ဇာတိပ္ဖိုလ်သီး
ဇာတိပ္ဖိုလ်သီးမှာပါတဲ့ Myristician ဓါတ်ဟာ အာရုံမှောက်မှားခြင်းကို ဖြစ်စေပြီး ခံစားချက်ကို မြင့်စေပါတယ်။ ဒါပေမယ့် ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ မူးခြင်း၊ ပင်ပန်းနွးမ်နယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဖားပြုတ်
တချို့ကလေးများဟာ ဖားပြုတ်များကို ဖမ်းပြီး လျှာနဲ့လျက်ကြပါတယ်။ ဖားပြုတ်မှာ ပါဝင်တဲ့ 5-methoxy-N and N- dimethyltryptamine ဆိုတဲ့ ဓါတ်ဟာ ခံစားချက်ကို မြင့်စေလို့ပါပဲ။ အဲဒီဓါတ်ဟာ ကိုယ်ခန္ဓါထဲရောက်သွားရင် ခံစားမှုကောင်းစေတဲ့ ပစ္စည်းတွေ ထုတ်လွှတ် ပေးပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဆိပ်ရှိတဲ့ ဖားပြုတ်ကြောင့် အဆိပ်မိသေဆုံးခြင်း ဖြစ်တတ်ပါတယ်။
ဝမ်းလျှောပျောက်ဆေးများ
ကလေးတချို့ဟာ ဒီဆေးကို ခံစားမှုကောင်းဖို့ သုံးကြပါတယ်။ ပမာဏများသွားရင် အန္တရာယ် ရှိပါတယ်။
အမူးပျောက်ဆေးများ
ဒီဆေးတွေဟာ အာရုံမှောက်မှားခြင်းကို ဖြစ်စေတတ်ပါတယ်။ ပမာဏများသွားရင် အကြမ်းဖက်ချင်စိတ်ပေါက်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ခန္ဓါတွင်း အရာဝတ္တုများ ထည့်သွင်းခြင်း
ကလေးတချို့ဟာ tampon ကို အရက်ဆွတ်ပြီး မိန်းကလေးဆိုရင် မိန်းမကိုယ်ထဲ၊ ယောက်ျားလေး ဆိုရင် အူမကြီးထဲ ထည့်သွင်း တတ်ပါတယ်။ အယ်လ်ကိုဟောဟာ မိန်းမကိုယ်နဲ့ အူမကြီးက နုနယ်တဲ့ တစ်သျှူးတွေကို လောင်စားစေပါတယ်။ အူရောင်ခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။
I-Dosing
ဒီကိစ္စမှာ ဆေးတွေတော့ မပါဝင်ပါဘူး။ ဆယ်ကျော်သက်များဟာ အခွေတွေ၊ အင်တာနက် ဗီဒီယိုတွေကိုကြည့်ပြီး အာရုံ၊ အသံများကို စိတ်ကူးခံစားပြီး ခံစားချက်မြင့်အောင် လုပ်တတ်ကြပါတယ်။ ဒီအခွေတွေဟာ အကြားအာရုံ ထိခိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း စတဲ့ ဆိုးကျိုးတွေ ပေးပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။