backup og meta

ကလေးနှင့် ဗီတာမင်

ကလေးနှင့် ဗီတာမင်

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်များတွင် ဗီတာမင်သည် အရေးကြီးဆုံး အစိတ်အပိုင်းထဲမှ တစ်ခု ဖြစ်သည်။ ကလေး၏ ခန္ဓါကိုယ်သည် လိုအပ်သလောက် ဗီတာမင် ပမာဏကို မထုတ်လုပ်ပေးနိုင်သောကြောင့် ဗီတာမင်ဓါတ်များကို အစားအသောက်မှ နေ့စဉ် ရရှိရန်လိုအပ်သည်။

ဗီတာမင် အေ

ဗီတာမင်အေကို အဝါရောင်၊ လိမ္မော်ရောင်ရှိသော အစားအစာများ (ဥပမာ။ ။ မုန်လာဥ၊ ဝဥ ၊ ဖရုံသီး၊ နို့၊ ဒိန်ခဲ၊ ဥ) တွင် အလွယ်တကူ တွေ့ရှိရသည်။ ထိုဗီတာမင်သည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု၊ တစ်ရှုးနှင့် အရိုးပြန်လည် ပြုပြင်မှု၊ အရေပြားနှင့် မျက်လုံးကျန်းမာရေး၊ ကိုယ်ခံအား တို့ကို တိုးမြှင့်ပေးသော အစွမ်းအာနိသင်ရှိသည်။

ဗီတာမင် ဘီ

ဗီတာမင်ဘီ အုပ်စုတွင် ဗီတာမင် ဘီ ၂၊ ၃၊ ၆ နှင့် ၁၂ တို့ပါဝင်ပါသည်။ ၎င်းတို့သည် သင့်ကလေး၏ သွေးနီဥဆဲလ်တည်ဆောက်ခြင်း၊ ဇီဝဖြစ်စဉ်များကို ထောက်ပံ့ပေးခြင်း၊ ခန္ဓါကိုယ်အတွက် စွမ်းအင်ထုတ်ပေးခြင်း၊ သွေးလည်ပတ်မှုနှင့် အာရုံကြောစနစ် ကျန်းမာစေရန် အားပေးခြင်းတို့ကို ကူညီပေးပါသည်။ ဗီတာမင်ဘီကို အသား၊ ကြက်သား၊ ငါး၊ ဥ၊ အခွံမာသီး၊ နို့ ၊ ပဲ၊ ဒိန်ခဲ၊ ပဲပိစပ်တို့တွင် တွေ့ရှိနိုင်သည်။

ဗီတာမင် စီ

၎င်းကို ကြွက်သား ကျန်းမာရေး၊ တွယ်ဆက်တစ်ရှုးနှင့် အရေပြား ကြံ့ခိုင်သန်စွမ်းရေး၊ အနာကျက်ရေး၊ ရောဂါပိုးခုခံနိုင်စွမ်း မြင့်မားရေးတို့ အတွက် အသုံးများသည်။ များသောအားဖြင့် ဗီတာမင် စီ ကို အရည်ရွှမ်းသော ရှောက်အမျိုးအစားအသီးများ ( ဥပမာ ။ ။ ကီဝီ၊ သံပရို၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး) နှင့် ပန်းမုန်လာစိမ်းကဲ့သို့သော အစိမ်းရောင် ဟင်းသီးဟင်းရွက် များတွင် တွေ့ရှိရသည်။

ဗီတာမင် ဒီ

ဗီတာမင်ဒီသည် အရပ်ရှည်ဖို့ အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ ၎င်းသည် သွားနှင့် အရိုးဖွံ့ဖြိုးမှုကို အားပေးသည်။ ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာရင်းမြစ်များမှာ နို့နှင့် ဆယ်လ်မွန်၊မက်ကရယ်ကဲ့သို့သော အဆီများသောငါးများ ဖြစ်သည်။ နေရောင်ခြည်သည်လည်း သဘာ၀ ဗီတာမင်ဒီ ရင်းမြစ်တစ်မျိုးဖြစ်ပြီး ၎င်းသည် အရေပြားရှိ သဘာ၀ ဓါတ်ပစ္စည်းများကို တက်ကြွသော ဗီတာမင်ဒီ ပုံစံအဖြစ်ပြောင်းလဲမှုကို လှုံ့ဆော်ပေးသည်။

ကယ်လ်စီယမ်

သင့်ကလေး အရိုးအဆစ် သန်မာစေဖို့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ တို့ဖူး၊ လိမ္မော်ရည် ကဲ့သို့သော အစားအစာများကို ကျွေးပါ။ အချို့အခြေအနေများတွင် ကလေးဘဝတည်းက ကယ်လ်စီယမ် အလုံအလောက်မရရှိခြင်းသည် ကလေးဘ၀ ဖွံ့ဖြိုးမှုသာမက လူကြီးဘဝတွင် အရိုးအားနည်းခြင်း၊ အရိုးပွခြင်းကို ဖြစ်စေသည်။

သံဓါတ်

မိန်းကလေးများအတွက် သံဓါတ်သည် ရာသီစလာချိန်မှစ၍ အရေးကြီးသော အာဟာရဓါတ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သံဓါတ်သည် သွေးနီဥဆဲလ်များ ထုတ်လုပ်ခြင်းကို ပံ့ပိုးပေးသောကြောင့် ဖြစ်သည်။ ထို့ပြင် ကလေးခန္ဓါကိုယ်အတွက် ကြွက်သားတည်ဆောက်ခြင်း၊ သွေးထုတ်လုပ်ခြင်းအတွက် ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လျက်ရှိသည်။ သံဓါတ်ပမာဏ လျော့နည်းသောအခါတွင် ကလေးများသည် စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း ကဲ့သို့သော လက္ခဏာများ ရှိနိုင်သည်။

မိဘများသည် သံဓါတ်ကို အမဲသား၊ အနီရောင်ရှိသော အသားများ၊ ကြက်ဆင်၊ ဝက်သား၊ အသည်းအပါအဝင် အစားအစာများစွာတွင် တွေ့ရှိနိုင်သည်။ သံဓါတ်ပါသော အချို့ဟင်းသီးဟင်းရွက်များမှာ ဟင်းနုနွယ်၊ ပဲ၊ ဇီးသီးခြောက် တို့ဖြစ်ပါသည်။

Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vitamins for kids: do healthy kids need supplements? http://www.webmd.com/parenting/vitamins-for-kids-do-healthy-kids-need-vitamins#1. Accessed April 19, 2017
Vitamins Supplements and Children. https://www.healthychildren.org/English/ages-stages/gradeschool/nutrition/Pages/Vitamin-Supplements-and-Children.aspx. Accessed April 19, 2017

ယခုပုံစံ

09/08/2022

Dr. K Zin Thwe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပေဒိုဖီးလီးယား (Pedophilia) ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်း

ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ



Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement