backup og meta

Osteoarthritis အရိုးအဆစ်ရောင်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

Osteoarthritis အရိုးအဆစ်ရောင်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

Osteoarthritis ဆိုသည်မှာအသုံးပြုပါများ၍ ဒဏ်ဖြစ်ကာအရိုးနု နှင့် အဆစ်တို့ ယိုယွင်းပျက်စီးသောအဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်ပြီးအသက်အရွယ်ကြီးရင့်သူများတွင် အဖြစ်များသည်။ ထိုရောဂါကိုအသက်အရွယ်ရလာတဲ့အခါ အဆစ်အမြစ်ပိုင်းမှာမလွဲမသွေကြုံရမယ့် ရိုးရှင်းတဲ့ ပြဿနာတစ်ခုလို့ တစ်ချိန်ကယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သုတေသနတွေအရOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဆိုတာအကြောင်းရင်းတွေအများကြီးရှိတဲ့ ရှုပ်ထွေးလှတဲ့ ဖြစ်စဉ်တစ်ခုဆိုတာသိလာကြပါတယ်။ သူဟာမရှောင်လွှဲနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကြောင်းကိစ္စတွေ အများအပြားကြောင့် ဖြစ်လာရပြီးအတော်များများဟာပြောင်းလဲနိုင်၊ ကာကွယ်နိုင်ပါတယ်။ ယခုဖော်ပြမှာတွေကတော့ Osteoarthritis အရိုးအဆစ်ရောင်ရောဂါ

ဖြစ်နိုင်ခြေတွေကိုလျှော့ချနိုင်ဖို့ဘာလုပ်ရမယ်ဆိုတာ ဆရာဝန်တွေအကြံပေးထားတဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ ကျန်းမာရေးနှင့်ညီညွတ်သောကိုယ်အလေးချိန်ကိုထိန်းထားပါ။

ကိုယ်အလေးချိန်များခြင်းဟာOsteoarthritis အရိုးအဆစ်ရောင်ရောဂါ

ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ပိုနေတဲ့ ကိုယ်အလေးချိန်ဟာတင်ပါးဆုံရိုး၊ ဒူးခေါင်းစတဲ့ ကိုယ်အလေးချိန်ကိုထမ်းထားရတဲ့ အဆစ်တွေပေါ်မှာဖိအားကိုပိုများစေပါတယ်။ အလေးချိန်တစ်ပေါင်တက်တိုင်းဒူးဆစ်ရိုးပေါ် လေးပေါင်သက်ရောက်စေပြီးတင်ပါးဆုံရိုးပေါ် ခြောက်ဆသက်ရောက်စေပါတယ်။ အချိန်ကြာလာတဲ့အမျှ အဆစ်တွေမှာအခုအခံလုပ်ပေးထားတဲ့ အရွတ်တွေကိုထိခိုက်လာစေပါတယ်။ ဒီဖိအားကြောင့် သက်သက်ပဲမဟုတ်ပါဘူး။ အဆီအသားတွေကနေ cytokine လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးထုတ်ပေးပြီးကိုယ်ခန္ဓါတစ်ခုလုံးမှာရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆစ်တွေမှာဆိုရင် cytokine ဟာအရွတ်တွေကိုပျက်စီးစေပါတယ်။ ကိုယ်အလေးချိန် များလာတဲ့အခါ ခန္ဓါကိုယ်ကနေမကောင်းတဲ့ ပရိုတင်းတွေ ထွက်လာစေပါတယ်။ ကိုယ်အလေးချိန် အနည်းငယ်မျှ ကျဆင်းရုံနဲ့ပင်အဆစ်အမြစ်တွေအပေါ် ဒဏ်ဖြစ်စေခြင်းကသက်သာစေပြီးOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို တစ်ဝက်လောက် သက်သာစေပါတယ်။

၂။ သွေးတွင်းသကြားဓါတ်ကိုထိန်းပါ။

နောက်ဆုံးပေါ် သုတေသနမှာဆီးချိုဟာသကြားဓါတ်ကိုအကျိုးသက်ရောက်စေပြီးအရိုးအဆစ်ရောင်ခြင်းကို ဖြစ်ပွားနိုင်စေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ဂလူးကို့စ်ဓါတ်များလာရင် အရွတ်တွေကိုတောင့်တင်းစေတဲ့ ဓါတ်ပစ္စည်းတွေဖြစ်ပေါ်စေပြီးဖိအားဒဏ်ကိုပိုခံရစေတယ်လို့ ဆိုပါတယ်။ ဆီးချိုဟာအရွတ်တွေ ပျက်စီးစေတဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသစ်တွေ့ရှိထားတဲ့ ဆီးချိုနဲ့ အရိုးအဆစ်ဒဏ်ဖြစ်ခြင်းရဲ့ကြားဆက်နွယ်ချက်ကတော့ အမေရိကန်လူမျိုးတွေရဲ့ တစ်ဝက်ကျော်ကျော်ဟာ ဆီးချိုရှိပြီးOsteoarthritis ရောဂါပါတွဲတွေ့ရတတ်တာပါပဲ။

၃။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

ကိုယ်လက်လှုပ်ရှားမှုဟာOsteoarthritis အရိုးအဆစ်ရောင်ခြင်းအတွက် အကောင်းဆုံးကုသမှုတစ်ခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေကိုမူလအတိုင်းထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးနည်းလည်း ဖြစ်ပါတယ်။ အတန်အသင့်အားစိုက်ရတဲ့လေ့ကျင့်ခန်းကိုတစ်ခါလုပ်ရင် နာရီဝက်ခန့်နဲ့ တစ်ပတ်မှာ ၅ကြိမ်လုပ်ခြင်းဟာအရိုးအဆစ်တွေကိုပျော့ပြောင်းစေပြီးတင်ပါးဆုံရိုးနဲ့ ဒူးဆစ်ကိုထောက်ပံ့မှုပေးတဲ့ကြွက်သားတွေကိုသန်မာစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာအဆုတ်နဲ့ နှလုံးတွေကိုလည်းသန်မာစေပြီးဆီးချိုဖြစ်နိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

သင့်အနေနဲ့ အားကစားခန်းမကိုပုံမှန်မသွားနိုင်ရင်တောင် လမ်းလျှောက်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ ကြမ်းတိုက်ခြင်းစတာတွေကိုပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အရွယ်၊ ကျန်းမာရေးအနေအထား၊ နှစ်သက်သောကိုယ်လက်လှုပ်ရှားမှုပေါ် မူတည်ပြီးလေ့ကျင့်ခန်းကိုစွဲမြဲလုပ်ဆောင်မှ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။

ဘယ်လေ့ကျင့်ခန်းကိုရွေးချယ်ရမယ်ဆိုတာပြဿနာမရှိပါဘူး။ သင့်ကိုယ်ခန္ဓါနဲ့ ကိုက်ညီသလိုလုပ်ဖို့ကအရေးကြီးတာပါ။ တစ်နာရီနှစ်နာရီခန့် လေ့ကျင့်ခန်းလုပ်အပြီးနာကျင်ကိုက်ခဲတာရှိနေရင် နောက်တစ်ကြိမ်မှာလျှော့လုပ်ပြီးပိုအနားယူပါ။ ထိခိုက်မှုတွေ ရှောင်နိုင်အောင် ကိုယ်ခန္ဓါကလှုပ်ရှားမှုအသစ်တွေကိုဘယ်လိုလက်ခံမယ်ဆိုတာမသိသေးခင်အထိ ဖြည်းဖြည်းပဲလုပ်ဆောင်ပါ။ နေ့တိုင်းလေ့ကျင့်ခန်းတစ်မျိုးတည်းပဲမလုပ်ပါနဲ့။

၄။ ထိခိုက်မှုတွေကိုရှောင်ရှားပါ။

အရွတ်တွေ ဒဏ်ဖြစ်ပြီး ပြန်မကောင်းရင် အဲဒီအရိုးအဆစ်ဟာထိခိုက်မှုမရှိတဲ့ အရိုးအဆစ်ထက်ကိုOsteoarthritis ရောဂါ ဖြစ်နိုင်ခြေ ၇ဆခန့်ပိုများပါတယ်။ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အရွတ်များ ပြဲခြင်း၊ ဒဏ်ဖြစ်ခြင်းစတာတွေဟာအရိုးနုတွေပျက်စီးပြီး Osteoarthritis ဖြစ်နိုင်ချေကိုသိသိသာသာပိုများလာစေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေရဲ့ ၅၀ရာခိုင်နှုန်းခန့်မှာထိုသို့ ဖြစ်တတ်ပါတယ်။

ထိခိုက်မှုအားလုံးကိုအမြဲမရှောင်နိုင်ရင်တောင်မှ သင့်အရိုးအဆစ်တွေကိုကာကွယ်သင့်ပါတယ်။ ဘောလုံး၊ ဟော်ကီစတဲ့ အားကစားတွေလုပ်တဲ့အခါ အကာအကွယ်တွေ ဝတ်ဆင်ထားရပါမယ်။ ဘေ့စ်ဘောကစားရင် အောက်ခံကွင်းပြင်ဟာသင့်တော်တဲ့ အနေအထားရှိမရှိဆန်းစစ်ရပါမယ်။ အိမ်မှာ၊ လုပ်ငန်းခွင်မှာပစ္စည်းတွေ မစရာ၊သယ်စရာရှိရင် အကြီးဆုံး၊ အသန်မာဆုံးအရိုးအဆစ်တွေကိုအသုံးပြုပါ။ နားနားပြီးလုပ်ဆောင်ပါ။ ထိခိုက်ဒဏ်ရာတစ်ခုရပြီးရင် ကိုယ်အလေးချိန်ကိုထိန်းထားခြင်းဟာနောက်ထပ် အရိုးအဆစ်ဒဏ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၅။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံကိုရွေးချယ်ပါ။

Osteoarthritis အရိုးအဆစ်ရောင်ရောဂါ အတွက် တချို့ဖြစ်နိုင်ခြေ အန ္တရာယ်တွေဟာပြောင်းလဲပြုပြင်လို့မရပါဘူး။ ဥပမာအသက်အရွယ်။ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးဖြစ်နိုင်ခြေများလာပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုရှင်းလင်းစွာမသိရသေးပါဘူး။ ဖြစ်နိုင်ခြေတစ်ခုကတော့ အရွတ်မှာရှိတဲ့ ဆဲလ်တွေဟာအချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားတတ်ပါတယ်။ အမျိုးသမီးတွေဟာအမျိုးသားတွေထက် Osteoarthritis ရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။ အထူးသဖြင့် အသက်၅၀ကျော်အရွယ် သွေးဆုံးတဲ့အခါ အီစထရိုဂျင်ဟော်မုန်းနည်းသွားခြင်းဟာအဓိကအကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တချို့လူတွေဟာအရိုးအဆစ်ရောင်ခြင်း ဖြစ်နိုင်ခြေများတဲ့ မျိုးရိုးဗီဇကိုဆက်ခံရတတ်ပါတယ်။ စာတမ်းတစ်စောင်မှာတော့ cytokine ဓါတ်ကိုလက်ခံတဲ့ ဗီဇကြောင့် Osteoarthritis အဆစ်အမြစ်ရောင်ဖြစ်နိုင်ခြေဟာ ၂ဆပိုများတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအရိုးအဆစ်ရောဂါဟာအကြောင်းတရားမျိုးစုံပေါင်းစပ် ဖြစ်ပေါ်လာတယ်ဆိုတာကိုမေမ့ပါနဲ့။ မျိုးရိုးဗီဇရှိရုံနဲ့ သင့်မှာဖြစ်ပွားနိုင်တယ်လို့ မယူဆနိုင်ပါဘူး။

ခြုံငုံပြောရမယ်ဆိုရင် Osteoarthritis အရိုးအဆစ်ရောဂါ အပါအဝင် ရောဂါအားလုံးအတွက် အကောင်းဆုံးသောကာကွယ်ခြင်းဟာကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံပဲ ဖြစ်ပါတယ်။ သင့်ရဲ့ စားသောက်ပုံ၊ ကိုယ်လက်လှုပ်ရှားပုံ၊ အိပ်စက်ပုံ၊ စိတ်ဖိအားအပေါ် တုံ့ပြန်ပုံစတာတွေဟာတစ်ခုနဲ့ တစ်ခုဆက်စပ်နေပါတယ်။ ဆေးလိပ်နဲ့ အရက်သောက်ခြင်းဟာယေဘုယျ ကျန်းမာရေးကိုထိခိုက်စေရုံသာမကဘဲသင့်အရိုးအဆစ်အပေါ်တွင်လည်းမကောင်းသောသက်ရောက်မှု ရှိပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.arthritis.org/about-arthritis/types/osteoarthritis/articles/oa-prevention.php
http://www.healthline.com/health-slideshow/8-ways-help-prevent-osteoarthritis
http://www.webmd.com/osteoarthritis/guide/osteoarthritis-prevention-1?page=2

ယခုပုံစံ

12/05/2020

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement