အဓိပ္ပါယ်ဖွင့်ဆိုချက်
လည်ပင်းကျီးပေါင်းတက်ခြင်း (cervical spondylosis) ဆိုတာဘာလဲ
လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အဆစ်တွေနဲ့ လည်ပင်းအဆစ်ကြား အချပ်ပြားတွေကိုထိခိုက်စေတဲ့ဝေဒနာတစ်ခုပါ။ လည်ပင်း (ဂုတ်) မှာအဖြစ်များပါတယ်။ လည်ပင်းအရိုးအဆစ်ရောင်ရမ်းတာလို့လည်းခေါ်ကြပါတယ်။ အရိုးနုနဲ့အရိုးတွေ ထိခိုက်ပျက်စီးမှုကြောင့် လည်ပင်ကျီးပေါင်းဖြစ်လာရတာပါ။
အသက် ၆၀ နှစ်နဲ့အထက်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်မှာ အရိုးကျီးပေါင်းဝေဒနာခံစားကြရတယ်၊ လို့လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။ လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါ နာတာရှည် နာကျင်ကိုက်ခဲမှုကိုပြင်းပြင်းထန်ထန်ခံစားရတာ၊ လည်ပင်းကတောင့်တောင့်ကြီးဖြစ်နေတာမျိုးခံစားရလေ့ရှိပေမယ့်တော်တော်များများကတော့ ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်ဆောင်နေနိုင်ကြပါတယ်။
လက္ခဏာများ
လည်ပင်းကျီးပေါင်း (cervical spondylosis) ရဲ့လက္ခဏာတွေက ဘာတွေလဲ
လည်ပင်းကျီးပေါင်းခံစားနေရသူတော်တော်များများမှာရောဂါလက္ခဏာတွေမပြတတ်ကြပါဘူး။ရောဂါလက္ခဏာပြတဲ့အခါမျိုးမှာလည်း လည်ပင်း (ဂုတ်) ကနာကျင်တာ၊တောင့်တောင့်ကြီးဖြစ်နေတာမျိုးကိုခံစားရနိုင်ပါတယ်။
အရိုးကျီးပေါင်းကပြင်းထန်လာတဲ့အခါမျိုးမှာတော့ –
- လက်မောင်း၊လက်၊ခြေထောက် နဲ့ခြေဖျားတို့မှာ ထုံကျဉ်ကျဉ်ဖြစ်နေတာ
- ဟန်ချက်ထိန်းရခက်ပြီး လမ်းလျှောက်ရခက်ခဲတာ
- ဆီးတွေဝမ်းတွေမထိန်းနိုင်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်လဲ
နာကျင်မှုကနေ့စဉ်လုပ်ဆောင်မှုတွေကိုပါ မလုပ်ဆောင်နိုင်အောင်ဖြစ်လာပြီဆိုရင်တော့ မဖြစ်မနေဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုပါမယ်။
အကြောင်းအရင်းများ
Risk factors
လည်ပင်းကျီးပေါင်း (cervical spondylosis)ဖြစ်နိုင်ခြေကိုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေ
လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေကိုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေကတော့ –
- အသက်အရွယ်ကြီးရင့်လာတာ
- လည်ပင်းလှုပ်ရှားမှုများတဲ့ အလုပ်တွေလုပ်ရတာ၊ လည်ပင်းအရိုးကို ဝန်ပိစေတဲ့ ကိုယ်နေဟန်ထားမျိုးနေတာ၊ အလေးအပင်တွေရွက်တာ
- လည်ပင်းရိုးမှာ ထိခိုက်ဒဏ်ရာရတာ။ လည်ပင်းအရိုးမှာထိခိုက်ဒဏ်ရာရထားသူတွေမှာ အရိုးကျီးပေါင်းဝေဒနာဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။
- မျိုးရိုးရှိနေတာ
- ဆေးလိပ်သောက်သုံးတာတွေကြောင့် လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။
ရောဂါအဖြေရှာခြင်းနှင့်ကုသမှု
လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုအတည်ပြုသလဲ
အရိုးတွေက အထိမခံနိုင်အောင်နာနေတဲ့အခါ ဆရာဝန်ဆီသွားပြရင် ဆရာဝန်က အရင်ဆုံး ဘယ်လို လက္ခဏာတွေခံစားနေရလဲဆိုတာကိုမေးပါလိမ့်မယ်။ အရင်ဆုံး physical examတွေလုပ်ခိုင်းပါလိမ့်မယ်။ ဂုတ်၊ကျောကုန်း၊ ပခုံးတွေမျာနာနေလားဆိုတာမျိုးပေါ့။ လက်မောင်းတွေ၊ လက်ဖျား၊ခြေဖျားတွေမှာ ထုံကျဉ်တာတွေဖြစ်နေလားဆိုတာကို စစ်ဆေးမယ်။ လမ်းလျှောက်တာကိုကြည့်တာမျိုးလုပ်ပါလိမ့်မယ်။
နေက်ထပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ X-rays၊computed tomography (CT) နဲ့ magnetic resonance imaging (MRI) တို့ကို အသုံးပြုပြီး စစ်ဆေးမှုတွေလုပ်ဆောင်ပါလိမ့်မယ်။ MRI ကတော့ပုံရိပ်တွေကို အကောင်းဆုံးဖော်ပြပေးနိုင်ပါတယ်။
လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုကုသသလဲ
လည်ပင်းကျီးပေါင်းကို ကုသတဲ့အခါ –
- အနားယူတာ
- nonsteroidal anti-inflammatory drugs (NSAIDs) လိုမျိုး အရောင်ကျဆေး ဒါမှမဟုတ်ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့ နီကိုတင်းမပါဝင်တဲ့ဆေးတွေကိုသောက်သုံးတာ
- နာတာရှည်ရောင်ရမ်းနာကျင်မှုကို ကုသတဲ့ ကုထုံးကိုအသုံးပြုတာ
- လည်ပင်းအရိုးလှုပ်ရှားမှုကို ထိန်းညှိပေးနိုင်စေဖို့ ကျီးပေါင်းသမားတွေဝတ်ရတဲ့ လည်ပင်းပတ်တာကိုဝတ်ဆင်ပေးတာ
- အပူကုထုံး၊ အအေးကုထုံးတွေကို ခံယူတာ
- အဆစ်ထဲကိုဆေးထိုးတာမျိုးတွေလုပ်ဆောင်လို့ရပါတယ်။
တကယ်လို့ လည်ပင်းကျီးပေါင်းဖြစ်နေတာက အချိန်အတော်ကြာနေပြီဆိုရင်တော့ လိုအပ်ရင်ခွဲစိတ်ကုသတာမျိုး လုပ်ဆောင်ရနိုင်ပါတယ်။ ကျီးပေါင်းကို ခွဲစိတ်ကုသမှုခံရတာက ရှားတော့ရှားပါတယ်။
နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ
လည်ပင်းကျီးပေါင်း (cervical spondylosis)ကြောင့်နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ
လည်ပင်းကျီးပေါင်းကြောင့် ပင်မအာရုံကြောတွေကို သွားဖိမိတာမျိုးရှိလာနိုင်ပါတယ်။ ဒီအခြေအနေက အချိန်ကြာလာတဲ့အခါ ခန္ဓါကိုယ်မှာနာတာရှည် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
အိမ်တွင်းကုသမှုများ
- ibuprofen နဲ့naproxen sodium တို့လိုမျိုး အကိုက်အခဲသက်သာစေတဲ့ဆေးတွေသောက်သုံးလို့ရပါတယ်။
- ကြွက်သားတွေနာကျင်တာ၊ ကျီးပေါင်းကြောင့်နာကျင်တာကို သက်သာစေဖို့ နာကျင်ကိုက်ခဲတဲ့နေရာကိုရေနွေးအိတ်ကပ်ပေးတာ၊ရေခဲဝတ်ကပ်ပေးတာမျိုးတွေလုပ်ပေးလို့ရပါတယ်။
- ကျီးပေါင်းသက်သာလာအောင်လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။
- နာကျင်မှုယာယီသက်သာစေဖို့ ကျီးပေါင်းသမားတွေပတ်ရတဲ့ လည်ပင်းပတ်တာကို ဝတ်ဆင်ပေးလို့ရပါတယ်။ ဒီလည်ပတ်ကိုရေရှည်ဝတ်ဆင်ဖို့တော့မသင့်ပါဘူး။ ကြွက်သားတွေကို အားနည်းစေနိုင်တာကြောင့်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]