brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများအတွက်သင့်လျော်သောစားသောက်နည်းပုံစံ

ကျန်းမာသောစားသောက်နည်းပုံစံဆိုသည်မှာ အစာအုပ်စု များကိုသင့်တင့်မျှတစွာစားသုံးပြီး အဆီနှင့်သကြားဓါတ်ပါ သောအစားအစာကိုလျှော့စားခြင်းကိုဆိုလိုပါတယ်။

ကလေးများအတွက်သင့်လျော်သောစားသောက်နည်းပုံစံ

ထိုသို့ စားသုံးခြင်းအားဖြင့်ကလေးများအတွက်လိုအပ်သောစွမ်း အင်ကိုပေးစွမ်းနိုင်ပြီး ကျန်းမာစွာကြီးထွားဖွံဖြိုးစေနိုင်ပါ တယ်။ ကလေးများကိုကျန်းမာရေးနှင့်ညီညွှတ်သောအစား အစာများကိုသင့်တင့်မျှတစွာကျွှေးသင့်ပြီးနောင်အနာဂတ် တွင်သင့်လျော်စွာစားတတ်စေရန်အစာအုပ်စုများအကြောင်း သင်ကြားပေးသင့်ပါတယ်။

၁။ ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာကိုရွေးချယ်ပါ။

အစားအစာများကိုယေဘုယျအားဖြင့် အသီးအနှံ၊ အရွက်၊ အသား၊ အစေ့အဆံ၊ နို့နှင့် နို့ထွက်ပစ္စည်းများဟူ၍အုပ်စု၅စု ခွဲခြားထားပါတယ်။ သို့သော်လည်းမှတ်ရလွယ်ကူစေရန် Go, Slow & Whoa food ဟူ၍၃အုပ်စုခွဲခြားထားပါတယ်။

က။Go Foods

၎င်းသည်ကျန်းမာရေးနှင့်အညီညွှတ်ဆုံးသောအစာအုပ်စုဖြစ် သည်။ ကယ်လိုရီနည်း၍ အာဟာရဓါတ်များသောအစားအ အစာဖြစ်သောကြောင့်အချိန်မရွေးစားသုံးနိုင်ပါတယ်။ အဆီ မပါဝင်သောအသီးအနှံ၊ ပေါင်မုန့်ကြမ်း၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး ဆော့များပါဝင်သည်။

ခ။Slow foods

Slow foods များသည် အမြဲတမ်းမစားသင့်သောအစားအ စာများဖြစ်ပြီး သစ်သီးခြောက်၊ ဘီစကွတ်၊ အမဲသားစဉ်း ကော၊ ကြက်သား စသည်တို့ပါဝင်ပါတယ်။

ဂ။Whoa foods

၎င်းသည်ကျန်းမာရေးနှင့်မညီညွှတ်သောအစာအုပ်စုဖြစ်ပြီး အမြဲတမ်းစားသုံးပါကအဝလွန်နိုင်ပါတယ်။ ထို့ကြောင့်တတ် နိုင်သမျှလျှော့စားသင့်ပါတယ်။ ဟမ်ဘာဂါ၊ ပီဇာ၊ ချိစ် နှင့် ထောပတ်များပါဝင်ပါတယ်။

၂။ ဘယ်လောက်စားသင့်ပါသလဲ။

ကလေးများအတွက်သင့်လျော်သောအာဟာရနှင့် ကယ်လိုရီ ရရှိနိုင်ရန်အလွန်အရေးကြီးပါတယ်။ ကလေးများအတွက် နေ့စဉ်လိုအပ်သောအစားအစာပမာဏမှာ အသက်အရွယ်၊ ယောက်ျားလေး မိန်းကလေး၊ ကိုယ်လက်လှုပ်ရှားမှုပေါ်တွင် မူတည်ပါတယ်။

ယောက်ျားလေးများသည် မိန်းကလေးများ ထက်၊ အသက်ကြီးသူများသည်ငယ်သူများထက် အာဟာရ ဓါတ်ပိုလိုအပ်ပါတယ်။ ကလေးများလှုပ်ရှားမှုများပါက ကယ်လိုရီဓါတ်ပိုလိုပြီး ဖျားနေစဉ်နှင့် ကျန်းမာရေးအခြေနေ တစ်ခုခုရှိပါကလိုအပ်သည့်ပမာဏပြောင်းလဲနိုင်ပါတယ်။

ထို့ကြောင့်ကလေးဆရာဝန်နှင့် တိုင်ပင်၍အကြံဉာဏ်များယူ သင့်ပါတယ်။ ကျန်းမာရေးနှင့်မညီညွှတ်သောအစားအစာ များကိုလျှော့စားသင့်ပါတယ်။ ကလေးများ သင့်လျော်သောပမာဏစားသုံးနိုင်ရန် ဗိုက်ဆာခြင်းမဆာခြင်းကိုသူတို့ ကိုယ်တိုင်သိရှိရန်လိုအပ်ပါတယ်။ ထိုသို့သိရှိခြင်းဖြင့်အလွန် အကျွှံစားခြင်းများလျော့နည်းသွားမည်ဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။