားအသောက်ထဲမှာ ထိပ်ဆုံးကပါတာမို့ သတိထားရပါမယ်။

    တကယ်လို့ သင်ကသင့်ကလေးကို ကျွေးချင်ရင်တော့ ထောပတ်ကို ပေါင်မုန့်ပေါ်သုတ်ပေးပြီး နည်းနည်းပါးသွားအောင် ပန်းသီးအရည်လေးပါတင်ပေးပါ။

    သတိထား ဂရုစိုက်တတ်တဲ့ မိဘမျိုးဖြစ်ခြင်းက သင့်ကလေးကို ကျန်းမာစေတဲ့ အစားအသောက်တွေအကြောင်းသိနားလည်ပြီး မဖျားမနာစေရန် ကူညီပေးလို့ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Sandy Kyaw မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement