backup og meta

လည်ပင်းအဆစ်ချော်ခြင်းကို အများဆုံးဖြစ်စေသော အချက် ၃ ချက်


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ပင်းအဆစ်ချော်ခြင်းကို အများဆုံးဖြစ်စေသော အချက် ၃ ချက်

    လည်ပင်းအဆစ်ချော်ခြင်းသည် ဖြစ်ခဲသော်လည်း ဖြစ်လာလျှင် လည်ပင်းနာကျင်ခြင်းကို ခံစားရစေပါသည်။ အောက်ပါဆောင်းပါးသည် လည်ပင်းအဆစ်ချော်ခြင်းဖြစ်ပေါ်လာပုံကို ဖော်ပြပြီး သင်သည် လည်ပင်းအဆစ်ချော်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းများကို သိရှိနိုင်မည်ဖြစ်ပါသည်။

    (၁) ယိုယွင်းပျက်စီးခြင်း

    လည်ပင်းအဆစ်ချော်ခြင်းသည် အသက်ရွယ်အိုမင်းလာခြင်းကြောင့် ယိုယွင်းပျက်စီးခြင်းပင်ဖြစ်ပါသည်။ ခါးရိုးဆစ်များတွင် နုနယ်သော အတွင်းပိုင်းအလွှာနှင့် တောင့်တင်းသော အပြင်ပိုင်း အရိုးနုအလွှာဟူ ရှိပါသည်။ ထိုအရာများသည် ခါးရိုးကို ပြေပြစ်စွာ လှုပ်ရှားမှုများပြုနိုင်စေရန်နှင့် ထိခိုက်မှုများကို ခံနိုင်စေရန် လုပ်ဆောင်ပေးပါသည်။

    အချိန်ကြာလာသည်နှင့် အမျှ ခါးရိုးကြားရှိ အဆိုပါချပ်ပြားများသည် ရေဓါတ်ခမ်းခြောက်လာပြီး တဖြေးဖြေးပါးလာကြသည်။ ယင်းသည် ပုံမှန်ဖြစ်စဉ်တခုဖြစ်သော်လည်း အရိုးချပ်ပြားများပျက်စီးသော ရောဂါရှိသူများတွင် ရေဓါတ်များပိုခမ်းခြောက်ကာ ပိုပါးလာပြီး အဖိအဆန့်ဒဏ်ကို မခံနိုင်ဖြစ်လာကာ နောက်ဆုံးတွင် အဆစ်များ ချော်ထွက်သွားခြင်းဖြစ်ပါသည်။

    အရိုးချပ်ပြားများပျက်စီးသော ရောဂါရှိသူများတွင် အဆစ်ချော်ခြင်းသည် အဖြစ်များသော အခြေအနေတခုဖြစ်ပြီး အများအားဖြင့် လည်ပင်းဆစ်များတွင် ဖြစ်လေ့ရှိပါသည်။ ကျောရိုးနှင့် တဆက်တည်းဖြစ်သော လည်ပင်းဆစ်များသည် လည်ထွက်သွားခြင်း၊ အရှေ့၊ အနောက်သို့ ချော်ထွက်သွားခြင်းတို့ဖြစ်ကာ လှုပ်ရှားမှုများပိုများလာပါသည်။

    အချိန်ကြာလာသော် လည်ပင်းဆစ်များသည် အနေအထားမမှန်စွာ လှုပ်ရှားမှုများကြောင့် နေရာလွဲကာ ချော်ထွက်သွားခြင်းဖြစ်ရပါသည်။ လည်ပင်းရှိအဆစ်များတွင်ဖြစ်သော ထိုဖြစ်စဉ်သည် အသက်၅၀ ကျော်ပိုင်းတွင် အဖြစ်များကြောင်း တွေ့ရပါသည်။

    (၂)အလွန်အကျွံ အသုံးပြုခြင်း

    လည်ပင်းဆစ်များ ချော်ခြင်းကို အားကစားသမားများနှင့် အချို့သော အားကစားပုံစံများပြုလုပ်သူများတွင် တွေ့ရလေ့ရှိပါသည်။ ဥပမာ လည်ပင်းဆစ်များကို အလွန်အမင်းဆန့်ထုတ်ရသော လေ့ကျင့်ခန်းများသည် လည်ပင်းဆစ်ချော်ခြင်းကို ဖြစ်စေနိုင်ပါသည်။

    ထိုလေ့ကျင့်ခန်းများသည် သင့်အနောက်ဖက်ကျောရိုးရှိ အဆစ်များကို ဆက်ထားသော အရိုးငယ်လေးများကို လျော့ရဲစေကာ ကျောရိုးဆစ်များကျိုးခြင်း၊ ချော်ခြင်းကို ဖြစ်စေခြင်းဖြစ်ပါသည်။ ထိုသို့ ကျောရိုးဆစ်များကျိုးခြင်းကို အရိုးကျီးပေါင်းတက်ခြင်းဟု ခေါ်ပါသည်။

    ကျိုးခြင်းကြောင့် နာကျင်ခြင်းကို အမြဲ မဖြစ်စေနိုင်ပါ။ အရိုးကျီးပေါင်းတက်ခြင်းသည် အရိုးငယ်များကျိုးခြင်းကြောင့် တစ်ခုတည်းမဟုတ်ဘဲ အရိုးပေါ်သို့ ဖိအားသက်ရောက်မှုများ စုပုံလာခြင်းကြောင့် ဖြစ်ပါသည်။

    (၃)မွေးရာပါ ပြဿနာများ

    မွေးရာပါ ကျောရိုးပါးသော သူများသည် အဆစ်ချော်ခြင်းဖြစ်နိုင်ချေများကြောင်း လေ့လာသူများက ဆိုပါသည်။ အချို့သော ကလေးများသည် မွေးဖွားစဉ်ကတည်းက ကျောရိုးတွင် အနည်းငယ်ကျိုးပဲ့နေခြင်းဖြစ်တတ်ကြသည်။ ယင်းသည် အသက်ကြီးလာသည်နှင့် အမျှ ဒဏ်ဖြစ်ကာ အဆစ်ချော်ခြင်းဖြစ်ရခြင်းဖြစ်ပါသည်။ သို့သော် ထိုဖြစ်စဉ်သည် အရွယ်ရောက်သူများတွင် ဖြစ်ခဲပါသည်။

    အချုပ်ဆိုရသော် လည်ပင်းဆစ်ချော်ခြင်းသည် အဖြစ်များသော ပြဿနာမဟုတ်သော်လည်း ဖြစ်တတ်ပါသည်။ ထိုမှသာ ယင်းကိုဖြစ်စေသောအကြောင်းများကို သိထားခြင်းဖြင့် ခံစားရသော ဝေဒနာများကို သင့်တော်သော ကုသမှုများခံယူနိုင်မည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement