backup og meta

အသက်၁နှစ်ကနေ ၂နှစ်ကြားရှိ ကလေးတွေကိုအသီးအရွက်သစ်သီးတွေကျွေးတဲ့အခါဘာတွေသိထားသင့်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်၁နှစ်ကနေ ၂နှစ်ကြားရှိ ကလေးတွေကိုအသီးအရွက်သစ်သီးတွေကျွေးတဲ့အခါဘာတွေသိထားသင့်သလဲ

    သင့်ကလေး အသက် ၁နှစ် ပတ်ချာလည်အရွယ်မှာ ထမင်းအပါအဝင် အစားအစာတွေ စတင်ကျွေးဖို့ကြိုးစားရတာဟာ စိန်ခေါ်မှုကြီးတစ်ခုပါ။ အသက် ၁ နှစ်၂ နှစ် အရွယ်ကလေးတွေအနေနဲ့ အစာအာဟာရအဖြစ် မိခင်နို့ကို အဓိကအားပြုနေရာကနေ အစားအသောက်မျိုးစုံကိုစတင်စားလာရပါတော့မယ်။ အနံ့အရသာအမျိုးမျိုး၊ အမျိုးအစားအဖုံဖုံရှိတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားတတ်လာအောင် ကလေးတွေကို မိတ်ဆက်သင်ကြားပေးရမှာက မိဘတွေရဲ့အဓိကတာဝန် ဖြစ်လာပါတော့တယ်။ ကလေးတွေဖက်ကကြည့်ပြန်ရင်လည်း ဒါဟာသူတို့ရဲ့ဘဝလေးမှာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကာလဖြစ်ပြီး အစားအစာတွေ (အထူးသဖြင့်ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေ) ကိုစတင်ပြီး စားရပါတော့မယ်။

    အမျှင်ဓါတ်များများပါတဲ့ အစားအစာတွေကိုကျွေးပါ။

    အမျှင်ဓါတ်ဆိုတာဟာ တခြားအာဟာရဓါတ်တွေလို သင့်ခန္ဓါကိုယ်ကနေမချေဖျက်နိုင်တဲ့ ဓါတ်တစ်မျိုးဖြစ်ပြီး အပင်တွေကနေ ရရှိစေနိုင်ပါတယ်။ အမျှင်ဓါတ်ဟာ aချဖျက်ခြင်းမခံရဘဲ အစာချေ လမ်းကြောင်းတလျှောက်ကို ဖြတ်သန်းသွားနိုင်တာမို့သင့်ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ aပျာ်ဝင်နိုင်တဲ့အမျှင်ဓါတ်နဲ့မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

    မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ဟာ ကလေးရဲ့ဝမ်းကိုပျော့စေပြီး ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်တဲ့အတွက် အစာချေစနစ်အတွက် အကျိုးရှိစေပါတယ်။ ဂျုံစပါး၊ ပြောင်းဖူးအစေ့တို့ကနေ မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ကိုရရှိနိုင်ပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေမှာလည်း ဒီအမျှင်ဓါတ်ပါဝင်ပါသေးတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေကျတော့ သွေးတွင်းကိုလက်စထရောပမာဏကို ကျစေပြီး သကြားဓါတ်ကိုလည်း ထိန်းချုပ်ပေးတာမို့နှလုံးနဲ့သွေးကြောအဖွဲ့အစည်းအတွက်အကျိုးပြုပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဘာလီ၊ အုတ်ဂျုံ နဲ့ပဲအမျိုးမျိုးကနေရရှိနိုင်ပါတယ်။ ကလေးတွေကို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေစကျွေးတဲ့အခါတဖြည်းဖြည်းချင်းစီ ပမာဏကိုတိုးပြီးကျွေးသွားရပါမယ်။ အသီးအရွက်တွေ၊ သစ်သီးတွေကို သင့်ကလေးစိတ်ဝင်စားလာအောင်လုပ်ဖို့အချိန်ကြာမယ်၊ မကြာဘူးဆိုတာကတော့ သူလေးအပေါ်ပဲမူတည်ပါတယ်။ အသက်၁နှစ်ကနေ၃နှစ်အရွယ်ကြား ကလေးတွေအတွက် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓါတ်ပမာဏကတော့ ၁၉ဂရမ် ဖြစ်ပါတယ်။

    အသက်၁နှစ်-၃နှစ်အရွယ် ကလေးတွေအတွက် အကောင်းဆုံးသောအသီးအနှံနဲ့ဟင်းသီးဟင်းရွက်

    ကန်စွန်းဥဟာ နူးညံ့တယ်၊ ချေရလွယ်တယ်၊ပြီးတော့အရသာလည်းချိုတာမို့သင့်ကလေးကို စတင်မိတ်ဆက်ပေးဖို့အကောင်းဆုံးအသီးအနှံတွေထဲကတခုဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေသောအဓိက သတ္တုဓါတ်နဲ့ဗီတာမင်တွေဖြစ်တဲ့ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်စီတို့လည်း ကန်စွန်းဥမှာကြွယ်ဝစွာပါဝင်ပါသေးတယ်။ ဗီတာမင်အေ၊ ဘီ၊ စီနဲ့အရိုးတွေကျန်းမာသန်စွမ်းစေတဲ့ကယ်လ်ဆီယမ်ဓါတ်ကိုတော့မုန်လာဥနီကနေရရှိနိုင်ပါတယ်။

    လိမ္မော်ရောင်အစားအစာတွေပြီးရင်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့အစိမ်းရောင်ပဲတွေဖက်ကိုလှည့်ကြစို့။ ပဲစိမ်းကိုအိမ်မှာချက်ရတာအင်မတန်လွယ်ကူပြီးသူတို့မှာကလေးရဲ့ခုခံအားစနစ်ကိုပိုကောင်းစေတဲ့ဗီတာမင်အေနဲ့ကေတို့အပြည့်အဝပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။

    ပဲစိမ်းဟာသင့်ကလေးအနေနဲ့အခြားသောအစိမ်းရောင်ရှိတဲ့အသီးအရွက်တွေရဲ့အရသာကိုအကျွမ်းတဝင်ရှိစေဖို့၊နှစ်ခြိုက်စေဖို့အတွက်လည်းအထောက်အကူပြုပါသေးတယ်။ ခရမ်းသီးဟာလည်းအရသာကောင်းရုံတင်သာမက ဗီတာမင်အေနဲ့ဘီ၆တို့အလျှံပါယ်ပါဝင်တာကြောင့် သင့်ကလေးနဲ့မိတ်ဆက်ပေးသင့်တဲ့အသီးအနှံတစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်ရီသီးဟာ ကလေးတွေအရမ်းကြိုက်ကြတဲ့အသီးတစ်ခု ဖြစ်ပါတယ်။ တခြားအစားအစာတွေမှာပါဝင်တဲ့ သံဓါတ်စုပ်ယူမှုကိုအားကောင်းစေပြီးကင်ဆာနဲ့နှလုံးရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့ဗီတာမင်စီနဲ့ဗီတာမင်အီးတွေဘယ်ရီသီးမှာပေါများစွာပါဝင်ပါတယ်။ သူတို့ဟာအနံ့အရသာကောင်းရုံတင်မကအရောင်ကလည်းဆွဲဆောင်မှုရှိတာမို့ကလေးတွေအတွက်စားချင်စိတ်၊ စူးစမ်းလိုစိတ် ဖြစ်စေပါတယ်။

    သတိထားသင့်တဲ့အချက်များ

    သင့်ကလေးကိုအသီးအနှံ၊ဟင်းသီးဟင်းရွက်တွေကျွေးတဲ့အခါ သန့်ရှင်းလတ်ဆတ်မှုရှိဖို့ကိုလည်း အထူးဂရုပြုရပါမယ်။ သင့်ကလေးရဲ့ကိုယ်ခံအားစနစ်ဟာ ပြီးပြည့်စုံစွာဖွံ့ဖြိုးမှုမရှိသေးတဲ့အတွက် အစားအစာတွေမှာပါလာတဲ့ဘက်တီးရီးယားပိုးမွှားတွေရဲ့ ဒုက္ခပေးမှုကိုအလွယ်တကူခံရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်ပိုးသတ်ဆေးလုံးဝမသုံးထားတဲ့အော်ဂဲနစ်သဘာ၀ အသီးအနှံတွေကိုပဲဝယ်ယူချက်ပြုတ်သင့်ပါတယ်။ ဘက်တီးရီးယားတွေဟာအပူချိန်မြင့်မားလာတဲ့အခါစ တင်ပေါက်ပွားတာ ဖြစ်တဲ့အတွက်အစားအစာတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါအချိန်အကြာကြီးအပူပေးချက်ပြုတ်တာမျိုးမလုပ်မိဖို့လည်းအေ ရးကြီးပါတယ်။ ပိုလျှံတဲ့အစားအစာတွေကိုရေခဲသေတ္တာထဲထည့်သိမ်းထားရမှာဖြစ်ပြီးကလေးကိုမကျွေးခင်မှာလည်းပုပ်သိုးနေတာမျိုးရှိမရှိသေချာစစ်ဆေးရမှာ ဖြစ်ပါတယ်။

    တနေ့ကို၂ကြိမ်၃ကြိမ်လောက်ကျွေးသင့်ပြီးကလေးတွေမှာတစ်နပ်တလေလောက်မစားတာက ဖြစ်တတ်တာမျိုးမို့စိုးရိမ်စရာမရှိပါဘူး။ ဆာလောင်တာ၊ ဗိုက်ပြည့်တာအစရှိတဲ့ ကလေးရဲ့သဘာဝတုန့်ပြန်ထိန်းညှိမှုတွေကိုဘယ်တော့မှ လျှော့မတွက်ပါနဲ့။

    သင့်တင့်မျှတပြီးအာဟာရပြည့်ဝတဲ့အစားအစာစားသုံးမှုပုံစံကို လေ့ကျင့်ပေးထားမယ်ဆိုရင် သင့်ကလေးဟာအစာစားဖို့ ငြင်းဆန်ဂျီကျနေမှာမဟုတ်ပါဘူး။ သင့်ကလေးအစားစားတာနဲ့ပတ်သက်လို့စိုးရိမ်မှုတစုံတရာရှိနေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement