လည်ပင်းရိုးမရောဂါဆိုတာ လည်ပင်းရိုး၊ ကြောရိုးကြားခံပြားနဲ့ အဆစ်တို့ ပျက်စီးပြီး ဦးနှောက်၊ ပင်မအာရုံကြောကြီးနဲ့ အာရုံကြောလေးများကို ဒုက္ခပေးနေခြင်းဖြစ်ပါတယ်။ ယင်းရောဂါကို စောစောတွေ့ရှိနိုင်ပြီး ထိရောက်သောကုသမှုပေးနိုင်ပါတယ်။
ရောဂါစစ်ဆေးမှုများ
ရောဂါစစ်ဆေးမှုကို တွေ့ဆုံမေးမြန်းခြင်းဖြင့် စတင်ပါတယ်။ ဒဏ်ရာအနာတရတွေ ဖြစ်ဖူးလားနဲ့ ရောဂါလက္ခဏာတွေကို မေးမြန်သွားမှာပါ။
- ကိုယ်ကာယပိုင်းဆိုင်ရာစစ်ဆေးခြင်း
ထို့နောက် အောက်ပါကိုယ်ယာယစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာပါ။
– ခေါင်းလှုပ်နိုင်လား၊ ခေါင်းစောင်းနိုင်လားနဲ့ ခေါင်းလှည့်နိုင်လားဆိုတာတွေကို စစ်ဆေးသွားမှာပါ။
– ကျွမ်းကျင်သူက ခေါင်းငုံ့စေကာ ဖိအားပေးပြီး ပြန်လည်ခေါင်းမတ်နိုင်လား ကြည့်ခြင်းအားဖြင့် ကြွက်သားစွမ်းရည်ကို ဆန်းစစ်မှာပါ။ ပင်မအာရုံကြောမကြီးနဲ့ အာရုံကြောလေးတွေကို ဖိအားတွေသက်ရောက်မှုရှိနေလား ရှာဖွေတွေ့ရှိနိုင်ပါတယ်။
– ဖိအားတွေက သင့်လှုပ်ရှားမှုကို သက်ရောက်နေလားဆိုတာကတော့ လမ်းလျောက်စေပြီး ဆန်းစစ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
- ပုံရိပ်ဖော်ခြင်းဖြင့်စစ်ဆေးခြင်း
ကိုယ်ကာယစစ်ဆေးမှုတွေဖြင့် လည်းပင်းကျောရိုးမကြီးရောဂါကို စောလျင်စွာတွေ့ရှိနိုင်သလို ပုံရိပ်ဖော်ခြင်းနည်းပညာဖြင့် လည်းပင်းမှာဖြစ်နေတဲ့ ချို့ယွင်းမှုတွေကို အသေးစိတ်ရှာဖွေတွေ့ရှိနိုင်ပါတယ်။
– ဓါတ်မှန်။ ဓါတ်မှန်ရိုက်ခြင်းက လည်ပင်းပုံစံအသေးစိတ်ကို ပုံဖော်ပေးနိုင်ပြီး လည်းပင်းကျောရိုးမရောဂါ၊ အရိုးကျိုးခြင်း၊ အကျိတ်ထွက်ခြင်းနဲ့ ပိုးဝင်ခြင်းလိုမျိုး လည်ပင်းပြဿနာတွေကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်ပါတယ်။
– စီတီစကင်။ စီတီစကင်က လည်ပင်းရိုးတို့ကို ပိုမိုအသေးစိတ် ပုံဖော်ပေးနိုင်ပြီး ဆဲလ်တို့ရဲ့ မူမမှန်ကြီးထွားခြင်းရှိမရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။
– သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်းနည်းပညာ(MRI)။ MRIက ထိခိုက်ခြင်းခံရတဲ့ အာရုံကြောကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးမှာပါ။ ကုသသော်လည်း မသက်သာသွားသော လည်ပင်းပြင်းထန်စွာနာကျင်ခြင်းနဲ့ လက်နဲ့ပုခုံးတို့ထုံကျင်ခြင်းတွေ ရှိနေမယ်ဆိုရင် ထိုနည်းပညာကို အသုံးပြုနိုင်ပါတယ်။
– ကျောရိုးဓါတ်မှန်ရိုက်ခြင်း။ ရိုးရိုးဓါတ်မှန်ရိုက်ခြင်းနဲ့ စီတီစကင်တို့ထက် ပိုမိုအသေးစိတ်တဲ့ အချက်အလက်တွေပေးနိုင်ပါတယ်။
- အာရုံကြောစွမ်းရည်စမ်းသပ်ခြင်း
ထိုစစ်ဆေးမှုကို အာရုံကြောလှုံဆော်မှုတွေက ခန္ဓါကိုယ်တစ်လျောက် ပုံမှန်သွားလာနေလား သိရှိဖို့ အသုံးပြုပါတယ်။ ယင်းတို့က အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
– EMG ဆွဲခြင်း။ EMG က ကြွက်သားတွေ နားနေတဲ့အခါ၊ ညစ်နေတဲ့အခါ လျှပ်စစ်ဓါတ်တွေဖြတ်သန်းစီးဆင်းသွားမှုကို စမ်းသပ်တာပါ။
– အာရုံကြောစီးဆင်းခြင်းစမ်းသပ်မှု။ ထိုစစ်ဆေးမှုသည် လှုံဆော်စီးဆင်းမှုတွေရဲ့ ပြင်းအားနဲ့အမြန်နှုန်းကို သိရှိဖို့ ရှော့ခ်အနည်းငယ်ပေးပြီး ပြုလုပ်တာပါ။
စီမံခန့်ခွဲခြင်းနှင့်ကုသခြင်း
- ဆေးဝါးများ
ဆေးဝါးတွေက သင့်အခြေအနေကို တိုးတက်ကောင်းမွန်လာစေပါလိမ့်မယ်။ ဆရာဝန်က စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ(NSAIDS) အသုံးပြုဖို့ အကြံပြုနိုင်ပါတယ်။ ယင်းဆေးတွေကို ဇက်နာကျင်ခြင်းသက်သာစေဖို့အတွက် ကာလကြာရှည်အသုံးပြုနိုင်ပါတယ်။
- ကုထုံးများ
ဆရာဝန်တွေက ဇက်နာကျင်ခြင်းသက်သာစေဖို့ ကုထုံးတွေကလည်း အကြံပြုနိုင်ပါတယ်။ ယင်းကုထုံးတွေဟာ ဆရာဝန်နဲ့ကျွမ်းကျင်သူတို့ရဲ့ ညွန်ကြားမှုအောက်တွင် ပြုလုပ်ခြင်းဖြစ်ပါတယ်။
– အသုံးများဆုံးကုထုံးကတော့ ကိုယ်ကာယကုထုံးဖြစ်ပါတယ်။ ယင်းကုထုံးက ဇက်အခြေအနေကို ညင်ညင်သာသာလေးနဲ့ တိုးတက်လာစေမှာပါ။ ဗဟိဒ္ဓကုထုံးဆရာတွေဟာ အထူးလေ့ကျင့်ခန်းတွေဖြင့် ဇက်နာကျင်ခြင်းတွေသက်သာစေပြီး ကြွက်သားတွေကိုလည်း သန်မာလာအောင်ပြုလုပ်ပေးပါလိမ့်မယ်။
– အာရုံကြောတွေပေါ်ရှိဖိအားသက်သာစေဖို့ ဇက်ကြောဆန့်ကုထုံးကိုလည်း အကြံပြုပါလိမ့်မယ်။
– နှိပ်နယ်ခြင်းကုထုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ကာယကုထုံးကို ပိုမိုထိရောက်အောင် အပူအအေးကုထုံးတွေအသုံးပြုပါတယ်။
ခွဲစိတ်ကုသခြင်း
အထက်တွေနည်းလမ်းတွေအလုပ်မဖြစ်ဘူး၊ နာကျင်မှုတွေကအချိန်နဲ့အမျှ ပိုပိုဆိုးလာမယ်၊ပြင်းထန်လာမယ်ဆိုရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါပြီ။
– ကျောရိုးကြားခံပြားရှိကျွံနေသောအပိုင်းကို ခွဲထုတ်ခြင်း
– လည်းပင်းရိုးပြန်လည်တွယ်ဆက်ဖို့ အရိုးအစားထိုးခြင်း သို့မဟုတ် ပြင်ပပစ္စည်းများအသုံးပြုခြင်း
လည်ပင်းနာကျင်ခြင်း၊တောင့်တင်းခြင်းတွေဖြစ်စေသော လည်ပင်းရိုးရောဂါဟာ အသက်၅၀ကျော်များတွင် အဖြစ်များသော်လည်း စောစောသိ၊စောစောကုသနိုင်ဖို့ စောစောစစ်ဆေးမှုတွေပြုလုပ်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]