backup og meta

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းအကြောင်း သင်သိဖို့လိုတဲ့အကြောင်းအရာများ

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းအကြောင်း သင်သိဖို့လိုတဲ့အကြောင်းအရာများ

ဆေးလိပ်သောက်ခြင်းဟာ ဆေးလိပ်သောက်သူတွေအတွက် အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိကြတဲ့အကြောင်းအရာပါ။ ဒါပေမယ့် ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သူဘေးနားမှာနေမိတာကလည်း ဆိုးကျိုးတွေဖြစ်စေနိုင်တာကိုတော့ လူတိုင်းမသိကြပါဘူး။ ဒါကို တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်းလို့ခေါ်ပါတယ်။ ဒီထဲမှာ ဆေးလိပ်သောက်သူကရှူထုတ်လိုက်တဲ့ မီးခိုးငွေ့ သို့မဟုတ် အခြားဆေးရွက်ကြီးပုံစံတွေ ဒါမှမဟုတ် အဖြစ်အများဆုံးက ဆေးလိပ်ငွေ့ရော ဆေးရွက်ကြီးငွေ့၂မျိုးလုံး ရှိနေတဲ့နေရာမှာ အသက်ရှူသွင်းမိတဲ့သူတွေပါဝင်ပါတယ်။

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းအတွက် သင်သိထားဖို့လိုတဲ့အချက်တွေနဲ့ ဘာကြောင့် သင်နဲ့သင့်ကလေးက ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုရှောင်သင့်သလဲဆိုတာကို ဖော်ပြထားပေးပါတယ်။

၁။ ဆေးလိပ်ငွေ့ဘယ်လောက်ပဲရှူရှိုက်မိရင် အန္တရာယ်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးရှိပါသလား။

အဖြေကတော့ သုည ပါပဲ။ ဆေးလိပ်ငွေ့ပမာဏ ဘယ်လောက်ကိုပဲ ရှူမိသည်ဖြစ်စေ များလှစွာသော ရောဂါတွေ ဥပမာ-ကင်ဆာလိုရောဂါမျိုးတွေ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ ခုခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် သူတို့ကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။

လူကြီးတွေစိတ်ထဲမှာမြဲမြဲမှတ်ထားဖို့အရေးကြီးတဲ့အချက်က စီးကရက်တစ်လိပ်မှာ ဓါတုပစ္စည်းတွေ ၄၀၀၀ ကနေ ၇၀၀၀ ထိပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်သောပစ္စည်းတွေက ၄၃ ကနေ ၆၉ ထိပါဝင်နိုင်တဲ့အပြင် အဆိပ်ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ၄၀၀ နဲ့အထက်ပါဝင်ပါတယ်။ ဥပမာ- ရာဘာဘိလပ်မြေထုတ်ဖော်မှုအတွက်သုံးတဲ့ Benzene (ဘန်ဇင်း) ၊ ဘက်ထရီ မှာ တွေ့ရတတ်တဲ့ ခဲ၊ လက်နက်တွေမှာတွေ့ရတဲ့ ဟိုက်ဒရိုဂျင်၊ ကြွက်သတ်ဆေးတွေမှာသုံးတဲ့ အာဆင်းနစ် စတဲ့ပစ္စည်းတွေပါဝင်နေပါတယ်။ အမေရိကားက ခွဲစိတ်ဆရာဝန် Benjamin ကတော့ ဆေးလိပ်ကို တိုက်ရိုက်သောက်သည်ဖြစ်စေ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိသည်ဖြစ်စေ ဆေးရွက်ကြီးကြောင့်ထိခိုက်ပျက်စီးမှုတွေကတော့ ချက်ချင်းဖြစ်မှာပါပဲလို့ဆိုထားပါတယ်။

၂။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် ပိုပြီးဆိုးရွားစေနိုင်ပါတယ်။

အငြင်းပွားစရာခေါင်းစဉ်တစ်ခုဖြစ်ပေမယ့် အချို့ကတော့ ပတ်ဝန်းကျင်ကဆေးလိပ်ငွေ့ကိုရှူခြင်းက ဆေးလိပ်သောက်ခြင်းထက်ပိုပြီး ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိသူတွေမှာ သေးငယ်တဲ့ အမှုန်အစုအဖွဲ့လေးတွေကို ဆေးလိပ်သောက်သူတွေထက်ပိုပြီးတွေ့ရတယ်ဆိုတဲ့အချက် ကနေ သိလာရတာပါ။ ဒါတွေက လူတွေရဲ့ အဆုတ်ထဲပိုပြီးဝင်ရောက်နိုင်ပါတယ်။ ဒါ့အပြင် စီးကရက်တွေမှာ အချို့သောအဆိပ်ဖြစ်စေတဲ့ဓါတုပစ္စည်းတွေကို ဆေးလိပ်သောက်သူရဲ့အဆုတ်ထဲမဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်တဲ့ filter ပါပြီး တစ်ဆင့်ခံရှူရှိုက်မိသူတွေကတော့ မျက်နှာဖုံး (facemask) မတပ်ထားတာကြောင့် အဆိပ်တွေအားလုံးကို အပြည့်အ၀ ရှူသွင်းလိုက်နိုင်ပါတယ်။

၃။ မွေးကင်းစကလေးတွေနဲ့ ကလေးငယ်တွေအတွက် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းရဲ့ အန္တရာယ်များ

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်းဟာ ကလေးငယ်တွေအတွက် အန္တရာယ်အကြီးမားဆုံးပါပဲ။ သူတို့လေးတွေရဲ့ အတွင်းကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ လူကြီးတွေထက် အများကြီးပိုလို့နုနယ်ပါသေးတယ်။

မကြာခဏ ဆေးလိပ်ငွေ့နဲ့ အချိန်အတော်ကြာထိတွေ့နေရတဲ့ကလေးငယ်တွေဟာ ချောင်းဆိုးရင်ကျပ်ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ သွေးကင်ဆာ၊ နားတွင်းပိုးဝင်ခြင်းနဲ့ ရင်ကျပ်ခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ခြေပိုများပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ရှိပြီးသား ကလေးငယ်တွေဟာ အခြားသော ဆေးလိပ်ငွေ့မခံရတဲ့ကလေးငယ်တွေနဲ့စာရင် ပြင်းထန်တဲ့ ရင်ကျပ်ရောဂါရနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းဟာ နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော မမွေးဖွားရသေးတဲ့ကလေးငယ်တွေသေဆုံးခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ မိခင်ကဆေးလိပ်သောက်တတ်သူဖြစ်နေတာ သို့မဟုတ် ကိုယ်ဝန်ဆောင်နေစဉ် မကြာခဏ ဆေးလိပ်ငွေ့ရှူမိတာတွေဟာ ကလေးငယ်ကို စောစီးစွာမွေးဖွားမှုဖြစ်စေနိုင်ပြီး မွေးဖွားလာတဲ့ကလေးတွေဟာလည်း မွေးစကိုယ်အလေးချိန်နည်းခြင်း သို့မဟုတ် တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးခြင်းတွေ အဖြစ်များပါတယ်။

၄။ သင့်ကလေးကို တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းကနေ ဘယ်လိုကာကွယ်မလဲ။

ဆေးလိပ်ငွေ့မှာပါတဲ့အဆိပ်ဓါတ်တွေကိုဖယ်ရှားနိုင်တဲ့ ပန်ကာ၊လေအေးပေးစက် ဒါမှမဟုတ် လေသန့်စင်စက်တွေမရှိဘူးဆိုတာကို လူကြီးတွေ သေချာနားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ဒါကြောင့် သင့်ကလေးကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ တတ်နိုင်သမျှ ဆေးလိပ်ငွေ့နဲ့ မထိတွေ့စေခြင်းပါပဲ။ သူတို့ကို ဆေးလိပ်ကင်းစင်နယ်မြေတွေကိုပဲခေါ်သွားပါ။ သင့်အိမ်နားနဲ့ သင့်ကားနားမှာဘယ်သူ့ကိုမှ ဆေးလိပ်သောက်ခွင့်မပြုပါနဲ့။ (ပရိဘောဂတွေမှာကျန်နေတတ်တဲ့ အကြွင်းအကျန်တွေက နှစ်ဆင့်ခံဆေးလိပ်သောက်သလိုဖြစ်စေတတ်ပါတယ်။ ) ဆေးလိပ်သောက်တတ်တဲ့ ကလေးထိန်းမငှားပါနဲ့။ ပြီးတော့ အရေးအကြီးဆုံးကတော့ သင်ကိုယ်တိုင် ဆေးလိပ်မသောက်ပါနဲ့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How We Can Protect Our Children from Secondhand Smoke A Parent’s Guide
https://www.cdc.gov/tobacco/basic_information/secondhand_smoke/protect_children/pdfs/protect_children_guide.pdf Accessed December 1, 2016

Second hand smoke is more dangerous than smoking http://perezhilton.com/fitperez/2011-09-03-second- hand-smoke- more-dangerous- then-smoking/?from=post Accessed December 1,2016

Surgeon General: No Amount of Smoking Is Safe http://www.webmd.com/smoking-cessation/news/20101209/surgeon-general- no-amount- smoking-safe Accessed December 1,2016.

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement