brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း ဆိုတာ ဘာလဲ

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းဟာ ဘယ်လောက် အဖြစ်များလဲ

ဒီရောဂါဟာ တွေ့ရများတတ်ပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီရောဂါလို့ အမည်တပ်လိုက်ရတဲ့ ကေ့စ်တွေရဲ့ ၉၀%ဟာ အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေ အချက်တွေကို လျှော့ချပြီး ကာကွယ်နိုင်ပါတယ်။ အချက်အလက်ပိုသိလိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

အတွေ့များတဲ့ လက္ခဏာတွေကတော့

  • နာကျင်မှုပြန့်နှံ့ခြင်း။ ကိုယ်ခန္ဓါ ဘယ်ညာ၊ ခါးရဲ့ အထက်အောက် အားလုံးမှာ ဖြစ်နိုင်ပါတယ်။
  • ပင်ပန်းနွမ်းနယ်ခြင်း။ နာကျင်မှု၊ ခြေထောက် ဂနာမငြိမ်ခြင်း ပြသနာ၊ အိပ်နေစဉ် အသက်ရှူရခက်ခြင်း စတာတွေကြောင့် အိပ်ရေးမဝဖြစ်ပြီး ပင်ပန်းနွမ်းနယ်တတ်ပါတယ်။
  • သိမြင်မှုခက်ခဲခြင်း။ အာရုံစူးစိုက် အလုပ်လုပ်နိုင်စွမ်း ကျဆင်းတတ်ပါတယ်။
  • အခြားပြသနာများ။ စိတ်ဓါတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ အောင့်ခြင်း ဖြစ်တတ်ပါတယ်။

အထက်ပါစာရင်းမှာ မပါတဲ့လက္ခဏာတွေလည်း ရှိပါသေးတယ်။ လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ

ကြွက်သားများ နာတာရှည်နာကျင်ပြီး ပင်ပန်းနွမ်းနယ်နေရင် ဆရာဝန်ပြသင့်ပါတယ်။

အကြောင်းအရင်းများ

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းကို ဘယ်အရာတွေက ဖြစ်စေသလဲ

ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလို့ ယူဆနိုင်တဲ့အရာတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

  • မျိုးရိုးဗီဇ။ ဗီဇချို့ယွင်းမှုကြောင့် တချို့လူတွေမှာ ဒီရောဂါ ပိုဖြစ်နိုင်ပါတယ်။
  • ရောဂါပိုးကူးစက်ခြင်း။ တချို့ရောဂါတွေဟာ ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းကို ပိုဆိုးစေပါတယ်။
  • စိတ်ပိုင်းရုပ်ပိုင်းထိခိုက်မှု။ ဥပမာ ထိခိုက်မှုပြီးနောက် စိတ်တွင် ဖိအားကျန်ရှိနေခြင်း (PTSD) ပြသနာ

ဖြစ်ပွားနိုင်ခြေများ

ဘယ်အရာတွေက ကြွက်သားများ နာတာရှည် ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေသလဲ

အောက်ပါအချက်တွေဟာ ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့ အရာတွေ ဖြစ်ပါတယ်။

  • ကျား/မ ကွဲပြားမှု။ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
  • မိသားစု ရာဇဝင်
  • လေးဘက်နာရောဂါဖြစ်ခြင်း။ လေးဘက်နာရောဂါကြောင့် အဆစ်အမြစ်ရောင်ခြင်းဟာ ဒီရောဂါကို ပိုဆိုးစေပါတယ်။

ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း

ယခုဖော်ပြပါ အချက်အလက်များဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များ နေရာမှာ အစားထိုးရန် မဟုတ်ပါ။ အချက်အလက်များ ပိုသိရအောင် ဆရာဝန်နဲ့ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

ကြွက်သားများ နာတာရှည် ကိုက်ခဲခြင်းကို သွေးစစ်ပြီး သိနိုင်ပါတယ်။ အောက်ပါစစ်ဆေးနည်းတေါ စစ်ဆေးရင် ပုံစံတူလက္ခဏာတေါကနေ ခွဲခြားပြီး သိနိုင်ပါတယ်။

  • သွေးအပြည့်အစုံစစ်ဆေးခြင်း (CBC)
  • ESR
  • သိုင်းရွိုက်အလုပ်လုပ်မှု စစ်ဆေးခြင်း

ကြွက်သားများ နာတာရှည် ကိုက်ခဲခြင်းကို ဘယ်လိုကုမလဲ

ဆေးဝါးကုသခြင်းဟာ နာကျင်မှုကို သက်သာစေပြီး အိပ်စက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ အောက်ပါဆေးတွေ ပါဝင်ပါတယ်။

  • အကိုက်အခဲပျောက်ဆေးများ acetaminophen (Tylenol, အခြား), ibuprofen (Advil, Motrin IB, အခြား) သို့မဟုတ် naproxen sodium (Aleve, အခြား), tramadol (Ultram, Conzip). စိတ်ကျရောဂါကုဆေးများ Duloxetine (Cymbalta) နှင့် milnacipran (Savella), amitriptyline (သို့) fluoxetine (Prozac).
  • အတက်ကျဆေးများGabapentin (Neurontin, Gralise), pregabalin (Lyrica).

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါနေထိုင်မှုပုံစံများ၊ အိမ်တွင်းကုထုံးများဟာ အသုံးဝင်ပါတယ်။

  • စိတ်ဖိစီးမှုလျှော့ချခြင်း
  • အိပ်ရေးဝအောင်အိပ်ခြင်း
  • လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
  • မိမိနှုန်းဖြင့်သာ အလုပ်လုပ်ခြင်း
  • ကျန်းမာသော နေထိုင်မှုပုံစံနေထိုင်ခြင်း
  • အပ်စိုက်ကုထုံး
  • အနှိပ်ခံခြင်း
  • ယောဂနှင့်ထိုက်ချိကစားခြင်း

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။