backup og meta

ကလေးဘ၀ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာရောဂါများ

ကလေးဘ၀ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာရောဂါများ

ကလေးဘဝတွင်ဖြစ်သောရောဂါများကို ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာရောဂါများ သို့မဟုတ် သင်ယူမှုဆိုင်ရာ ရောဂါများဟုခေါ်ပြီး များသောအားဖြင့် ကလေးကျောင်းနေစအရွယ်တွင် ဖြစ်ပွားတတ်ပါသည်။

ဒီရောဂါ၏လက္ခဏာများကို လူကြီးများတွင်ပါ ဖြစ်တတ်သော်လည်း ကလေးအရွယ်တွင် ပထမဦးဆုံး စဖြစ်ပေါ်လာခြင်းဖြစ်သည်။

အာရုံကြောဖွံဖြိုးမှုဆိုင်ရာ ရောဂါများ

အာရုံကြောဖွံဖြိုးမှုဆိုင်ရာရောဂါများကို ဗီဇဆိုင်ရာ သို့မဟုတ် နောက်မှဖြစ်လာသော ဦးနှောက်လုပ်ငန်းဆိုင်ရာ မသန်စွမ်းခြင်းဟု ဖော်ပြကြပြီး ကလေး၏အမူအကျင့်များ ကောင်းကောင်းမဖြစ်မြောက်ခြင်း၏ တရားခံဖြစ်သည်။

၎င်းသည် မှတ်ဉာဏ်နှင့် သင်ယူနိုင်မှုစွမ်းအားကိုပါ ထိခိုက်စေပြီး စိတ်မဖွံဖြိုးခြင်း၊ စာသင်စာဖတ်မရခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ အော်တစင်ရောဂါတို့ဖြစ်စေပါသည်။ ဗဟိုအာရုံကြောစနစ်ဖွံဖြိုးကြီးထွားရာတွင် ရှုပ်ထွေးသွားခြင်းဟုလည်း ဆိုနိုင်သည်။

ဤရောဂါအမျိုးအစားကို အဓိအားဖြင့် ၄ ခုခွဲထား၏။ သိမြင်ခြင်းဆိုင်ရာပျက်စီးခြင်း၊ အပြုအမူဆိုင်ရာပြဿနာများ၊ ရွေ့လျားလှုပ်ရှားနိုင်စွမ်း ပျက်စီးခြင်းနှင့် တက်ခြင်း တို့ဖြစ်သည်။ အာရုံကြောဖွံဖြိုးမှုဆိုင်ရာ အပြုအမူဆိုင်ရာရောဂါများတွင် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုရော အင်္ဂါလုပ်ငန်းစဉ်ဆိုင်ရာ ချို့ယွင်းမှုများပါ ပါ၏။ အာရုံကြောဆဲလ်များရွေ့လျားခြင်းကို ဓာတ်ရောင်ခြည်များထိတွေ့မိခြင်း၊ အရက် သို့မဟုတ် မီသိုင်းမာကျူရီတို့ကြောင့် ပျက်စီးစေနိုင်ပါသည်။

အာရုံမစိုက်နိုင်ပဲ တက်ကြွလွန်သည့်ရောဂါ (ADHD)

၎င်းသည် ငယ်ရွယ်စဉ်၌စတင်ဖြစ်ပွားတတ်ပြီး အရွယ်ရာက်သည်အထိအောင် ကြာရှည်တတ်၏။ ဒီအခြေအနေရှိနေသော ကလေးနှင့် အရွယ်ရောက်ပြီးသူများတွင် အာရုံကြာကြာမစိုက်နိုင်ခြင်း၊ ငြိမ်ငြိမ်မထိုင်နိုင်ခြင်း၊ ထိန်းမရနိုင်သည့်နည်းများဖြင့် လှုပ်ရှားခြင်းများ ရှိတတ်၏။

ထိုစရိုက်များကြောင့် မကြာခဏအဆူခံရတတ်ပြီး ပညာရေး၊ အလုပ်နှင့် တခြားသူများနှင့်ပေါင်းသင်းဆက်ဆံရာတို့တွင် တားဆီးမှုများစွာ ဖြစ်တတ်ပါသည်။

ADHD ရှိသောကလေးအများစုတွင် အထက်တွင်ပြောခဲ့သောလက္ခဏာများအားလုံး မရှိနိုင်ပါ။ ထို့အပြင် ယောက်ျားလေးနှင့် မိန်းကလေး လက္ခဏာကွဲပြားနိုင်သည်။ ယောက်ျားလေးများသည် ပိုတက်ကြွလွန်နိုင်ပြီး မိန်းကလေးများက ဖျားနာမှုပိုဖြစ်နိုင်သည်။

အာရုံမစိုက်နိုင်သည့် မိန်းကလေးများသည် ထိုအကြောင်းကို တွေးနေတတ်ပြီး ယောက်ျားလေးများသည် စိတ်မသက်မသာခံစားရကာ ငြိမ်ငြိမ်ထိုင်နေတတ်သည်မျိုးလည်းရှိသည်။ ယောက်ျားလေးများသည် လူကြီးမိဘဆရာများ ပြောသမျှကို မနာခံတတ်ပါ။

ထို့ကြောင့် ယောက်ျားလေးများတွင် ပိုသတိထားမိရလွယ်၏။ ADHD ကို သိရှိပြီး ကုသရန်လိုအပ်ပါသည်။ ပညာရေးတွင် အောင်မြင်ပြီး ပျော်ရွှင်သောဘဝရရှိနိုင်ရန်အတွက် ဆေးများ နှင့် စိတ်ရောဂါကုထုံးတို့နှင့် ကုသပေးရပါမည်။

အော်တစင်ရောဂါ

အော်တစင်သည် ကလေးဘ၀ အထူးသဖြင့် အသက် ၃နှစ်အောက်တွင်ဖြစ်သော autism spectrum disorders (ASD) ရောဂါအုပ်စုတွင်ပါသည်။ လက္ခဏာများနှင့် ရောဂါပြင်းထန်မှုသည် ကွဲပြားနိုင်သော်လည်း အော်တစင်တိုင်းသည် ကလေး၏ လူမှုဆက်ဆံရေးကို ထိခိုက်နိုင်ပါသည်။

အော်တစင်ကလေးများတွင် အဓိကဖွံဖြိုးမှုသုံးခုတွင် ပြဿနာများဖြစ်နေတတ်၏။ လူမှုဆက်ဆံရေး၊ ဘာသာစကားနှင့် အပြုအမူတို့တွင်ဖြစ်သည်။ သို့သော် အော်တစင်လက္ခဏာများသည် အတော်လေးကိုကွဲပြားနိုင်သောကြောင့် ရောဂါတူကလေးနှစ်ယောက်တွင်တောင် အပြုအမူများမတူခြင်း၊ ထူးချွန်သည့်အရည်အချင်းများ မတူခြင်းတို့ဖြစ်နိုင်ပါသည်။

ဖြစ်ရပ်အများစုတွင်တော့ ဆိုးဆိုးဝါးဝါးအော်တစင်ခံစားရခြင်းကို တခြားလူများနှင့် လုံးဝဆက်ဆံပြောဆိုမှုမလုပ်ခြင်းကိုကြည့်ပြီး သိနိုင်ပါသည်။

တချို့ကလေးများတွင် အစောပိုင်းအဆင့်များ၌ပင် လက္ခဏာများကို တွေ့ရသည်။ တချို့တွင်တော့ လအနည်းငယ် သို့ နစ်အနည်းငယ်ကြာသည်အထိ ပုံမှန်ဖွံဖြိုးနေပြီးနောက်မှ ရုတ်တရတ် ထဖြစ်ကာ ကြမ်းကြမ်းတမ်းတမ်းဖြစ်ခြင်း သို့မဟုတ် ရှိထားပြီသား ဘာသာစကားပြောနိုင်စွမ်းများ ပျောက်သွားခြင်းတို့ ဖြစ်နိုင်ပါသည်။ အော်တစင်ကလေးများတွင် အပြုအမူပုံစံများ မတူညီသော်လည်း တချို့လက္ခဏာများကတော့ တူညီနိုင်ပါသည်။

သွက်ချာပါဒဖြစ်ခြင်း

သွက်ချာပါဒဖြစ်သောကလေးများသည် အသက် ၅ နှစ်အမတိုင်မီ ဦးနှောက်ရှိ လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ အပြုအမူနှင့် အာရုံခံစားမှုဆိုင်ရာ အပိုင်းများ ထိခိုက်မိရာမှ ဖြစ်ရခြင်းဖြစ်သည်။

ထို့ကြောင့် ကလေးပုံမှန်ဟုတ်မဟုတ် သုံးသပ်နိုင်ရန် ထိုထိမိသည့်နေရာမှ အပြုအမူပြောင်းသွားမှုပေါ်ကြည့်ပြီး သိနိုင်ပါသည်။ သို့သော် တခြားသိသာထင်ရှားသည့် လက္ခဏာများလည်းရှိပါသေးသည်။ ၎င်းတို့ကိုတွေ့ရှိခြင်းဖြင့် ကလေးကိုကုသမှုပေးနိုင်ပါသည်။

ကလေးသည် အတော်လေးအားနည်းခြင်း သို့မဟုတ် မွေးဖွားပြီးနောက် ပျော့ခွေခွေဖြစ်ခြင်း အထူးသဖြင့် မွေးရခက်ခြင်း၊ ရေမြွှာရည် မွန်းခြင်း၊ နေ့မစေ့လမစေ့မွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ ခွဲမွေးခြင်းတို့ရှိထားလျှင် ပိုဖြစ်နိုင်သည်။

ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါရှိသောကလေးကို ကုသခြင်း ပြန်လည်ထူထောင်ခြင်းများ ပြုလုပ်ရာတွင် စောလျင်စွာ သိရှိကုသခြင်းက အတော်ပင်အရေးပါပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. John M. Grohol, Psy. D, Childhood & Developmental Disorders, https://psychcentral.com/childhood/. Accessed on March 23, 2017.
2. Journal of Childhood and Developmental Disorders, https://childhood-developmental-disorders.imedpub.com/. Accessed on March 23, 2017.

ယခုပုံစံ

04/06/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 04/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement