backup og meta

အရိုးနုလေးတွေ ကျန်းမာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးနုလေးတွေ ကျန်းမာစေဖို့

    ခန္ဓာကိုယ်ကို အရိုးကြွက်သား၊ အကြော၊ အရွတ်၊ အရိုးနုတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီအစိတ်အပိုင်းတွေအားလုံး ကျန်းမာပြီး ကိုယ့်တာဝန်ကိုယ်ကျေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကိုကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုလည်းရှိပါတယ်။ ဒါကတော့ အရိုးနုပါ။

    အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓာကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီးကွေးနိုင်ဆန့်နိုင်တာပါ။ ဒီတစ်ခေါက်တော့ ကွေးလိုက်ဆန့်လိုက်တိုင်းမှာ အဆစ်ထဲက နာတာ ၊ တကျွတ်ကျွတ်မြည်သံတွေထွက်တာကနေကင်းဝေစေဖို့အတွက် အရိုးနုလေးတွေ ကျန်းမာအောင် စားပေးသင့်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးပါရစေနော်။

    အရိုးနုက ဒီလောက်ထိအရေးပါတာပါ

    အရိုးနုဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ တွယ်ဆက်တစ်ရှူးလို့သိထားကြပြီး ခန္ဓာကိုယ်နေရာအနှံ့မှာရှိနေနိုင် ပါတယ်။ အရိုးနုလေးတွေ ကျန်းမာကောင်းမွန်နေလို့သာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လိုသလို အကွေးအဆန့်လုပ်ပြီး လှုပ်ရှားနိုင်နေတာပါ။ တကယ်လို့ အရိုးနုလေးတွေသာ ထိခိုက်ပျက်စီးသွားမယ်ဆိုရင်ရောင်ရမ်းနာကျင်တာ၊ အကြောတွေတင်းတောင့်နေတာ၊ နာကျင်တာတွေခံစားရနိုင်ပါတယ်။ ဒီအခြေအနေကနောက်ပိုင်းမှာ အဆစ်အမြစ်တွေရာင်ရမ်းနာကျင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။

    အရိုးနုလေးတွေကျန်းမာစေဖို့ ဘာတွေစားရမလဲ

    • ပဲတောင့်ရှည်

    ပဲတောင့်ရှည်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလျော့ကျဖို့ဆိုရင် ကိုယ်တွင်းမှာကော်လာဂျင်ပရိုတင်းပြည့်ဝနေဖို့ကလည်း မဖြစ်မနေလိုအပ်မှာပါ။ ပဲတောင့်ရှည်ကိုပုံမှန်စားသုံပေးမှုက အရိုးနုလေးတွေကျန်းမာနေစေဖို့လိုအပ်တဲ့ကော်လာဂျင်ကိုပြည့်ပြည့်ဝဝရရှိစေနိုင်ပြီး အရိုးနုလေးတွေပျက်စီးခဲ့ရင်တောင်ပြန်လည်ကောင်းမွန်အောင်အားဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ ပဲအမျိုမျိုး၊မြေပဲနဲ့ ပဲနီလေးတို့လိုမျိုး ပဲတွေစားသုံးပေးတာကလည်း အရိုးနုကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

    အရိုးနုလေးတွေအတွက် လိုအပ်တဲ့ ပရိုတင်းဖြစ်တဲ့ကော်လာဂျင်ကို ထုတ်လုပ်ဖို့ ခန္ဓာကိုယ်မှာ ဗီတာမင် C လိုအပ်မှာပါ။ ဒီဓါတ်ကို လိမ္မော်သီးက အပြည့်အဝရရှိစေနိုင်ပါတယ်။ အရိုးနုတွေ ပျက်စီးသွားခဲ့ရင်တောင် ကော်လာဂျင်ပရိုတင်းပြည့်ပြည့်ဝဝရရှိမယ်ဆိုရင် ပြန်လည်ကောင်းမွန်စေနိုင်တာကြောင့်ကော်လာဂျင်ပြည့်ယနေစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် C ကပြည့်ဝနေမှဖြစ်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လိမ္မော်သီးအပြင် ဗီတာမင် Cပြည့်ဝစွာပါဝင်နေတဲ့ ကီဝီသီး၊ ငရုတ်ပွ၊ ကိုက်လန်၊ စတော်ဘယ်ရီတို့ကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

    သလဲသီးက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့်အရိုးနုလေးတွေကျန်းမာစေဖို့ စားသုံးသင့်တဲ့အစားအစာတွေထဲမှာ သလဲသီးကိုမေ့ထားလို့ မဖြစ်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ သလဲသီးစားပေးပါ။

    လက်ဖက်စိမ်းရေနွေးကြမ်းက ကျန်းမာရေးကောင်းစေတယ်ဆိုတာကတော့ အာလုံးလိုလိုသိထားပြီးဖြစ်မှာပါ။ ဒီလိုမျိုး များပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အရိုးနုလေးတွေကို ကျန်းမာစေတာကလည်း တစ်ခုအပါအဝင်ပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့catechins နဲ့ polyphenolsဒြပ်ပေါင်းတွေက အရိုးနုကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် နေ့စဉ်လက်ဖက်စိမ်းရေနွေးကြမ်းလေးတစ်ခွက်လောက်သောက်ပြီး ခန္ဓာကိုယ်ကျန်းမာအောင်ဂရုစိုက်လိုက်ပါ။

    အဆစ်တွေနာတဲ့အခါ အသုံးပြုတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ hyaluronic acid ပါ။ ဒီအက်ဆစ်က အဆစ်တွေလှုပ်ရှားလို့ကောင်းအောင်ချောဆီအဖြစ်လုပ်ဆောင်ပေးပါတယ်။ အရိုးနုပျက်စီးတာလိုမျိုး အသေးစားကိစ္စတွေကိုကုသရာမှာ hyaluronic acid ကို အသုံးပြုကြတာပါ။ ဒီအက်ဆစ်ကို အစားအသောက်ကနေရရှိနိုင်မယ့် အရင်းအမြစ်က ဆန်လုံးညိုပါ။ ဒါကြောင့် နေ့စဉ်လှုပ်ရှားမှုမှာ အရေးပါတဲ့ အရိုးနုလေးတွေ မပျက်စီးဖို့ဆိုရင် ဆန်လုံးညိုကိုလည်း စားသုံးပေးဖို့လိုပါလိမ့်မယ်။ ဆန်လုံးညိုအပြင် မုန်လာဥနီ၊ အမဲသား၊ ဖရုံစေ့တို့ကိုလည်း စားသုံးပေးလို့ရပါတယ်။

    ခန္ဓာကိုယ်မှာhyaluronic acid များစေဖို့အတွက် ဒီအက်ဆစ်ဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်စေဖို့  မဂ္ဂနီဆီယမ်ကို လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ကို ရရှိဖို့ဆိုရင် အခွံမာသီးတွေဖြစ်တဲ့ သစ်ကြားသီး၊ နှမ်းတို့လိုမျိုး အရာတွေကို စားသုံးပေးဖို့လိုအပ်ပါမယ်။ မက်ကာရယ်၊ တူနာတို့လိုမျိုး ပင်လယ်ငါးတွေမှာလည်း မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။

    ဟင်းလျာတွေကို အရသာကောင်းမွန်စေဖို့အတွက် သံလွင်ဆီကိုထည့်ချက်ကြပါတယ်။ သံလွင်ဆီက ဟင်းလျာတွေကို အရသာကောင်းစေရုံတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အရေးပါတဲ့ အရိုးနုလေးတွေကိုပါကျန်းမာစေနိုင်ပါတယ်။

    နေ့စဉ်တိုင်းမှာကောင်းကောင်းလှုပ်ရှားနိုင်စေဖို့အတွက် ကျန်းမာတဲ့အရိုးနုလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ အခုပြောခဲ့တာလေးတွေကို စားသုံပေးဖို့ တိုက်တွန်းပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement