backup og meta

မိသားစုနှင့် အတူနေချိန်ကို တိုးမြှင့်နိုင်ဖို့ နည်းလမ်း ၉ ချက်

မိသားစုတွေနဲ့ ပျော်ရွှင်ဖွယ်အချိန်တွေဖြတ်သန်းခြင်းဟာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ဒီခေတ်ရဲ့ နေထိုင်ပုံတွေကြောင့် အလုပ်ရှုပ်ပြီး ဒါကို မေ့နေတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ သင်ချစ်တဲ့ မိသားစုတွေနဲ့ အတူနေချိန်တွေကို ဘယ်လိုမြှင့်တင်မလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။

မိသားစုနှင့် အတူနေချိန်ကို တိုးမြှင့်နိုင်ဖို့ နည်းလမ်း ၉ ချက်

၁။ ညစာ တူတူစားပါ။

ညစာ တူတူစားခြင်းဟာ အစားတူတူစားခြင်းဆိုတဲ့ အဓိပ္ပာယ် ထက်ပိုလေးနက်ပါတယ်။ ဒါဟာ သင့်မိသားစုနဲ့ ရင်းနှီးတွယ်တာမှု ဖြစ်ပေါ်ဖို့၊ သူတို့ရဲ့ နေ့စဉ်အကြောင်းအရာတွေကို ဝေမျှဖို့ အရေးကြီးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို နားထောင်ပြီး သင့်မိသားစုဝင်တွေမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို သိရမှာမို့ ကူညီမှုတွေ၊ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။

၂။ အရာရာကို အတူတကွ ဖြေရှင်းခြင်း

အရာရာကို အတူတကွ ဖြေရှင်းခြင်းဟာ သင့်ကို သင့်ကလေးတွေနဲ့ စကားပြောဖို့ အခွင့်အလမ်းပေးပြီး သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ဘယ်အရာတွေကို ဖြတ်သန်းနေရသလဲဆိုတာ နားလည်စေမှာ ဖြစ်ပါတယ်။

၃။ ညစာစားအပြီး လမ်းလျှောက်ခြင်း

သင့်ကလေးတွေနဲ့ အစာအတူ စားပြီးပြီဆိုရင်တော့ ညစာစားအပြီးမှာ နာရီဝက်လောက် လမ်းလျှောက်သင့်ပါတယ်။ အပြင်က အေးချမ်းလှပတဲ့ ရာသီဥတုဟာ သင့်ကလေးတွေကို သူတို့ ထမင်းစားဝိုင်းမှာ မပြောဖြစ်တဲ့ အကြောင်းအရာတွေကို ထပ်မံပြောပြဖို့ အခွင့်အလမ်းပေးမှာဖြစ်ပါတယ်။

၄။ ချစ်ခင်ဖွယ် စာလေးတွေ ချန်ထားခဲ့ပါ။

ကလေးတွေဟာ အံ့သြမှုတွေကို နှစ်သက်ကြပါတယ်။ သင်အလုပ်မသွားခင် ဗီဒီယိုအတိုလေးတွေ၊ စာလေးတွေ ချန်သွားပေးသင့်ပါတယ်။ သူတို့နဲ့ မနက်ပိုင်းအချိန်ကို ဖြတ်သန်းဖို့ မဖြစ်နိုင်ပေမယ့် သူတို့ကို ချစ်ကြောင်းသိစေဖို့ သင်ကြိုးစားထားတယ်ဆိုတာသိရှိစေတာမို့ သူတို့ဟာ စိတ်လှုပ်ရှားပြီး ဒါကို ကြိုက်နှစ်သက်မှာဖြစ်ပါတယ်။

၅။ အတူတကွ စာဖတ်ပါ။

သင့်ကလေး ကြိုက်နှစ်သက်တဲ့ စာအုပ် (သို့) ဝတ္ထုကို သူတို့မအိပ်ခင် ဖတ်ပြခြင်းဟာ သင့်ချစ်ခြင်း မေတ္တာကို ပြသနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်သူတို့နဲ့ အတူ ညစာမစားနိုင်ရင် ဒါဟာ သင်နဲ့ သင့်ကလေးကို အတူတကွ အချိန်ကုန်ဆုံးစေနည်းတစ်မျိုးဖြစ်ပါတယ်။

၆။ သင့်ကလေးကို ကျောင်း (သို့) စာသင်ခန်းကို လိုက်ပို့ပါ။

ဒါဟာ ခက်ခဲသယောင်ရှိပေမယ့် သင့်ကလေးငယ်ကို ကျောင်း၊ သူတို့တက်နေတဲ့ အတန်းအစရှိတာတွေကို လမ်းလျှောက်ပြီး၊ ကားမောင်းပြီး ပို့ဖို့ ကြိုးစားသင့်ပါတယ်။ ဒါဟာ စကားပြောဖို့အချိန်ကို ဖန်တီးပေးမှာပါ။ သင့်ကလေးဟာ လုံခြုံမှုရရှိပြီး သင်သူတို့ကို ချစ်တယ်ဆိုတာ ခံစားရမှာဖြစ်ပါတယ်။ သူတို့ကို မြန်ဆန်တဲ့ အစားအသောက်၊ နေ့လည်စာတွေကိုလည်း ဖြစ်နိုင်ရင် ပြင်ဆင်ပေးသင့်ပါတယ်။

၇။ လစဉ် မိသားစု ခရီးသွားပါ။

မကြာခဏ မိသားစုနဲ့ ခရီးထွက်အချိန်ဖြုန်းခြင်းဟာလည်း လှပတဲ့ အမှတ်တရတွေကို ရရှိစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်ကြိမ်စီမှာ မတူတဲ့ နေရာတွေကို သွားနိုင်ပြီး ဒါမှမဟုတ်ရင်လည်း သင့်ကလေးတွေ နှစ်သက်တဲ့ အိမ်နားက ပန်းခြံတစ်ခုခု သွားနိုင်ပါတယ်။

၈။ မိသားစု ပုံပြင်တွေကို ဝေမျှပါ။

မိသားစု ပုံပြင်တွေကို ဝေမျှခြင်း၊ တန်ဖိုးထားမှုတွေ ဝေမျှခြင်းဟာ ကလေးတွေ ပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။

၉။ တစ်ပတ်တစ်ခါ အတူစားပါ။

သင်ဟာ မိသားစုအတွက် အလုပ်ရှုပ်လွန်းနေတာမျိုး မဖြစ်သင့်ပါဘူး။ တကယ်လို့ သင်ဟာ အလုပ်အလွန်လုပ်ပြီး အလုပ်ရှုပ်သူဖြစ်ခဲ့ရင်တောင် အနည်းဆုံးတစ်ပတ်တစ်ကြိမ်တော့ အတူစားဖို့ ကြိုးစားသင့်ပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ၊ ဒါမှမဟုတ် မုန့်စားချိန်တွေမှာ သင့်ချစ်သူ၊ ကလေးတွေနဲ့ အတူ စားသင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

30 Ways to Spend More Time with Your Family.
https://www.familiesforlife.sg/discover-an-article/Pages/30-Ways-to-Spend-More-Family-Time.aspx. Accessed December 8, 2106.
9 Ways to Maximize Family Time.
http://www.smartkidsasia.com/9-ways-to-maximize-family-time/. Accessed December 8, 2106.
Ten Ways to Make More Time for Your Kids
http://www.familyeducation.com/life/making-family-time/ten-ways-make-more-time-your-kids. Accessed December , 2106.

ယခုပုံစံ

13/07/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးငယ်ကိုရေချိုးပေးတဲ့အခါ ဘာကြောင့်ဆပ်ပြာမပါတဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့လိုတာလဲ

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/07/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ