backup og meta

ခိုရင်အုပ် (Pectus carinatum)

တချို့ကလေးတွေရဲ့ ရင်အုပ်က သူများတွေနဲ့ မတူဘဲ အပြင်ကို ဆူထွက်နေတာမျိုး ရှိပါတယ်။ ဒါကို ခိုရင်အုပ် လို့ ခေါ်ကြပါတယ်။ ခိုငှက်လေးတွေကလည်း ရင်အုပ်စူစူလေးပဲလေ။ ဆေးပညာအရတော့ Pectus carinatumလို့ ခေါ်ကြတယ်။ အရပ်ထဲမှာတော့ ခိုရင်အုပ်၊ ချိုးရင်အုပ်၊ ကြက်ရင်အုပ် အမျိုးမျိုးခေါ်ကြပါတယ်။ ဒီလိုရင်အုပ်ပုံစံရှိတဲ့သူတွေက စိုးရိမ်ရလား၊ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ရှိတတ်လဲဆိုတာ လေ့လာကြည့်ရအောင်။

ခိုရင်အုပ် ဆိုတာ

ဒီလိုစူနေတဲ့ ရင်အုပ်ဆိုတာ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါပဲ။ တွေ့ရခဲပါတယ်။ တချို့တွေမှာ သိပ်မသိသာတဲ့အတွက် လူပျိုဖော်၊ အပျိုဖော်ဝင်လို့ အရိုးတွေ ဖွံ့ဖြိုးလာမှပဲ သတိထားမိတာပါ။ သူ့ရဲ့ အဓိက ပြသနာကတော့ အပြင်ကို ငေါထွက်နေတာဖြစ်တဲ့အတွက် ကြည့်ရဆိုးတာပါပဲ။ တချို့တွေမှာတော့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တဲ့အချိန်ကျရင် မောတာမျိုး ဖြစ်တတ်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ။

ဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် ဒါဟာ ရင်ညွန့်ရိုးကို လာတွယ်ထားတဲ့ အရိုးနုတွေမှာ ပြဿနာတစ်ခုခုရှိလို့ လို့ ယူဆထားကြပါတယ်။ ပြီးတော့ ဒီရောဂါက ယောကျာ်းလေးတွေမှာ ပိုတွေ့ရပါတယ်။ မျိုးရိုးလိုက်တာမျိးလည်း ဖြစ်နိုင်ပါတယ်။ တချို့တွေမှာဆိုရင် Marfan syndrome လို့ ခေါ်တဲ့ ရောဂါစုနဲ့ တွဲဖြစ်တတ်ပါတယ်။ ဒီရောဂါစုမှာဆိုရင် ခိုရင်အုပ်အပြင်

  • ခြေတံ၊ လက်တံတွေ ရှည်တာ
  • ခြေချောင်း၊ လက်ချောင်းတွေ ရှည်တာ
  • ခါးကိုင်းတာ
  • ထူးခြားတဲ့ မျက်နှာပုံစံရှိတာ
  • နှလုံးအဆို့ရှင်နဲ့ သွေးလွှတ်ကြောမကြီးတွေ ပုံမှန်မဟုတ်တာ
  • မျက်လုံး မှန်ဘီလူး ပုံမှန်မဟုတ်တာတွေနဲ့ တွဲတွေ့ရမှာပါ။

ဘာလက္ခဏာတွေ ပြမှာလဲ။

ရင်ဘတ်စူထွက်နေရုံအပြင် ထူးခြားတဲ့ လက္ခဏာတော့ မရှိပါဘူး။ ပြင်းပြင်းထန်ထန်လှုပ်ရှားရင် မောတာလောက်ပဲ ရှိတာပါ။ တချို့တွေကတော့ သူများထက် ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒါတွေကတော့

ခိုရင်အုပ် ကို ကုသမယ်ဆိုရင်

ကုသမယ်ဆိုရင်တော့ ရင်ဘတ်စည်း (brace) ဝတ်လို့ရသလို ခွဲစိတ်ကုသလို့လည်း ရပါတယ်။ ခိုရင်အုပ်အတွက် သီးသန့်ထုတ်ထားတဲ့ ရင်ဘတ်စည်းတွေ ရှိပါတယ်။ ငယ်ရွယ်တုန်း အရိုးပျော့တုန်း ဆိုရင်တော့ ရင်ဘတ်စည်းဝတ်ပြီး ဆူထွက်နေတဲ့ အရိုးတွေကို ပြန်ချပ်သွားအောင် လုပ်လို့ရပါတယ်။ တစ်နေ့ကို ၂၃နာရီလောက် ဝတ်ထားဦးမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ သိသာလာပါတယ်တဲ့။ အခြေအနေ သိပ်ဆိုးရင်တော့ ခွဲစိတ်ကုသလို့ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/pectus-carinatum/diagnosis-treatment/drc-20449279

https://my.clevelandclinic.org/health/diseases/15790-pectus-carinatum

ယခုပုံစံ

13/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ် အရွတ်တွဲ( Ligaments) နဲ့ အရွတ်( tendon ) ဘာကွာခြားလဲ ။ ။

အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement