backup og meta

Broken nose (နှာရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken nose (နှာရိုးကျိုးခြင်း) ကဘာလဲ။

နှာရိုးကျိုးခြင်းသည် နှာခေါင်းအတွင်းရှိအရိုးများ ကျိုးခြင်းကြောင့်ဖြစ်သည်။ အဓိကကျိုးသောအကြောင်းအရင်းများမှာ အားကစားပြုလုပ်ခြင်း ရန်ဖြစ်ခြင်း မော်တော်ကား မတော်မဆမှု မော်တော်ကားပေါ်မှပြုတ်ကျခြင်းများကြောင့်မျက်နှာအားထိခိုက်တတ်သည်။ နှာရိုးကျိုးခြင်းသည် နှာခေါင်းတစ်လျောက် နှင့်မျက်စိတွင် နာခြင်း ယောင်ခြင်း အညိုအမဲစွဲခြင်းတို့ဖြစ်တတ်သည်။ နှာခေါင်းရိုးလိမ်နေတတ်ပြိး အသက်ရူရခက်တတ်သည်။

ကုသမှုတွင် ကျိုးနေသောအရိုးနှစ်ခုအားပြန်ညှိုရန်လိုတတ်သည်။ ခွဲစိတ်မှုများသောအားဖြင့်မလိုတတ်ပါ။

Broken nose (နှာရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Broken nose (နှာရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှာရိုးကျိုးခြင်းရဲ့် အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

  • နာခြင်း။ အထူးသဖြင့်နှာခေါင်းအားထိမိချိန်တွင်နာတတ်သည်။
  • ဖောင်းလာခြင်း။ နှာခေါင်းနှင့် ပတ်ဝန်းကျင်နေရာများတွင်ဖောင်းလာတတ်သည်။
  • နှာခေါင်းမှသွေးထွက်ခြင်း
  • နှာခေါင်းသို့မဟုတ် မျက်လုံးတွင် အညိုအမဲစွဲခြင်း
  • နှာခေါင်းကွေးကောက်သွားခြင်း
  • အသက်ရူရခက်ခြင်း
  • နှာခေါင်းမှချွဲများကျခြင်း
  • တစ်ဖက်သို့မဟုတ် နှစ်ဖက်လုံးတွင်နှာပိတ်နေခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များရှိပါကဆရာဝန်နှင့်တိုင်ပင်ပါ။

  • ခေါင်းသို့မဟုတ်လည်ပင်းဒဏ်ရာရရှိပြီး ခေါင်းကိုက်ခြင်း လည်ပင်းနာခြင်း အန်ခြင်း နှင့် သတိမေ့ခြင်းများရှိပါက
  • အသက်ရူရခက်ခြင်း
  • သွေးမရပ်တော့ခြင်း
  • နှာခေါင်းပုံသဏ္ဏာန်ပြောင်းလဲသွားသောလည်း ကွေးကောက်ခြင်း ဖောင်းလာခြင်းများမရှိခြင်းေ
  • ရေကဲ့သို့ကြည်သောအရာများနှာခေါင်းမှထွက်လာခြင်း

အကြောင်းရင်းများ

Broken nose (နှာရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရုတ်တရက်ထိခိုက်မိခြင်းကြောင့်အဓိကဖြစ်သည်။ မျက်နှာနှင့် လည်ပင်းထိခိုက်မှုများကြောင့်အဓိကဖြစ်သည်။ အဓိကဖြစ်သောအကြောင်းရင်းများမှာ

  • နံရံနှင့်တိုက်မိခြင်း
  • ချော်လဲခြင်း
  • အားကစားလုပ်ချိန်တွင်ထိမိခြင်း
  • မော်တော်ကားတိုက်ခြင်း
  • နှာခေါင်းအားအထိုးခံရခြင်း အကန်ခံရခြင်း

ဖြစ်နိုင်ခြေများ

Broken nose (နှာရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှာရိုးကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

  • ထိခိုက်စေတတ်သောအားကစား ဥပမာ ဘောလုံးကန်ခြင်း နှင့် ဟော်ကီကစားနည်းများ(အဆောင်းမပါဘဲကစားလျင်ပိုဖြစ်စေတတ်သည်)
  • ချိန်းပွဲရိုက်ခြင်း
  • စက်ဘီးစီးခြင်း
  • အလေးမခြင်း (အထိန်းမပါခြင်း)
  • မော်တော်ကားစီးချိန်တွင်ခါးပါတ်မပါတ်ထားခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken nose (နှာရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်မှုပြုလုပ်၍သိနိုင်သည်။ သင့်မျက်နှာနှင့်နှာခေါင်းအားကြည့်ခြင်း ထိ၍စမ်းခြင်းများလုပ်လိမ့်မည်။ အရမ်းနာပါက မစမ်းသက်ခင်ထုံဆေးပေးလိမ့်မည်။

ဆရာဝန်မှ ဖောင်းတာသက်သာပြီး နှစ်ရက်သုံးရက်မှပြန်လာရန်ခေါ်နိုင်သည်။ ထိုအချိန်တွင် ဒဏ်ရာအားပိုမြင်နိုင်သောကြောင့်ဖြစ်သည်။ ထိခိုက်မှုပြင်းထန်ပါကသို့မဟုတ် အခြားမျက်မှာဒဏ်ရာများနှင့်တွဲနေပါက ဓါတ်မုန် သို့မဟုတ် ကွန်ပြူတာဓါတ်မုန်ကိုရိုက်ခိုင်းလိမ့်မည်။ ထိုသို့ရိုက်ခြင်းဖြင့် သင်၏နှာခေါင်းနှင့်မျက်နှာ ပျက်စီးမှုအခြေအနေကိုသိနိုင်သည်။

Broken nose (နှာရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

မပြင်းထန်ပါက(ကွေးကောက်ခြင်း)များမရှိပါက ကုသမှုအကြီးစားများမလိုအပ်ပါ။ လွယ်ကူပြီးကိုယ်တိုင်လုပ်နိုင်သောနည်းလမ်းများကိုဆရာဝန်မှသင်ပေးလိမ့်မည်။ ဥပမာ-

ရေခဲကပ်ခြင်း နှင့် ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောဆေးများကိုသောက်စေခြင်း

နေရာလွဲခြင်းအားပြင်ဆင်ခြင်း

နှာခေါင်းအား လက်ဖြင့်ပြန်တည့်ခြင်းသို့မဟုတ် ခွဲစိတ်ခြင်းများလိုအပ်နိုင်သည်။

လက်ဖြင့်ပြန်တည့်ခြင်း

နှာရိုးကျိုးခြင်းသည် အရိုးနှင့်အရိုးနုအားနေရာပြောင်းစေခြင်းရှိပါက ဆရာဝန်မှလက်ဖြင့်ပြန်တည့်ရန်ကြိုးပမ်းလိမ့်မည်။ အရိုးကျိုးပြီး ၁၄ရက်အတွင်းသို့မဟုတ် စောလေကောင်းလေဖြစ်သည်။

လုပ်ဆောင်ချက်များတွင်သင့်အားသက်သာစေရန်နှာခေါင်းသိုဆေးထိုးခြင်းသို့မဟုတ် နှာခေါင်းဆေးဖြန်းခြင်းပြုလုပ်လိမ့်မည်။ နှာခေါင်းကြည့်ကိရိယာဖြင့်နှာခေါင်းအားဖွင့်မည်။ အထူးကိရိယာများဖြင့် သင့်နှာခေါင်းရိုးနှင့် အရိုးနုအားပြန်တည့်မည်။ နှာခေါင်းအားကြပ်စီးစီးပေးပြီး အပြင်မှ ပတ်တီးစီးပေးလိုက်လိမ့်မည်။ အတွင်းမှကြပ်စီးသည် အချိန်အနည်းငယ်ကြာကြာလိုတတ်သည်။ တပါတ်လောက်လိုနိုင်သည်။ အဏုဇီဝပိုးသတ်ဆေးသောက်ရန်လိုအပ်လိမ့်မည်။

ခွဲစိတ်ခြင်း

အရိုးကျိုးမှပြင်းထန်ပါက ၊ ၁၄ရက်ထက်ကြာသည်အထိဆေးကုသမှုမခံယူခဲ့ပါက လက်ဖြင့်တည့်ခြင်းနှင့်မရနိုင်တော့ပါ။ ထိုသိုေ့သာအခြေအနေများတွင် ခွဲစိတ်မှုလိုအပ်မည်ဖြစ်သည်။

အကယ်၍ နှာရိုးဆက်ကြားကိုပျက်စီးသွားပါက ပိတ်ခြင်းသို့မဟုတ် အသက်ရူကြပ်ခြင်းများဖြစ်တတ်သည်။ ပြန်လည်ပြုပြင်တည်ဆောက်မှုလိုအပ်သောခွဲစိတ်မှုများလိုတတ်သည်။ များသောအားဖြင့် ပြင်ပလူနာဌာနတွင်ပြုလုပ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးမျာ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှာရိုးကျိုးခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နှာရိုးကျိုးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

မြန်မြန်ဆန်ဆန်လှုပ်ရှားပါ။ အရိုးကျိုးမှုစတင်သည်နှင့် ပါးစပ်ဖြင့်အသက်ရူပါ။ ရှေ့သို့ကိုင်းထားခြင်းဖြင့် သွေးများ လည်ပင်းသို့ပြန်လည်စီးဝင်ခြင်းကိုသက်သာစေနိုင်ပါတယ်။

ရေခဲအသုံးပြုပါ။ ဒဏ်ရာဖြစ်ပြီး ချက်ချင်းရေခဲကပ်ပါ။ ပထမ ၂၄နာရီမှ ၄၈ နာရီအတွင်းတနေ့လေးခါကပ်ပေးခြင်းဖြင့် ဖောင်းခြင်းအားသက်သာစေနိုင်သည်။ တခါကပ်ပါက ဆယ်မိနစ်ဆယ့်ငါးမိနစ်ခန့်ကပ်ပါ။ အေးလွန်း၍အသားပုပ်ခြင်းမဖြစ်စေရန်အဝတ်စတွင်ရေခဲပတ်၍ကပ်ပါ။ ဖိအားသိပ်မထည့်ပါနှင့်။ ဖိအားဖြင့်ကပ်ပါက နှာခေါင်းအားပိုနာစေတတ်သည်။

အနာသက်သာစေသောဆေး။ ဆေးဆိုင်တိုင်းတွင်ရနိုင်သောအနာသက်သာစေသောဆေး (အက်စီတာမီနိုဖန် (တိုင်လီနော နှင့်အခြား) အိုင်ဗျူပရိုဖန်(အက်ဗေး၊မော်တရေး အိုင်ဗီ နှင့်အခြား) သို့မဟုတ် နက်ပရိုဇန် ဆိုဒီရန် (အက်ဖ် နှင့်တခြား)တို့လိုနိုင်သည်။

ခေါင်းကိုမြင့်၍ထားပါ။ အိပ်နေချိန်တွင် ခေါင်းအားမြင့်ထားပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖောင်းခြင်းခေါင်းကိုက်ခြင်းအားသက်သာစေသည်။

လှုပ်၇ှားမှုကိုကန့်သတ်ပါ။ ကုသမှုပြီး ပထမနှစ်ပါတ်တိုင်အောင် အားကစားမလုပ်ပါနှင့်။ ထိခိုက်နိုင်သောအားကစားအား အနည်းဆုံးခြောက်ပါတ်ထိရှောင်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Broken Nose.

http://www.healthline.com/health/nose-fracture#overview1. Accessed September 13, 2017.

Broken nose.

http://www.mayoclinic.org/diseases-conditions/broken-nose/basics/definition/con-20031088. Accessed September 13, 2017.

Broken nose.

http://www.nhs.uk/conditions/broken-nose/Pages/Introduction.aspx. Accessed September 13, 2017.

ယခုပုံစံ

05/07/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement