brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တံတောင်ဆစ်က ဘယ်လို ပုံစံရှိပြီးတော့ သူ့ရဲ့လုပ်ဆောင်မှုတွေက ဘာတွေလဲ

တံတောင်ဆစ်နာကျင်မှုဟာ အများအားဖြင့်တော့ ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ သင့်ရဲ့ တံတေင်ဆစ်ကို သုံးတာများလွန်းလို့ ဖြစ်ရတာပေမယ့် တံတောင်ဆစ်နာကျင်မှုဟာ တကယ်ကို စိတ်ပျက်စရာကောင်းလွန်းလှပါတယ်။

တံတောင်ဆစ်က ဘယ်လို ပုံစံရှိပြီးတော့ သူ့ရဲ့လုပ်ဆောင်မှုတွေက ဘာတွေလဲ

တံတောင်ဆစ်က ဘယ်လိုပုံစံရှိလဲ။

တံတောင်ဆစ်ဟာ အဓိက အရိုးသုံးချောင်း ပေါင်းဆုံရာနေရာဖြစ်ပြိး အရွတ်တွေနဲ့ သွယ်ဆက်ထားပါတယ်။ အရိုးတွေကို ကြွက်သားကြောတွေနဲ့ ဆက်သွယ်ခြင်းအားဖြင့် ကြွက်သားတွေက ဒီအရိုးတွေကို နည်းအမျိုးမျိုးနဲ့ လှုပ်ရှားစေပါတယ်။

တံတောင်ဆစ်ကို ဖန်တီးထားတဲ့ အရိုးတွေကတော့-

လက်မောင်းရိုး (Humerus) ။ ။ ပုခုံးအရိုးကွင်းကနေထွက်လာတဲ့ ဒီအရိုးရှည်ကြီးဟာ လက်ဖျံရိုးနှစ်ချောင်းဖြစ်တဲ့ radius နဲ့ Ulna တို့နဲ့ ဆက်သွယ်ပြီး တံတောင်ဆစ်ဖြစ်လာပါတယ်။

Radius (လက်ဖျံရိုး)။ ။ ဒီလက်ဖျံရိုးကတော့ တံတောင်ဆစ်ကနေ လက်ကောက်ဝတ်ဘေး လက်မ ထိ ရှိပါတယ်။

Ulna ( လက်ဖျံရိုး) ။ ။ ဒီလက်ဖျံရိုးကတော့ တံတောင်ဆစ်ကနေပြီး လက်ကောက်ဝတ်ဘေး လက်သန်းထိ ရှည်ပါတယ်။

လုပ်ဆောင်ချက်များ

အဓိက အရိုးသုံးချောင်းရဲ့ ဦးတည်ရာကိုလိုက်ပြီး တံတောင်ဆစ်ကလည်း အနေအထားသုံးမျိုး ပြောင်းလဲလို့ရပါတယ်။ ပထမတစ်မျိုးကတော့ Large hinge action ဖြစ်ပြီး လက်မောင်းကို အဓိကထားသုံးတဲ့ ကိစ္စမျိုးတွေမှာ တွေ့ရပါတယ်။ ဥပမာ – စာရေးကိရိယာ အိတ်တွေကို သယ်လာတာမျိုးတွေ၊ bicep curls (အလေးကိုင်ပြီး လက်ကိုကွေးတဲ့လေ့ကျင့်ခန်းမျိုးတွေ) စတာတွေမှာ တွေ့ရပါတယ်။

အခြားလှုပ်ရှားမှုတွေကတော့ သေးငယ်လွန်းတာမို့ အနေအထားတွေ ပြောင်းလဲသွားတာကို မျက်လုံးက သတိပြုမိမှာ မဟုတ်ပါဘူး။ ဒါတွေကလည်း လက်နဲ့ လက်ကောက်ဝတ်တွေရဲ့ လှုပ်ရှားမှုတွေမှာ အရေးပါလှပါတယ်။

တံတောင်ဆစ်ရဲ့ အတွင်းနဲ့ အပြင်မှာ အရွတ်တွေ သွယ်ဆက်ထားတဲ့ နေရာတွေရှိပါတယ်။ ဒီအရွတ်တွေဟာ လက်ကောက်ဝတ်နဲ့ လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးရတာပါ။ ဥပမာ – လက်ကိုလှည့်တာမျိုးပေါ့။ တံတေင်ဆစ်အရိုးဟာ Ligaments လို့ခေါ်တဲ့ အမျှင်တစ်သျှူး (fibrous tissue)တွေကို အဓိက သုံးပြီး တွယ်ဆက်ထားတာပါ။

ulnar collateral ligament ( UCL) ဟာ ခန္ဓါကိုယ်နဲ့အနီးဆုံး အဆစ်ရဲ့ အတွင်းပိုင်းမှာ တည်ရှိပြီး ဒါကလည်း အဓိက တည်ငြိမ်အောင်ထိန်းထားပေးတဲ့ အရာတစ်ခုပါ။ ဒီ ထူပြီး တြိဂံပုံရှိတဲ့ ကွင်းဟာ လက်မောင်းရိုးထိပ်နဲ့ လက်ဖျံရိုးနှစ်ချောင်းရဲ့ထိပ်တွေကို တွဲဆက်ထားပေးတာပါ။

  • Lateral epicondylitis (တင်းနစ်တံတောင်)

ဒါကတော့ တံတောင်ဆစ်အပြင်က အရိုးအစိတ်အပိုင်းတစ်ခုဖြစ်ပြိး လက်ဖျံက ကြွက်သားတွေက အရွတ်တွေကတစ်ဆင့် တံတောင်နဲ့ဆက်သွယ်တဲ့နေရာမှာ တည်ရှိပါတယ်။

ဒီ အရွတ်တွေဟာ ဒဏ်ရာရနိုင်ပါတယ်။ အထူးသဖြင့် လက်ဖျံကို ထပ်ခါ ထပ်ခါ အသုံးပြုနေတဲ့ အပြုအမူတွေကြောင့် ဖြစ်ရတာပါ။ ဥပမာ – လက်လှည့်ဝက်အူရစ်တို့၊ ပြူတင်းပေါက်ဆေးကြောတာတို့ ဒါမှမဟုတ် တင်းနစ်ကစားနေတုန်း လက်ပြန်ရိုက်တာတို့ စတာတွေ ပါ။

ဒါဟာ အရွတ်တွေ ရောင်ရမ်းမှုကြောင့်ဖြစ်ရတာဖြစ်ပြိး တံတောင်ဆစ်အပြင်မှာ နာကျင်စေပါတယ။် ပြီးရင်တော့ ပူလောင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေ တွဲပါလာမှာဖြစ်ပြိး အများအားဖြင့်တော့ ထိခိုက်မခံဘဲ နာကျင်လွယ်ပါတယ်။

  • Medial epiicondylitis (ဂေါက်ရိုက်သမားရဲ့ တံတောင်)

ဒါကတော့ လက်ဖျံရဲ့ အရွတ်တွေက တံတောင်ရဲ့ အတွင်းရိုး (bony prominence) နဲ့ ဆက်ထားတဲ့နေရာမှာ ရောင်ရမ်းတာပါ။ ဥပမာ ဒီအရွတ်တွေက ဂေါက်ရိုက်ဖို့ လွှဲလိုက်တဲ့အချိန်မှာ တင်းနေတတ်ပြီး ဒီလိုထပ်ကာထပ်ကာ လှုပ်ရှားနေမယ်ဆိုရင် အရွတ်ကို ဒဏ်ရာရစေနိုင်ပါတယ်။

ဒါဟာ တစ်နေရာတည်းမှာ နာကျင်မှုနဲ့ တံတောင်ဆစ်အတွင်းဘက်မှာ အထိမခံနိုင်လောက်အောင် နာကျင်တဲ့အခါမှာ ဖြစ်ပါတယ်။

  • Olecranon bursitis

Olecranon bursitis (တံတောင်ဆစ်ထိပ်က bursaရောင်ရမ်းခြင်း) ဒါကတော့ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် အသေးစား ဒဏ်ရာကြောင့်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပြီး လေးဘက်နာတို့လို ဒါမှမဟုတ် rheumatoid arthritis တို့လို ရောဂါတွေရဲ့ ရလဒ်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါကတော့ တံတောင်ဆစ်ထိပ်မှာ ရောင်ရမ်းနေတာနဲ့ ဆက်စပ်နေပါတယ်။ တံတောင်ဆစ်အတွင်းပိုင်းကိုလည်း သိပ်ပြီး လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။

တကယ်လို့များသင့်မှာ ဒါတွေဖြစ်နေခဲ့ရင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။

  • အဆစ်တစ်ဝိုက်မှာ ပြင်းပြင်းထန်ထန် နာကျင်တာ၊ ရောင်ရမ်းတာနဲ့ အညိုအမည်းစွဲတာ
  • ပုံမှန်လိုမျိုး တံတောင်ဆစ်ကို မလှုပ်ရှားနိုင်တာ ဆိုလိုတာက လက်မောင်းကိုသုံးပြီးဖြစ်စေ၊ လက်ကိုပက်လက်လန်တာ၊ လက်ကိုမှောက်တာတွေကို အပြန်အလှန်လုပ်လို့ မရတော့တဲ့အခါမျိုးတွေဆိုရင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/01/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။