လက်သည်းနီမှာပါတဲ့ အဆိပ်အတောက်တွေကကဘာတွေများလဲ……….
လက်သည်းနီတွေက အရောင်အသွေး စုံစုံလင်လင်နဲ့ လှပေမယ့် ဓာတုပစ္စည်းတွေလည်း အများကြီး ပါဝင်နေပါတယ်။ လက်သည်းနီထဲမှာ ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့
Toluene – Toluene က paint thinner၊ ပြုပြင်ထားတဲ့ ရနံ့၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေထဲမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ Toluene နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မှုက အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်သလို အာရုံကြောစနစ်နဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။
Triphenyl phosphate ( TPHP) – လက်သည်းနီ အများစုမှာပါတတ်တဲ့ TPHP ပလပ်စတစ်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ ရေရှည်မှာ ကျန်းမာရေးပြဿနာ တော်တော်များကို ဖြစ်စေနိုင်ပါတယ်။
Formaldehyde – Formaldehyde က ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်း တော်တော်များများမှာ ပါဝင်နေပါတယ်။ လက်သည်းနီတွေမှာတော့ Formaldehyde ကို လက်သည်းနီတွေ မကွာထွက်စေဖို့ အသုံးပြုကြတာပါ။ ဒါက ကြာရှည်ထိတွေ့မိတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာ ခံစားရနိုင်ပြီး ကင်ဆာရောဂါ ခံစားရနိုင်ပါတယ်။
Phthalates – Phthalates ကို ရနံ့တာရှည်ခံစေဖို့ အသုံးပြုကြသလို လက်သည်းနီ အချိန်ကြာမြင့်စွာ ခံစေဖို့ အသုံးပြုကြပါတယ်။ ငယ်စဉ်မှာ ဒီဓာတုပစ္စည်းနဲ့ ထိတွေ့မှုများတာက ကလေးကို ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးစေပြီး ဓာတ်မတည့်မှုရောဂါတွေ ခံစားရစေနိုင်ပါတယ်။
ဒါကြောင့် ဘေဘီလေးတွေကို အဆိပ်အတောက်ကင်းစွာနဲ့ ကြီးပြင်းလာစေဖို့ လက်သည်းနီ မဆိုးပေးကြဖို့ ပြောပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။