အဓိပ္ပါယ်ဖွင့်ဆိုချက်
Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ကဘာလဲ။
တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါဆိုသည်မှာ တင်ပဆုံကြားကြွက်သားသည် မပျော့ပျောင်းတော့ပဲအလွန်အမင်း
တင်းမာနေခြင်းကိုဆိုလိုသည်။ ထိုတင်ပဆုံကြားကြွက်သားလွှာ
သည် စအိုလမ်းကြောင်းနှင့် ဆီးပြွန်တို့ကို ထောက်ကန်ပေးထား
သည်။ အမျိုးသမီးများတွင် သားအိမ်နှင့် မိန်းမကိုယ်ကိုပါ ထောက်ကန်ပေးသည်။ ထိုရောဂါသည် နာတာရှည်ရောဂါတခုဖြစ်ပြီး
ကာလရှည်အတွင်း စအိုလမ်းကြောင်းနှင့်စအိုဝတွင် ပျောက်လိုက်နာလိုက်ဖြစ်နေတတ်သည်။
Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ Levator syndrome (သို့) levator ani spasm syndrome ဟုလည်းခေါ်ကြသည်။ ယေဘုယျ ပျမ်းမျှ လူဦးရေတွင် 7.4ရာခိုင်နှုန်းသောအမျိုးသမီးများနှင့်5.7 ရာခိုင်နှုန်းသောအမျိုး
သားများတွင် ဖြစ်ပွားနေသည်ဟုခန့်မှန်းသိရှိရသည်။ ထိုရောဂါစု၏
လက္ခဏာများပြနေသောဝေဒနာရှင်တဝက်ကျော်ကျော်သည်
အသက်30မှ 60အတွင်းရှိသည်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
နာကျင်ကိုက်ခဲမှု
ဝေဒနာရှင်များသည် အူလှုပ်ရှားမှုနှင့်မဆိုင်သော စအိုလမ်းကြောင်း
နာကျင်မှုကိုခံစားရနိုင်ပြီး ခဏတာမျှ(သို့)ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး နာရီပေါင်းများစွာနှင့်
ရက်ပေါင်းများစွာကြာခံစားရနိုင်ပါသည်။ ထိုင်လိုက်သောအခါ (သို့)
လှဲအိပ်သောအခါ နာကျင်မှုသည် ဆက်ရှိနေခြင်း(သို့)ပိုဆိုးလာ
ခြင်းတို့လည်းဖြစ်တတ်သည်။ သင့်၏အိပ်စက်ခြင်းအားနှောင့်ယှက်တတ်သည်။ စအိုလမ်းကြောင်းအထက်ပိုင်းတွင်ပုံမှန်နာကျင်ကိုက်ခဲ
တတ်သည်။ တစ်ဘက်ခြမ်း အများအားဖြင့် ဘယ်ဘက်အခြမ်းသည်
ကျန်သည့်ဘက်ထက်စာလျှင်ပို၍နာကျင်ကိုက်ခဲတတ်သည်။ ပေါင်ခြံ(သို့)ပေါင်နှစ်ဖက်သို့နာကျင်မှုပြန့်နှံ့သွားနိုင်သည့် ကျောအောင့်
ဝေဒနာကိုလည်းခံစားရနိုင်ပါသည်။ အမျိုးသားများတွင် နာကျင်ကိုက်ခဲမှုသည် ဆီးကျိတ်၊ဝှေးစေ့၊လိင်တံထိပ်နှင့် ဆီးပြွန်
သို့လည်း ပျံ့နှံ့သွားနိုင်ပါသည်။
ဆီးလမ်းကြောင်းနှင့် အူလမ်းကြောင်းပြဿနာများ
သင်သည် ဝမ်းချုပ်ခြင်း၊ဝမ်းထွက်ရန်တအားညှစ်နေရခြင်း(သို့)
ဝမ်းဗိုက်ထဲအူများလှုပ်ရှားနေမှုကြောင့်ဖြစ်သည့် ပြဿနာမျိုးစုံကို
ကြုံတွေ့ရနိုင်ပါသည်။ အူများလှုပ်ရှားမှုမှာ မပြီးစီးနိုင်သေးသည့် ခံစားချက်မျိုးလည်း ရလာနိုင်ပါသည်။ အပိုဆောင်း ရောဂါလက္ခဏာ
များမှာ
- လေပွခြင်း လေထခြင်း
- ဆီးခဏဏသွားရခြင်း၊အရေးတကြီးဆီးသွားရခြင်း(သို့)ဆီးမထွက်နိုင်ခြင်း
- ဆီးအိမ်အောင့်ခြင်း(သို့)ဆီးသွားလျှင်ကိုက်ခဲခြင်း
- ဆီးမထိန်းနိုင်ခြင်း၊ဆီးပြွန်မလုံခြင်း စသည်ဖြင့်ဖြစ်သည်။
လိင်ဆက်ဆံမှုပြဿနာများ
အမျိုးသမီးများတွင် လိင်မဆက်ဆံခင်(သို့)လိင်ဆက်ဆံအပြီးတွင်
နာကျင်ကိုက်ခဲနေစေတတ်သည်။ အမျိုးသားများတွင် သုက်ရည်ထုတ်လွှတ်သောအခါ နာကျင်နေစေတတ်ခြင်း၊သုက်လွှတ်စောခြင်း(သို့)လိင်တံမတင်းမာ
မထောင်မတ်လာနိုင်ခြင်း စသည်တို့ဖြစ်ပွားတတ်သည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
ထိုရောဂါ၏ တိကျသေချာသောအကြောင်းအရင်းအား မသိရှိရသေးပေ။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- သင်ဝမ်းနှင့်ဆီးသွားရန်လိုအပ်ချိန်တွင် ဆီးနှင့်ဝမ်းမစွန့်မိခြင်း
- မိန်းမကိုယ်ကျုံ့လာခြင်း(သို့)မိန်းမကိုယ်တွင် နာကျင်ကိုက်ခဲခြင်း
- လိင်ဆက်ဆံစဉ် နာကျင်ကိုက်ခဲနေသော်လည်း ဆက်လုပ်ခြင်း
- တင်ပဆုံကြားကြွက်သားအားခွဲစိတ်ခြင်း၊လိင်အကြမ်း
ဖက်ခံရခြင်းအပါအဝင်ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့်
ဒဏ်ဖြစ်နေခြင်း
- အူရောင်ရမ်းသည့်ရောဂါအပါအဝင် နာတာရှည် တင်ပဆုံကြားကြွက်သားကိုက်ခဲမှုဝေဒနာ၊သား
အိမ်တစ်ရှူးစများ ပုံမှန်မဟုတ်သည့်နေရာများတွင် တည်နေခြင်း(သို့)ဆီးအိမ်ရောင်ရမ်းခြင်း စသည်တို့ရှိခြင်း စသည်ဖြင့်ဖြစ်ကြသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
အတည်ပြုပုံမှာ ဆင်တူရောဂါလက္ခဏာများဖြစ်ပွားစေသော အခြားရောဂါများအားအတည်ပြုစစ်ဆေးဖယ်ထုတ်ခြင်းပေါ်တွင်
အခြေခံသည်။ ထိုသို့ပြုလုပ်ရန်မှာ ကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်း
နှင့် ဆေးစစ်ချက်များမှ တဆင့်ပြုလုပ်ရသည်။
ကျန်းမာရေးရာဇဝင်မေးခြင်းနှင့် ကြည့်ရှူကိုင်တွယ်စစ်ဆေးခြင်း
ဆရာဝန်သည် ဦးစွာ ပြည့်စုံသောကျန်းမာရေးရာဇဝင်အားမေးမြန်း
ရယူပြီး ကြည့်ရှူကိုင်တွယ်စစ်ဆေးမှုကို ပြုလုပ်တတ်သည်။ စအိုလမ်းကြောင်းအားနှိုက်၍စစ်ဆေးသောအခါ တင်ပဆုံကြားကြွက်သားတွင် နာကျင်သည့်ဝေဒနာဖြစ်တတ်သည်။
ဆရာဝန်သည် အောက်ပါအခြေအနေများတွေ့ရှိရပါက တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါဖြစ်နေသည်ဟုသံသယရှိသွားနိုင်သည်။
- နာတာရှည်(သို့)အနည်းဆုံးမိနစ်နှစ်ဆယ်ကြာသော စအိုလမ်းကြောင်းနာကျင်ကိုက်ခဲမှုရှိခြင်း
- တင်ပဆုံကြားကြွက်သားအားထိလိုက်သောအခါ အလွန်နာကျင်ခြင်း
စစ်ဆေးမှုများ
ရောဂါအားအတည်ပြုအဖြေရှာပေးနိုင်သော အခြားသောရောဂါများအားအတည်ပြုဖယ်ထုတ်ပေးနိုင်သည့် စစ်ဆေးမှုဥပမာများမှာ
- ဝမ်းနမူနာယူခြင်း
- သွေးစစ်ခြင်း
- ကိုယ်တွင်းသို့မှန်ပြောင်းကြည့်ခြင်း
- ဓါတ်မှန်ရိုက်ခြင်း စသည်ဖြင့်ဖြစ်သည်။ ဖြစ်ပေါ်လာသည့်လက္ခဏာများ အပေါ်လိုအပ်သည်ဟုယူဆ၍ဆရာဝန်မှ အသုံးပြုသော စစ်ဆေးမှုများမှာ မူတည်ပါသည်။
Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ကို ဘယ်လိုကုသပါသလဲ
ကုသမှုနည်းလမ်းများမှာ
ကာယကုသမှု – တင်ပဆုံနေရာအား ကာယကုသမှုပေးသောအခါ ဥပမာ နှိပ်ပေးသောအခါ တင်ပဆုံကြားကြွက်သားလွှာများတွင် တင်းမာခြင်းနှင့် ကိုက်ခဲခြင်းတို့ကို လျှော့ချပေးသည်။
Electrogalvanic stimulation – စအိုအတွင်းသို့အချောင်းတစ်ချောင်းထိုးသွင်းကာလျှပ်စစ်ဖြင့်လှံူဆော်နှိုးဆွပေးခြင်းဖြင့် ကာယကုသမှုထက်ပိုမိုထိရောက်မှုရှိကြောင်း
တွေ့ရှိရသည်။
Biofeedback – လေ့ကျင့်ခန်းများပြုလုပ်ပြီးသောအခါ အထူးပြုလုပ်ထားသော ကိရိယာ အားအသုံးပြုပြီး ကြွက်သားလှုပ်
ရှားမှုအား တိုင်းတာခြင်းဖြစ်သည်။ ထိုမှတဆင့် ဝေဒနာရှင်များသည်
ရောဂါလက္ခဏာများသက်သာစေရန် အချို့သောကြွက်သားများအားပျော့ပျောင်းလျှော့ချထိန်းချုပ်နိုင်
ရန် လေ့လာသင်ကြားကြရသည်။
Botox injections – ထိရောက်သောကုသမှုဖြစ်လာနိုင်သည်ဟုစမ်းသပ်တွေ့ရှိရသည်။
Botoxဆေးများအားပုံမှန်ထိုးခြင်းဖြင့် ကြွက်သားတင်းမာမှုများမှ သက်သာမှုရှိနေသည်ဟု လေ့လာမှုတစ်ရပ်ကဆိုသည်။2004ခုနှစ်ရှိ
လေ့လာမှုတစ်ခုမှလည်းထိုအတိုင်းဆိုသည်။
အခြားသောကုသမှုများ – Gabapentin နှင့် Pregabalin ကဲ့သို့သော ကြွက်သားပျော့ပျောင်းသည့်ဆေးများ(သို့)အနာသက်သာသည့်ဆေးများ၊အပ်စိုက်ကုသခြင်း၊အာရုံကြောအားလှံူ့ဆော်ပေးခြင်း၊လိင်ပိုင်းဆိုင်ရာကုသမှု များပါဝင်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
တင်ပဆုံကြားနေရာအား ရေနွေးစိမ်ခြင်း
လူအများစုသည် ထိုသို့ရေနွေးစိမ်ခြင်းဖြင့် သက်သာမှုရကြသည်။
ပြုလုပ်မှုအဆင့်များ
- စအိုဝအား နွေးရုံမျှပူသော ရေပါသည့် အိမ်သာကမုတ်တိုင်၏ထိပ်ပိုင်းရှိ ခွက်တခုထဲတွင် ဆောင့်ကြောင်ထိုင်စိမ်ပါ။
- 10မိနစ်မှ 15မိနစ်ကြာအထိ ဆက်လက်စိမ်ပါ။
- ပြီးလျှင်ခြောက်သွေ့အောင်Pat ဖြင့် သုတ်ပါ။ တာဝါသဘက်နှင့် ခြောက်သွေ့အောင်ပွတ်တိုက်ခြင်းသည် ထိုနေရာအား ထိခိုက်ရောင်ရမ်းစေနိုင်၍ ရှောင်ကြဉ်ပါ။
ခေါင်းအုံးပေါ်တွင်ခွထိုင်ခြင်း
အချို့သော မုန့်လက်ကောက်ပုံစံဖက်ခေါင်းအုံးပေါ်တွင် ခွထိုင်သူများသည် စအိုဝတွင် ဖိအားနည်းကာရောဂါလက္ခဏာများကို သက်သာစေသည်။
လေလည်စေခြင်း(သို့)အူအားလှုပ်ရှားစေခြင်းဖြင့်လည်း တင်ပဆုံ
ကြားကြွက်သား များတင်းမာမှုကို ပျောက်စေသည်။
လေ့ကျင့်ခန်းများလုပ်ခြင်း
တင်ပဆုံကြားကြွက်သားလွှာများ ချောင်ချိစေရန် အောက်ပါလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သည်။
ဆောင့်ကြောင့်ထိုင်ခြင်း
- သင့်၏တင်ပါးထက် ခြေထောက်များကို မတ်တပ်ရပ်၍ကားထားပါ။ ငြိမ်သောပစ္စည်းတခုခုကို လက်ဖြင့်ကိုင်ထားပါ။
- သင့်ခြေထောက်များကွေးရာမှ ဆန့်သည်အထိ ထိုင်ထလုပ်ပါ။
- အသက်ပြင်းပြင်းရှူပြီး 30စက္ကန့်လောက်အသက်အောင့်ထားပေးပါ။
- တစ်နေ့လျှင် ငါးခါလောက်ထိုသို့ပြုလုပ်ပေးပါ။
Happy baby နည်းအားအသုံးပြုခြင်း
- သင့်အိပ်ရာ(သို့)ကြမ်းပြင်ရှိဖျာပေါ်တွင် ကျောခင်း၍လှဲချပါ။
- ဒူးကွေး၍ သင့်ခြေထောက်အား မျက်နှာကြက်သို့ထောင်ထားပါ။
- သင့်ခြေထောက်(သို့)ခြေချင်းဝတ်အပြင်ဘက်ကို သင့်လက်များဖြင့် ဆုပ်ကိုင်ထားပါ။
- သင့်တင်ပါးထက်ခြေထောက်များကို ကျယ်အောင်ညင်သာစွာကားပေးပါ။
- အသက်ပြင်းပြင်းရှူပြီး စက္ကန့်သုံးဆယ်လောက်အောင့်ထားပေးပါ။ တစ်နေ့လျှင်
၃ကြိမ်မှ၅ကြိမ်လောက်လုပ်ပေးပါ။
နံရံသို့ခြေထောက်ထောင်၍ကပ်ထားပါ။
- နံရံမှ 5လက်မ၊6လက်မအကွာတွင်တင်ပါးဖြင့်ထိုင်ချပါ။
- လှဲချရက်နှင့် သင့်၏ခြေဖနောင့်များသည် နံရံအားထောက်ကန်မိသည်အထိ ခြေထောက်များကို ထောက်၍ကပ်ထားပါ။ ခြေထောက်များကို ဖြေလျှော့ထားပါ။
- အကယ်၍ပိုသက်သာလာပါကပေါင်အတွင်းပိုင်းများဆန့်သွားသည်အထိ သင့်ခြေထောက်များကို ဘေးနှစ်ဖက်သို့ကားပေးပါ။
- သင်အသက်ရှူနေသည်ကို အာရုံစိုက်ပါ။ ထိုပုံစံအတိုင်း 3မိနစ်မှ 5မိနစ်အထိနေပါ။
Kegel လေ့ကျင့်ခန်းမျာသည်လည်း အထောက်အကူပြုနိုင်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]