backup og meta

အိပ်စက်ခြင်းနဲ့ ဖွံ့ဖြိုးခြင်းတို့ရဲ့ ဆက်နွှယ်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်စက်ခြင်းနဲ့ ဖွံ့ဖြိုးခြင်းတို့ရဲ့ ဆက်နွှယ်မှု

    လေ့လာမှုအသစ်တွေအရတော့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်ခြင်းဟာ မကြာခဏအိပ်စက်ခြင်းတို့နဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ၄၈နာရီအတွင်းမှာ တိုင်းတာထားရရှိထားတဲ့ တစ်နေ့တာလုံး အိပ်စက်ခဲ့တဲ့ အကြိမ်အရေအတွက်တွေနဲ့ အချိန်ကာလအပိုင်းအခြားဟာ ခန္ဓါကိုယ်အလျားဖွံ့ဖြိုးလာမှုနဲ့ သိသာထင်ရှားစွာ ဆက်စပ်နေပါတယ်။

    နောက်ထပ်လေ့လာမှုတွေကတော့ အိပ်ချိန်တစ်နာရီစာပိုရင် ၂၀% နဲ့ အိပ်တဲ့အကြိမ်အရေအတွက် တစ်ကြိမ်ပိုလာရင် ၄၃% ကြီးထွားမှုဖွံ့ဖြိုးမှု မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    အိပ်စက်ခြင်း၊ ကြီးထွားမှုနဲ့ ဟော်မုန်းများ

    လူတွေကိုကြီးထွားစေတဲ့ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ရဲ့ endocrine စနစ်အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေပါ။ အထူးသဖြင့်တော့ ကလေးငယ်တွေကို ကြီးထွားဖွံ့ဖြိုးစေတဲ့နေရာမှာ ပါဝင်ပါတယ်။ (ကလေးတွေ အရပ်ရှည်လာစေတဲ့ ဇီဝကမ္မဖြစ်စဉ်ကတော့ ဒါတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။) HGH ကိုသွေးကြောထဲရောက်အောင် အိပ်ပျော်နေစဉ်မှာ ဦးနှောက်က ထုတ်ပေးပါတယ်။ ပြီးတော့ ဒီထုတ်လွှတ်မှုဟာ အိပ်စက်နေစဉ်အတွင်း ပြန်လည်ပြုပြင်ခြင်းနဲ့ သိုလှောင်ခြင်းတွေ လုပ်ဆောင်နိုင်ခြင်းအတွက် အစိတ်အပိုင်းတစ်ခုပါပဲ။

    ဒီဟော်မုန်းဟာ ဦးနှောက်ရဲ့ Pituitaryဂလင်းကထုတ်လွှတ်ပေးတဲ့ ရှုပ်ထွေးတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပြီး ကလေးဘဝမှာ ကြီးထွားမှုကို အားပေးရုံမက အရွယ်ရောက်ပြီးချိန်အထိပါ ကျန်းမာသန်စွမ်းတဲ့ ခန္ဓါကိုယ်တစ်သျှူးတွေကို ထိန်းသိမ်းနိုင်ဖို့ ကူညီထောက်ပံ့ပေးပါတယ။် Pituitary ဂလင်းတွေဟာ ကြီးထွားစေတဲ့ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့နေရာမှာ အဆက်မပြတ်ထုတ်လွှတ်နေတာမဟုတ်ဘဲ သွေးခုန်သလို ထုတ်လွှတ်ပေးနေတာဖြစ်ပါတယ်။ အိပ်စက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက ဟော်မုန်းထုတ်လွှတ်မှုကို တိုးမြင့်စေပါတယ်။

    ပုံမှန်ကျန်းမာရေးကောင်းတဲ့လူတွေမှာဆိုရင်တော့ HGHထုတ်လွှတ်မှုရဲ့ အဓိက အခန်းကဏ္ဍဟာ ညဘက်မှာ အိပ်စက်မှု အခြေအနေ ၃ဆင့်ရဲ့ ပထမပိုင်းမှာ ဖြစ်ပါတယ်။

    တကယ်လို့ လူတစ်ယောက်က မအိပ်ဘဲ တစ်ညလုံးနေခဲ့မယ်ဆိုရင်တော့ သူအိပ်ပျော်သွားတဲ့အချိန်မှာ ကြီးထွားစေတဲ့ဟော်မုန်းတွေကို ထုတ်ပေးတော့မှာမဟုတ်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီးတဲ့အချိန် နောက်ပိုင်းမှ ပြန်အိပ်တဲ့အခါ ဟော်မုန်းတွေကို အပိုအနေနဲ့ထုတ်လွှတ်ပေးပြီး ပုံမှန်ထုတ်လွှတ်ပေးတဲ့ပုံစံကနေ ပြောင်းလဲသွားပါတယ်။

    လူလတ်ပိုင်းအရွယ်မှာတော့ ဦးနှောက်က ကြီးထွားဖွံ့ဖြိုးစေတဲ့ဟော်မုန်းထုတ်လွှတ်ပေးတဲ့ ပမာဏကို လျှော့ချလိုက်ပါတယ်။ ဒါကြောင့်ပဲ ခန္ဓါကိုယ်ကို နုပျိုနေဖို့အတွက် ဖြည့်စွက်ဟော်မုန်းတွေကို သုံးစွဲရပါတော့တယ်။ ဒီလို အသုံးပြုမှုတွေကို ဆေးပညာအရလည်း ကျယ်ပြန့်စွာလက်ခံထားခြင်းမရှိသေးသလို FDA ကလည်း အသိအမှတ်မပြုထားသေးပါဘူး။ (HGH ဖြည့်စွက်အားဆေးတွေကို အချို့သော Pathologies တွေအတွက် အသိအမှတ်ပြုထားပေမယ့် သာမန်အိုမင်းမှုတွေကိုထိန်းညှိဖို့အတွက်တော့ အသိအမှတ်မပြုထားပါဘူး)

    ကလေးတွေဟာ အိပ်စက်ချိန်ဘယ်လောက် လိုအပ်သလဲ။

    ကြီးထွားမှုဟာ သွေးတွေ၊ ကိုယ်တွင်းအင်္ဂါတွေ၊ ကြွက်သားတွေနဲ့ အရိုးတွေရဲ့ ဇီဝဖြစ်စဉ်အမျိုးမျိုးကို လှုံ့ဆော်စတင်နိုင်ဖို့ ဟော်မုန်း အမျိုးအစားအများကြီးလိုအပ်တဲ့ ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုပါ။ အရေးအကြီးဆုံးတစ်ခုကတော့ pituitary ဂလင်းကထုတ်ပေးတဲ့ ကြီးထွားစေတဲ့ဟော်မုန်း (သို့မဟုတ် human growth hormone )ပါပဲ။

    ဒီထုတ်လွှတ်မှုပေါ်မှာ အရာတော်တော်များများက သက်ရောက်မှုရှိနေပါတယ်။ ဥပမာ အာဟာရ၊ စိတ်ဖိစီးမှုနဲ့ လေ့ကျင့်ခန်းတွေလိုပေါ့။ ကလေးငယ်တွေမှာတော့ အိပ်စက်ခြင်းက အဓိက အချက်ပါ။ ကြီးထွားစေတဲ့ဟော်မုန်းကို တစ်နေ့လုံးထုတ်ပေးတာဖြစ်ပေမယ့် ကလေးတွေမှာတော့ ထုတ်လွှတ်မှုအများဆုံးအချိန်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး မကြာခင်မှာပါပဲ။

    ကလေးတိုင်းတော့ တူညီကြမှာမဟုတ်ပါဘူး။ အချို့ကလေးတွေမှာဆိုရင် အိပ်စက်ချိန်ပိုလိုတာ သိပ်မလိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ အသက် ၁နှစ်နဲ့ ၂နှစ်ကြားဆို အိပ်ချိန် ၁၁နာရီကနေ ၁၄နာရီထိလိုအပ်ပါတယ်။ (တစ်ရေးအိပ်ချိန်ပါ အပါ) ၃နှစ်မှ ၅နှစ်ကလေးတွေဆိုရင်တော့ ၂၄နာရီမှာ ၁၀နာရီကနေ ၁၃နာရီထိ လိုအပ်ပါတယ်။ (တစ်ရေးအိပ်ချိန်အပါ) ။

    လုံလောက်တဲ့အိပ်ချိန်မရရင် ကြီးထွားမှုပြဿနာတွေ- အဓိကအားဖြင့် ကြီးထွားနှုန်းနှေးတာနဲ့ မကြီးထွားတော့တာတွေ ဖြစ်စေနိုင်ပါတယ။် အိပ်စက်ရာမှာ ပြဿနာရှိတဲ့ကလေးတွေဟာ ကြီးထွားစေတဲ့ ဟော်မုန်းထုတ်လွှတ်မှုမှာလည်း ပြဿနာရှိနေနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement