backup og meta

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ကဘာလဲ။

ကလေးတွေ ကြီးထွားဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်လေ့ရှိတဲ့ ကြွက်သားနဲ့ အရိုးအဆစ်နာကျင်မှုတွေကို growing pains လို့ခေါ်ပါတယ်။

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) က ဘယ်လောက်အဖြစ်များသလဲ။

ဒီပြဿနာဟာ မူလတန်းအရွယ်ကလေးတွေရဲ့ ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက်မှာ ဖြစ်ပွားလေ့ရှိပြီး နာကျင်တဲ့ ပုံစံ၊နေရာ နဲ့ လက္ခဏာတို့အပေါ်မူတည်ပြီး အမျိုးအစားခွဲခြားလေ့ရှိပါတယ်။ ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာဟာ အသက်လေးနှစ်နဲ့ ဆယ့်နှစ်နှစ်ကြားကလေးတွေမှာ အဓိကဖြစ်ပွားပြီး ညဖက်တွေမှာ နာကျင်တတ်ပါတယ်။ အသေးစိတ်သိရှိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ကလေးအနေနဲ့ မကြာခဏဆိုသလို ခြေထောက်အရမ်းနာပါလိမ့်မယ်။ ဒါဟာ သာမန်ခြေထောက်နာတာနဲ့ မှားနိုင်ပေမယ့် ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ဟာ တစ်ခါနာရင် နာရီနဲ့ချီပြီး နာလေ့ရှိကာ လပေါင်းများစွာ နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် နာကျင်မှုကို ညဖက်မှာ အဓိက ခံစားရတာ ဖြစ်ပါတယ်။ တခါတရံ ကလေးအနေနဲ့ နာလွန်းလို့ အိပ်ယာကတောင် လန့်နိုးလာတတ်ပြီး ခြေထောက်လေးကို နှိပ်ပေးတော့မှ ပြန်အိပ်ပျော်သွားတတ်ကြပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

တကယ်လို့ သင့်ကလေးအနေနဲ့ နာကျင်မှုကို ပိုခံစားလာရတယ် ဒါမှမဟုတ် နာကျင်လွန်းလို့ ညဖက်လန့်လန့်နိုးနေရတဲ့အတွက် သူတို့လေးတွေရဲ့ နေ့စဉ်သွားလာနေထိုင်မှု ဒါမှမဟုတ် အမူအကျင့်တွေကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။

အကြောင်းရင်းများ

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ကိုဘာတွေကဖြစ်စေသလဲ။

ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျကို မသိရှိရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ကြီးထွားမှုပြဿနာတွေကို မဖြစ်ပေါ်စေသလို တခြားဘာလက္ခဏာမှလည်း ထွေထွေထူးထူး မပြပါဖူး။ သူတို့ဟာ မနက်အိပ်ယာထချိန်မှာ နာကျင်ကိုက်ခဲတောင့်တင်းတာမျိုး မရှိတဲ့အပြင် စမ်းသပ်ကြည့်ရင်လည်း ရောင်ရမ်းတဲ့ လက္ခဏာတွေ မရှိတဲ့အတွက် တခြားအဆစ်အမြစ်ရောင်ရောဂါတွေနဲ့လည်း အလွယ်တကူခွဲခြားနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

အရမ်းအဆော့သန်တဲ့ ကလေးတွေမှာ ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ပိုဖြစ်လေ့ရှိပြီး လှုပ်ရှားမှုများလေ ခဏခဏနာလေ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြစ်စေနိုင်တဲ့ အခြားသော အချက်တွေက

  • အသက် ။ လေးနှစ်နဲ့ ဆယ့်နှစ်နှစ်ကြားမှာ အများဆုံး ဖြစ်တတ်ပါတယ်။
  • နောက်ပိုင်းမှာ အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်စေတဲ့ လက္ခဏာမပြတဲ့ ပုံစံ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ကို ဘယ်လိုအတည်ပြုပါသလဲ

တကယ်လို့ သင့်ကလေးအနေနဲ့ ခြေသလုံးကြွက်သား ဒါမှမဟုတ် ပေါင်ကြွက်သားတွေ နာကျင်တယ်လို့ ပြောလာရင် ဆရာဝန်ဆီခေါ်သွားသင့်ပါတယ်။ အကယ်၍ သင့်ကလေးမှာ အဆစ်အမြစ်ရောင်တဲ့ လက္ခဏာ ဒါမှမဟုတ် ကြွက်သားတင်းနေတာ၊ အားနည်းတာ၊ရောင်နေတာမျိုးမရှိဖူးဆိုရင် သင့်ကလေးမှာ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သား နာကျင်မှုဝေဒနာ ခံစားနေရနိုင်ပါတယ်။

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ကို ဘယ်လိုကုသပါသလဲ။

ကလေးကို နှစ်သိမ့်အားပေးရမယ့်အပြင် ညအိပ်ယာဝင်ချိန်မှာ အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာလုပ်ဆောင်ပေးရပါမယ်။

  • ကြွက်သားလေးတွေကို အသာအယာနှိပ်ပေးတာ။
  • ရေနွေးကပ်ပေးတာ။
  • အကိုက်အခဲပျောက်ဆေး အပျော့စားလေးတွေ ပေးတာ။

နှိပ်ပေးတာက နာကျင်တာကို သက်သာစေမှာပါ။ တခါတရံ နာကျင်လွန်းလို့ ညဖက်လန့်နိုးတဲ့အခါ သင့်ကလေးအနေနဲ့ နောက်တရက်မှာ လေးလံထိုင်းမှိုင်းပြီး ဂျီကျစိတ်တိုနေတတ်ပါတယ်။ ဒါဟာ မိသားစုအတွက် မကောင်းသလို ကလေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် မိသားစုဝင်တွေအကြား ဆက်ဆံရေး ပြေလည်ပျော်ရွှင်စေဖို့ နည်းလမ်းလေးတွေလည်း ချမှတ်ထားရမှာ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဖွံဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်နှင့် ကြွက်သားနာကျင်မှုကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• အိပ်ရေးဝဝအိပ်တာဟာ ကျန်းမာရေးနဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် အင်မတန်မှ အကျိုးများစေပါတယ်။

• မကြာခဏနာကျင်တယ်ဆိုရင် နှိပ်ပေးတာဟာ အကျိုးရှိစေပါလိမ့်မယ်။

• အကိုက်အခဲပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pediatrics Self Assessment and Board Review. Download version Chapter
207. Musculoskeletal Pain Syndromes. Page 826.
Nelson Textbook of Pediatrics, 7 th and 20E. Download version Growing pains Chapter
168 page 1227-1228.
Paed Glance. Download version Chapter 48 Leg pain and limp. Page 122.

ယခုပုံစံ

13/08/2017

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement