backup og meta

အလေးမ သမားတွေမှာ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ

တကယ်လို့ သင်ဟာ အလေးမသမားတယောက်ဖြစ်ရင် ဒါမှမဟုတ် အလေးမအားကစားကို ဝါသနာပါရင် ထိခိုက်ဒါဏ်ရာရမှု၊နာကျင်မှုတွေ (အထူးသဖြင့် တံတောင်နဲ့ လက်မောင်း)ကို အခြားသူတွေထက်ပိုပြီး တွေ့ကြုံခံစားရနိုင်ပါတယ်။

အလေးမ သမားတွေမှာ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ

ဒီလို နာကျင်ခြင်းကြောင့် သင့်အနေနဲ့ အလေးဆက်မ,မနိုင်တော့တာမျိုး ဖြစ်လာနိုင်တဲ့အပြင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကိုပါ ထိခိုက်လာတတ်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်နာကျင်ခြင်းကို ကုသပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဒီဆောင်းပါးမှာ မျှဝေပေးပါမယ်။

လုံလောက်စွာ အနားယူပါ။

ထိခိုက်ဒါဏ်ရာရနေတဲ့ သင့်တံတောင်ဆစ်ကို အနားပေးဖို့ အရေးကြီးပါတယ်။ ဒါဟာ သင့်အားကစားလှုပ်ရှားမှုကို ရပ်လိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်အနေနဲ့ အလေးမအားကစားကို ဆက်လုပ်နိုင်ပါတယ်။

ဒါပေမယ့် တံတောင်ဆစ်ကိုတော့ မသုံးပါနဲ့။ သင့်တံတောင်ဆစ်လုံးဝ ပြန်လည်ကောင်းမွန်သွားရင်တော့ လက်မောင်းနဲ့လက်တို့ကို အသုံးပြုပြီး အလေးဆက်,မ လို့ရပါပြီ။ ဒါဏ်ဖြစ်နေတဲ့ တံတောင်ဆစ်မှာ နာကျင်မှုကို ခံစားရရင် လုံးဝ အလေးမ,မ ပါနဲ့။ အလေးထပ်တင်ရင် သင့်နာကျင်မှုက ပိုဆိုးလာမှာ ဖြစ်တာကြောင့် ချက်ချင်းရပ်နားရပါမယ်။

ရေခဲကပ်ပါ။

ရေခဲကပ်ခြင်းအားဖြင့် ရောင်ရမ်းနာကျင်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ တခါကပ်ရင် ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်လောက် ကပ်ပေးရမှာဖြစ်ပြီး တနေ့ကို လေးငါးကြိမ်လောက် ကပ်နိုင်ပါတယ်။ ဒီထက်တော့ ပိုမကပ်သင့်ပါဖူး။

တစ်ရှုးတွေကို ထိခိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်တံတောင်ဆစ်ကို ရေခဲတိုက်ရိုက်ကပ်ခြင်းဟာ အလွန်အမင်းအေးစေပြီး အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် ရေခဲအိတ်နဲ့ ကပ်ခြင်း ဒါမှမဟုတ် အဝတ်ပါးလေးနဲ့ အုပ်ပြီးကပ်ခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။

နှိပ်နယ်ပေးပါ။

ခန္ဓါကိုယ်အပေါ်ပိုင်းက ကြွက်သားတွေကို အဓိကထားပြီး နှိပ်နယ်ပေးပါ။ တခါတရံ ကြွက်သားတွေ ဒါဏ်ဖြစ်ခြင်း၊အလွန်အကျွံညှစ်ရခြင်းကြောင့်လည်း နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ နှိပ်နယ်ပေးခြင်းဟာ သင့်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် နာကျင်မှုတွေကို သက်သာစေပါတယ်။

နှိပ်နယ်ပေးခြင်းဟာ သင့်စိတ်နဲ့ခန္ဓါနှစ်ခုလုံးကို အပန်းပြေစေပါတယ်။ ဒါကြောင့် နှိပ်နယ်ပေးခြင်းဟာ တံတောင်ဆစ်နာကျင်ခြင်းအတွက် အကျိုးမရှိဖူးဆိုရင်တောင် စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ ဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးစင်တာတွေမှာ နှိပ်နယ်မှုကို ခံယူနိုင်ပါတယ်။

ကျွမ်းကျင်တဲ့ နည်းပြနဲ့ လေ့ကျင့်ပါ။

ထိခိုက်ဒါဏ်ရာ ရမှုတွေကနေ ကာကွယ်နိုင်ဖို့ ကျွမ်းကျင်တဲ့ နည်းပြနဲ့ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ နည်းပြကောင်းတယောက်ကို အားကစားခန်းမမှာ ရှာလို့ရပြီး မှန်ကန်တဲ့ နည်းစနစ်တွေကို အသုံးပြုပြီး အလေးမနိုင်ဖို့ သင့်ကို သူတို့က လေ့ကျင့်သင်ကြားပေးပါလိမ့်မယ်။

သင့်တံတောင်ဆစ်ကို ထိခိုက်မှုအနည်းဆုံး၊ဖိအားအနည်းဆုံးဖြစ်စေမယ့် ပုံစံကို သင်ကြားပေးမှာပါ။ ဒါဆိုရင် ထိခိုက်ဒါဏ်ရာရခြင်း၊ဒါဏ်ဖြစ်ခြင်းတွေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

နည်းပြငှားတဲ့အတွက် ငွေကုန်ကြေးကျအနည်းငယ် ပိုလာမှာ မှန်ပေမယ့် ထိခိုက်ဒါဏ်ရာ ရမှုတွေကို လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် ထိခိုက်ဒါဏ်ရာ ရခဲ့ရင်လည်း မှန်ကန်သင့်တော်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး သင့်ကို ကုသပေးမှာဖြစ်တာကြောင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းတွေလုပ်ပါ။

အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ကို ပျော့ပြောင်းစေမှာဖြစ်တဲ့အပြင် လှုပ်ရှားမှုတွေကိုလည်း ကောင်းမွန်လာစေမှာပါ။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်ရဲ့ အကူအညီကိုတော့ ယူရပါမယ်။

တရက်ကို အနည်းဆုံး တကြိမ်လောက်တော့သင့်တံတောင်ဆစ်ကို ဆန့်ပေးသင့်၊ဖြေလျှော့ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ သင့်လက်မောင်းကြွက်သားအပါအဝင် အခြားသောတစ်ရှုးတွေကိုပါ သန်စွမ်းလာစေနိုင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ အလေးအပင်တွေကို ပိုမိုလွယ်ကူစွာ မ,နိုင်မှာပဲ ဖြစ်ပါတယ်။

ကနဦးမှာတော့ သင်ဟာ နာကျင်မှုကို ခံစားရမှာဖြစ်ပြီး လှုပ်ရှားမှုကို သင့်ကြွက်သားတွေ အသားကျလာတာနဲ့အမျှ နာကျင်ခြင်းက တဖြည်းဖြည်း လျော့ပါးသွားမှာပါ။ ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြီး နာကျင်နေတယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာကို ချက်ချင်းရပ်လိုက်သင့်ပြီး ဆရာဝန်ဆီ သွားရောက်ပြသရမှာ ဖြစ်ပါတယ်။

လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ သင့်လှုပ်ရှားမှုတွေကို ထိခိုက်စေတဲ့အတွက် အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး နာကျင်ခြင်းကို ထိန်းချုပ်နိုင်ပါတယ်။ အခြေအနေဆိုးရွားလာရင်တော့ ဆရာဝန်နဲ့ အချိန်မှီ ပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေရောက်နေပေမယ့် အိမ်မှာပဲ ဆက်ကုနေမယ်ဆိုရင် အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Elbow pain. https://medlineplus.gov/ency/article/003172.htm. Accessed January 21, 2017.
  2. Elbow pain. https://www.betterhealth.vic.gov.au/health/conditionsandtreatments/elbow-pain.Accessed January 21, 2017.
  1. Jones NS, Raasch WB. Weightlifter with elbow pain. Curr Sports MedRep.2011SepOct;10(5):285-7.doi:10.1249/JSR.0b013e31822d404f.
  1. What treatments are there for elbow pain?. http://www.arthritisresearchuk.org/arthritis-information/conditions/elbow-pain/treatments.aspx. Accessed January 21, 2017.

5. Treatments for Elbow Pain From Weightlifting. http://www.livestrong.com/arti

ယခုပုံစံ

09/01/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ