ရောဂါအဖြေရှာခြင်းနှင့်ကုသမှု
လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုအတည်ပြုသလဲ
အရိုးတွေက အထိမခံနိုင်အောင်နာနေတဲ့အခါ ဆရာဝန်ဆီသွားပြရင် ဆရာဝန်က အရင်ဆုံး ဘယ်လို လက္ခဏာတွေခံစားနေရလဲဆိုတာကိုမေးပါလိမ့်မယ်။ အရင်ဆုံး physical examတွေလုပ်ခိုင်းပါလိမ့်မယ်။ ဂုတ်၊ကျောကုန်း၊ ပခုံးတွေမျာနာနေလားဆိုတာမျိုးပေါ့။ လက်မောင်းတွေ၊ လက်ဖျား၊ခြေဖျားတွေမှာ ထုံကျဉ်တာတွေဖြစ်နေလားဆိုတာကို စစ်ဆေးမယ်။ လမ်းလျှောက်တာကိုကြည့်တာမျိုးလုပ်ပါလိမ့်မယ်။
နေက်ထပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ X-rays၊computed tomography (CT) နဲ့ magnetic resonance imaging (MRI) တို့ကို အသုံးပြုပြီး စစ်ဆေးမှုတွေလုပ်ဆောင်ပါလိမ့်မယ်။ MRI ကတော့ပုံရိပ်တွေကို အကောင်းဆုံးဖော်ပြပေးနိုင်ပါတယ်။
လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုကုသသလဲ
လည်ပင်းကျီးပေါင်းကို ကုသတဲ့အခါ –
- အနားယူတာ
- nonsteroidal anti-inflammatory drugs (NSAIDs) လိုမျိုး အရောင်ကျဆေး ဒါမှမဟုတ်ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့ နီကိုတင်းမပါဝင်တဲ့ဆေးတွေကိုသောက်သုံးတာ
- နာတာရှည်ရောင်ရမ်းနာကျင်မှုကို ကုသတဲ့ ကုထုံးကိုအသုံးပြုတာ
- လည်ပင်းအရိုးလှုပ်ရှားမှုကို ထိန်းညှိပေးနိုင်စေဖို့ ကျီးပေါင်းသမားတွေဝတ်ရတဲ့ လည်ပင်းပတ်တာကိုဝတ်ဆင်ပေးတာ
- အပူကုထုံး၊ အအေးကုထုံးတွေကို ခံယူတာ
- အဆစ်ထဲကိုဆေးထိုးတာမျိုးတွေလုပ်ဆောင်လို့ရပါတယ်။
တကယ်လို့ လည်ပင်းကျီးပေါင်းဖြစ်နေတာက အချိန်အတော်ကြာနေပြီဆိုရင်တော့ လိုအပ်ရင်ခွဲစိတ်ကုသတာမျိုး လုပ်ဆောင်ရနိုင်ပါတယ်။ ကျီးပေါင်းကို ခွဲစိတ်ကုသမှုခံရတာက ရှားတော့ရှားပါတယ်။
နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ
လည်ပင်းကျီးပေါင်း (cervical spondylosis)ကြောင့်နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ
လည်ပင်းကျီးပေါင်းကြောင့် ပင်မအာရုံကြောတွေကို သွားဖိမိတာမျိုးရှိလာနိုင်ပါတယ်။ ဒီအခြေအနေက အချိန်ကြာလာတဲ့အခါ ခန္ဓါကိုယ်မှာနာတာရှည် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
အိမ်တွင်းကုသမှုများ
လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုသက်သာစေနိုင်မယ့် အိမ်းတွင်းကုထုံးအချို့
တကယ်လို့များ လည်ပင်းကျီးပေါင်းက သိပ်မပြင်းထန်ဘူးဆိုရင် မိမိနေအိမ်မှာပဲ သက်သာအောင်လုပ်လို့ရတဲ့နည်းလေးတွေရှိပါတယ်။ ဒါတွေကတော့ –
- ibuprofen နဲ့naproxen sodium တို့လိုမျိုး အကိုက်အခဲသက်သာစေတဲ့ဆေးတွေသောက်သုံးလို့ရပါတယ်။
- ကြွက်သားတွေနာကျင်တာ၊ ကျီးပေါင်းကြောင့်နာကျင်တာကို သက်သာစေဖို့ နာကျင်ကိုက်ခဲတဲ့နေရာကိုရေနွေးအိတ်ကပ်ပေးတာ၊ရေခဲဝတ်ကပ်ပေးတာမျိုးတွေလုပ်ပေးလို့ရပါတယ်။
- ကျီးပေါင်းသက်သာလာအောင်လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။
- နာကျင်မှုယာယီသက်သာစေဖို့ ကျီးပေါင်းသမားတွေပတ်ရတဲ့ လည်ပင်းပတ်တာကို ဝတ်ဆင်ပေးလို့ရပါတယ်။ ဒီလည်ပတ်ကိုရေရှည်ဝတ်ဆင်ဖို့တော့မသင့်ပါဘူး။ ကြွက်သားတွေကို အားနည်းစေနိုင်တာကြောင့်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။