ခါးဆစ်ချော်ခြင်းဆိုသည်မှာ ခါးရိုးတလျှောက်တွင်ရှိသော အဆစ်များသည် အရှေ့ဘက်သို့ကျွံထွက်သွားခြင်းကို ဆိုလိုပါသည်။ ယင်းဖြစ်စဉ်သည် ခါးအောက်ပိုင်းနေရာများတွင်ဖြစ်လေ့ရှိပြီး ခါးဆစ်ချော်ခြင်း ဆိုးရွားပြင်းထန်ပါက ခါးရိုးရှိအာရုံကြောများနှင့် ပင်မအာရုံကြောမကြီးကိုပါဖိမိကာ ရောဂါလက္ခဏာများ ပိုဆိုးတတ်ပါသည်။
ခါးဆစ်ချောခြင်း အမျိုးအစားများ
ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။
- ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း
ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။
- ခါးအဆစ်အလယ်နေရာ ချော်ခြင်း
ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။
- မွေးရာပါ ခါးဆစ်ချော်ခြင်း
ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အရိုးများဖြစ်တည်မှု အနေအထားမမှန်ခြင်းသည် ခါးရိုးနေရာများလွဲပြီး အဆစ်ချော်နိုင်ချေများလာစေသော အချက်ဖြစ်သည်။
အဖြစ်နည်းသော ခါးဆစ်ချော်ခြင်း အမျိုးအစားများမှာ အောက်ပါတို့ဖြစ်ပါသည်။
- ထိခိုက်မိခြင်းကြောင့် ခါးဆစ်ချော်ခြင်း
ထိုသို့ဖြစ်ခြင်းသည် ခါးအရိုးကျိုးသွားခြင်းနှင့် ခါးကျောရိုးခွဲစိတ်မှုများ အပြီး တွင် ဖြစ်တတ်ပါသည်။
- ခွဲစိတ်ပြီးနောက် ခါးဆစ်ချော်ခြင်း
ယင်းသည် ခွဲစိတ်ပြီးချိန်တွင် ခါးဆစ်များ နေရာချော်သွားခြင်းကြောင့် ပိုဆိုးလာသော အနေအထားမျိုးကို ဆိုလိုပါသည်။
- ရောဂါကြောင့် ခါးဆစ်ချော်ခြင်း
ယင်းသည် အရိုးပွခြင်း ကဲ့သို့သော ရောဂါများကြောင့် ကျီးပေါင်းဖြစ်ခြင်းဖြစ်ပါသည်။
ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော အချက်များ
ခါးဆစ်ချော်ခြင်းနှင့် ပက်သက်ပြီး အောက်ဖော်ပြပါများသည် သိလေး ပိုကောင်းလေအချက်များဖြစ်ပါသည်။ ထို့ပြင် ရောဂါနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သိရှိစေနိုင်ပါသည်။
· ခါးဆစ်ချော်ခြင်း (Spondylolisthesis) ဟူသော စာလုံးတွင် Spondylo ဟူသည် ခါးအဆစ် ဟုအဓိပ္ပါယ်ရပြီး Listhesis ဟူသည် ချော်ခြင်းဟုအဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် စာလုံးနှစ်ခုပေါင်းလိုက်သော် ခါးဆစ်ချော်ခြင်းဆိုသည်မှာ ခါးရိုးတလျှောက်တွင်ရှိသော အဆစ်များသည် အရှေ့ဘက်သို့ကျွံထွက်သွားခြင်းကို ဆိုလိုပါသည်။
· ခါးဆစ်ချော်ခြင်းသည် ဆယ်ချော်သက်များတွင် ခါးနာကျင်မှု၏ အဖြစ်များသော အကြောင်းအရင်းဖြစ်ပြီး တခါတရံတွင် လူပျို၊ အပျိုဖော်ဝင်ချိန် ကြီးထွားမှုများဖြစ်နေချိန်တွင် ရောဂါလက္ခဏာများပြလေ့ရှိပါသည်။
· ခါးဆစ်ချော်ခြင်းကြောင် ခံစားရသော နာကျင်မှုများကို အဆင့် ၁ မှ ၅ အထိသတ်မှတ်ထားပါသည်။ အဆင့် ၁ သည် ခါးဆစ်၏ ၁ % မှ ၂၅% ချောထွက်ခြင်းဖြစ်ပြီး ခါးဆစ်တခုလုံးချော်ထွက်သွားခြင်းကို အဆင့် ၅ သတ်မှတ်ပါသည်။
· ခါးဆစ်ချော်ခြင်းကို ရိုးရိုးဓါတ်မှန်ဖြင့် သိနိုင်သော်လည်း သံလိုက်ဓါတ်မှန်ရိုက်ခြင်းဖြင့် အာရုံကြောများထိခိုက်နေမှုကိုလည်း တွေ့မြင်နိုင်ပါသည်။ အာရုံကြောများထိခိုက် မိပါက နာကျင်မှုဝေဒနာများ ပိုဆိုးစေသောကြောင့်ဖြစ်ပါသည်။
· ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုများကို နှစ်ရှည်လများခံစားနေရပါက ကိုယ်အလေးချိန်တက်လာခြင်း၊ အရိုးသိပ်သည်းဆနည်းခြင်း နှင့် ကြွက်သားများအားနည်းခြင်းတို့ဖြစ်လာနိုင်ပါသည်။
· ခါးဆစ်ချော်ခြင်းသည် ကုသလျှင် ပျောက်ကင်းမှုနှုန်းများသော ရောဂါဖြစ်ပါသည်။ လူနာအများစုသည် ခွဲစိတ်ရန်မလိုသော ကုသမှုများနှင့်ပင်လျှင် သိသိသာသာကောင်းမွန်လာကြောင်းတွေ့ရပါသည်။
အချုပ်ဆိုရသော် ခါးဆစ်ချော်ခြင်းကို ကာကွယ်ရန် မဖြစ်နိုင်သော်လည်း အာဟာရပြည့်သော အစားအစာများစားခြင်း၊ ကိုယ်အလေးချိန်မှန်အောင် ထိန်းခြင်း၊ ဆန့်ထုတ်သော လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးခြင်းတို့ဖြင့် ကျန်းမာရေးနှင့် အညီနေထိုင်သင့်ပါသည်။ ရောဂါလက္ခဏာများ ပိုဆိုးလာပါက ခါးအရိုးအဆစ်အထူးကုဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှုများခံယူသင့်ပါသည်။
[embed-health-tool-bmi]