backup og meta

မွေးကင်းစကလေးက ဘယ်ဘာသာစကားနဲ့ ငိုသလဲ

မွေးကင်းစကလေးက ဘယ်ဘာသာစကားနဲ့ ငိုသလဲ

မိခင်ဝမ်းထဲက ထွက်လာပြီးတဲ့အချိန်မှာ ကလေးလေးအဖို့ ပတ်ဝန်းကျင်နဲ့ ပထမဆုံးဆက်ဆံတဲ့ စကားက ငိုတာပဲ ဖြစ်ပါတယ်။ မွေးကင်းစကလေးရဲ့ ငိုသံဟာ သုတေသနအများအပြားပြုလုပ်နေကြတဲ့ ဦးတည်ချက်ခေါင်းစဉ်တခုလည်း ဖြစ်ပါတယ်။

အဆိုပါ သုတေသနတွေအနက် အချို့သော လေ့လာမှုတွေရဲ့အဆိုအရ မွေးကင်းစကလေးရဲ့ ငိုသံနဲ့ အမေရဲ့ ပင်ရင်းဘာသာစကားတို့အကြားမှာ စိတ်ဝင်စားစရာ ဆက်စပ်မှုတခု ရှိနေတာတယ်လို့ သိရပါတယ်။

အဆိုပါ ဆက်စပ်မှုကတော့ ကလေးငိုသံနဲ့ အမေ့စကားသံတို့ဟာ အသံနှုန်းတွေ၊အသံအနိမ့်အမြင့်တွေအရ တထပ်တည်းနီးပါး တူနေတာပါပဲ။

ကလေးငယ်ရဲ့ ငိုသံဟာ မိခင်ရဲ့ ပင်ရင်းဘာသာစကားနဲ့ ဘယ်လိုဆက်စပ်နေသလဲ။

ဘာသာစကားအမျိုးမျိုးမှာ မတူညီတဲ့ အသံတွေ၊စကားတွဲတွေရှိပြီး လေသံအဖိအဖော့၊အတက်အကျ၊လေယူလေသိမ်းလည်း ကွာခြားပါတယ် (တချို့ဘာသာစကားတွေမှာတော့ အခြားဘာသာစကားတွေနဲ့ နှိုင်းယှဉ်စရာ လေသံအတက်အကျ အထူးတလည် မရှိပါဘူး)။

သုတေသီတွေဟာ ပင်ရင်းဘာသာစကားမတူညီတဲ့ ကလေးတွေ ဗိုက်ဆာတဲ့အခါ၊နာကျင်တဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါ ငိုတဲ့ ငိုသံတွေကို အသံဖမ်းထားပြီး အသံအနိမ့်အမြင့်၊အတက်အကျ၊အတိုးအကျယ် စတာတွေကို နှိုင်းယှဉ်လေ့လာပါတယ်။

မွေးပြီးပထမဆုံးရက်သတ္တပတ်မှာ ကလေးတွေရဲ့ ငိုသံပုံစံဟာ မိခင်ရဲ့ ပင်ရင်းဘာသာစကားရဲ့ အတက်အကျ၊အနိမ့်အမြင့်ပုံစံနဲ့ သွားပြီးကိုက်ညီနေတာကို တွေ့ရပါတယ်။

မိခင်စကားသံရဲ့ ပုံစံအနေအထား၊ရစ်သမ်နဲ့ အတိုးအကျယ်၊အဖိအဖော့ အစရှိတဲ့ အသံပိုင်းဆိုင်ရာ ဝိသေသတွေဟာ ကလေးငယ်ရဲ့ ဦးနှောက်ကို ရောက်ရှိပြီး ပင်ရင်းဘာသာစကားကို သင်ယူလေ့လာဖို့ ကူညီပေးတာဖြစ်ပါတယ်။

ကလေးငယ်ရဲ့ ငိုသံကို သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း

ငိုတယ်ဆိုတာဟာ ကလေးရဲ့ အသက်ရှုခြင်းနဲ့ အသံကြိုးလှုပ်ရှားခြင်းတို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရဲ့ ငိုသံနဲ့ မိခင်ရဲ့ ပင်ရင်းဘာသာစကားသံတို့ ကိုက်ညီဖို့ဆိုတာကတော့ ပိုမိုရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ကြွက်သားဆိုင်ရာ လေ့ကျင့်လှုပ်ရှားမှုတွေ လိုအပ်မှာဖြစ်ပြီး မွေးပြီးလအနည်းငယ်ကြာမှသာ ဖြစ်လာရမှာပါ။ မွေးကင်းစကလေးတွေရဲ့ ငိုသံဟာ ကလေးရဲ့ အသက်ရှုတဲ့ပုံစံနဲ့ အသက်ရှုအင်္ဂါတွေပူးပေါင်းဆောင်ရွက်ရာကနေ ဖြစ်ပေါ်လာရတာလို့ အများစုက ယုံကြည်လက်ခံထားကြပါတယ်။

ဒီနေရာမှာ တချက်သတိထားသင့်တဲ့အချက်က မွေးကင်းစကလေးတွေအားလုံးဟာ (ဘာသာစကား၊ယဉ်ကျေးမှု၊လူမျိုး ဒါမှမဟုတ် မျိုးဗီဇ ဘယ်လိုပင် ကွာခြားပါစေ) ခန္ဓါဗေဒအရ တထပ်တည်းတူညီနေတာမို့ သူတို့လေးတွေရဲ့ ငိုသံတွေဟာလည်း တယောက်နဲ့တယောက် ထပ်တူထပ်မျှတူညီနေရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ လေ့လာသုတေသနပြုလုပ်ချက်တွေအရ ကလေးတွေရဲ့ ငိုသံဟာ သူတို့မိခင်ရဲ့ ပင်ရင်းဘာသာစကားပေါ်မူတည်ပြီး ခွဲခြားနိုင်တာမို့ အသံဖြစ်ပေါ်ရာအင်္ဂါတွေ (ဥပမာ အဆုတ်၊လည်ချောင်း၊ပါးစပ်နဲ့ အသံအိုးစသည်)အပြင် အသံဖြစ်ပေါ်ဖို့အတွက် အခြားသော ထိန်းချုပ်နေတဲ့ အချက်တွေလည်း ရှိလိမ့်ဦးမယ်လို့ ကောက်ချက်ချရပါတယ်။

မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကလေးလေးဟာ အသံတွေ ကြားနေရတယ်။

ဒီအချက်ဟာလည်း အကြောင်းရင်းခံတခု ဖြစ်ပါတယ်။ မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြားနေရတဲ့ ဘာသာစကားအသံတွေဟာ သူတို့လေးတွေအပေါ် လွှမ်းမိုးမှုရှိနေပါတယ်။ အစပိုင်းမှာ သုတေသီတွေအနေနဲ့ မိခင်ရဲ့ လေယူလေသိမ်းစကားသံဟာ တခြားအသံတွေထက် ကလေးငယ်အပေါ်မှာ ပိုပြီးလွှမ်းမိုးမှုရှိမရှိကို အသေအချာ မပြောနိုင်ခဲ့ပါဘူး။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ကလေးတွေအနေနဲ့ အသက်သုံးလလောက် ရောက်တဲ့အခါ လူကြီးတွေစကားပြောတဲ့ ပုံစံအတိုင်း တဖြည်းဖြည်း တုပလာနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

ငိုသံကွာခြားချက်ပေါ်မူတည်ပြီး ဆန်းစစ်နိုင်ဖို့အတွက် သုတေသီတွေဟာ ကျန်းမာတဲ့ (ငါးရက်သား) ကလေးငယ် အယောက်ခြောက်ဆယ်ရဲ့ ငိုသံတွေကို အသံဖမ်းပြီး စနစ်တကျ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ကလေးတယောက်နဲ့တယောက်ရဲ့ ငိုသံ ကွာခြားချက် (အသံအနိမ့်အမြင့်၊အဖိအဖော့ စသည်)ဟာ သက်ဆိုင်ရာ မိခင်ရဲ့ စကားပြောဆိုပုံလေယူလေသိမ်း၊အဖိအဖော့ပေါ် မူတည်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် မွေးကင်းစကလေးတွေဟာ မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြားနေရတဲ့ သံစဉ်တွေ၊စကားသံတွေကို တုံ့ပြန်မှုရှိတယ်၊သင်ယူနေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

အခြားသော လေ့လာမှုတခုအရ သုံးလသားအရွယ်ကလေးငယ်ဟာ မိဘတွေရဲ့ သရသံပြောဆိုမှု အသံထွက်ကို တုပနိုင်စွမ်းရှိနေပြီလို့ ယူဆရတဲ့အပြင် မိခင်ရဲ့ ပြောဆိုမှုလေယူလေသိမ်း၊အဖိအဖော့၊အနိမ့်အမြင့်ကို တုပလေ့လာသင်ယူမှုကတော့ ဒီထက်စောပြီးတော့ စတင်နေပြီဖြစ်ပါကြောင်း။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Newborns’ Cry Melody Is Shaped by Their Native Language.

http://www.sciencedirect.com/science/article/pii/S0960982209018247.

Accessed December 12,
2016.
Newborns’ cry melody is shaped by their native language.

https://www.ncbi.nlm.nih.gov/pubmed/19896378.

Accessed December 12, 2016.
Newborns Cry in Mother’s Native Language.

http://www.babymed.com/abstracts/newborns-cry-

mother-s- native-language.

Accessed December 12, 2016.
Newborns’ Cries Reflect Parents’ Language.

http://www.webmd.com/parenting/baby/news/20091105/newborns-cries- reflect-parents- language.

Accessed December 12, 2016.

ယခုပုံစံ

02/06/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မွေးကင်းစကလေး ပေါင်မပြည့်ခြင်း ဖြစ်ပွားရသောအကြောင်းရင်းများနှင့် ကုသမှုများ

ကလေးငယ်နဲ့ မွေးကင်းစတွေမှာ ရင်ပူရင်ဆာ ဖြစ်ခြင်း



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement