သင့်ကိုယ်ခန္ဓါရဲ့ အရိုးပေါင်း ၂၀၆ ချောင်းမှာ လက်မောင်းရိုး ၁ချောင်း၊ လက်ဖျံရိုး ၂ချောင်းနဲ့ လက်ကို ဖွဲ့စည်းထားပါတယ်။ သင့်လက်မှာ ကြွက်သား၊ အဆစ်၊ ကြွက်သားအရွတ်နဲ့ တခြားတစ်သျှူးတွေ ပါဝင်ပါတယ်။ အဲဒီ အစိတ်အပိုင်းတခုခုဟာ အားကစား၊ လဲကျခြင်း၊ မတော်တဆထိခိုက်မှု စတဲ့အရာတွေကြောင့် ဒဏ်ရာရတတ်ပါတယ်။ ဒဏ်ရာအမျီုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တချို့ အာရုံကြောပြသနာများ၊ အဆစ်ရောင်ခြင်းနဲ့ ကင်ဆာများဟာ လက်တချောင်းလုံးကို ထိခိုက်နိုင်ပြီး နာကျင်မှု၊ ကြွက်သားတောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း၊ လှုပ်ရှားရခက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ လက်မောင်း၊ လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံး စတဲ့ သီးသန့်နေရာတွေမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်တတ်ပါတယ်။
ဘယ်လိုလက္ခဏာတွေလဲဆိုတာ ဖြစ်တဲ့အပေါ် မူတည်ပါတယ်။ အတွေ့အများဆုံးကတော့ နာကျင်မှုပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ –
တချို့ ထိခိုက်ဒဏ်ရာတွေဟာ အောက်ပါပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။
သာမန်ထိခိုက်တာမျိုးက များပါတယ်။ နေ့စဉ် ထိခိုက်မှုတွေ၊ အသုံးများခြင်းတွေ၊ ဒဏ်ရာတွေက ဖြစ်စေပါတယ်။ များသောအားဖြင့် –
သင့်ကလေးတွေဟာ ဆော့ကစားရာမှဖြစ်စေ၊ မတော်တဆ လဲကျခြင်းမှ ဖြစ်စေ လက်ဒဏ်ရာရနိုင်ပါတယ်။ အနီးကပ် လှုပ်ရှားရတဲ့ အားကစားတွေ (ဥပမာ နပန်း၊ ဘောလုံး)၊ အရှိန်များများသုံးရတဲ့ ကစားနည်းတွေ (စက်ဘီး၊ စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း၊ ရေလွှာလျှောစီးခြင်း) စတာတွေဟာ ထိခိုက်မှု ဖြစ်နိုင်ခြေ များပါတယ်။ လက်ဖျံ၊ လက်ကောက်ဝတ်၊ လက်နဲ့ လက်ချောင်းများဟာ မကြာခဏ ဆိုသလို ထိခိုက်နိုင်ပါတယ်။ အရိုးဆစ်နားကို ထိခိုက်မိခြင်းကြောင့် ကြီးထွားစေတဲ့နေရာကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အသက်ကြီးသူများဟာ ထိခိုက်နိုင်ခြေပိုများပြီး အရိုးလည်း ကျိုးနိုင်ပါတယ်။ အဲ့ဒီအရွယ်မှာ ကြွက်သားထုထည် နည်းပြီး အရိုးပွတတ်လို့ ဖြစ်ပါတယ်။ အမြင်အာရုံနဲ့ ကိုယ်နေဟန်ထား ဟန်ချက်ညီမှုမှာလည်း ပြသနာ ရှိတာမို့ မတော်တဆထိခိုက်မှု များတတ်ပါတယ်။။
အရိုးကျိုးတယ်လို့ သံသယရှိရင် ရှေးဦးပြုစုခြင်းအနေနဲ့
သင့်လက်ကို ကျောက်ပတ်တီးဖြစ်ဖြစ်၊ လက်စည်းဖြစ်ဖြစ် သုံးမယ်ဆိုရင် ဆရာဝန်ဟာ ဘာ်လိုဂရုစိုက်ရမယ်ဆိုတာ ပြောပြပါလိမ့်မယ်။ မထိခိုက်တဲ့လက်ကို တတ်နိုင်သလောက် များများသုံးပေးပါ။ ကြွက်သားကို အလေ့အကျင့်ဖြစ်နေအောင် ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Translated by thant zin
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။