backup og meta

ကလေးများ သွားနှုတ်ပြီးလျှင်ဘယ်လိုဂရုစိုက်ရမလဲ

ကလေးများ သွားနှုတ်ပြီးလျှင်ဘယ်လိုဂရုစိုက်ရမလဲ

ငယ်သွားတစ်ချောင်းပြီးတစ်ချောင်း လဲလာတာနှင့်အမျှ သင့်ရဲ့ကလေးဟာ တဖြည်းဖြည်းကြီးပြင်းလာပါတယ်။ ဒါပေမယ့် ကလေးများဟာ ငယ်ရွယ်ပြီး ဗဟုသုတမပြည့်စုံသေးတဲ့အတွက် သူတို့ရဲ့သွားကျန်းမာရေးကို ဂရုပြုရာမှာအထူးသဖြင့်သွားနှုတ်တဲ့အချိန်မှာ မိသားစုအကူအညီကို လိုအပ်ပါတယ်။ အောက်ဖော်ပြပါ စာတမ်းဟာ ကလေးများ ငယ်သွားလဲခြင်း (သွားနှုတ်ခြင်း) နှင့်ပတ်သက်ပြီးသိလိုတဲ့အချက်အလက်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

အဆင့် (၁)

သွားနှုတ်ပြီးလျှင် သင့်ကလေးကိုခေါင်းကိုမြှင့်ထားပါ။ ပြင်းထန်သောလှုပ်ရှားမှုများ ပြုလုပ်ခြင်းကိုတားမြစ်ပါ။ လှုပ်ရှားမှု ပြုလုပ်သောအခေါက်အရေအတွက်များကို လျှော့ချပါ။

အဆင့် (၂)

သွားနှုတ်ပြီး သွေးတိတ်နည်းစေရန် သွားနှုတ်ထားသောနေရာကို ပိုးမွှားသန့်စင်ထားသောဂွမ်းစကိုခေါက်ပြီး ဖိကိုက်ထားခိုင်းပါ။ သွားနှုတ်ပြီး ၄၅ မိနစ်ခန့် သွေးထွက်နိုင်ချေရှိ၍ ဂွမ်းစကိုကလေးအား ညင်သာစွာဖိကိုက်ထားခြင်းဖြင့် သွေးတိတ်ခြင်းကိုလျင်မြန်စေပါတယ်။

အဆင့် (၃)

သင့်ရဲ့ခွဲစိတ်ဆရာဝန် (သို့) သွားဆရာဝန်က သင့်ကလေးကို အနာသက်သာစေဖို့ ဆေးပေးလိုက်ရင် သင့်ကလေးကို သေချာစွာအချိန်မှန်မှန် ဆေးပမာဏတိတိကျကျ တိုက်ကျွေးဖို့ လိုအပ်ပါတယ်။

အဆင့် (၄)

သွားနှုတ်ပြီး (၂၄) နာရီအတွင်း ပလုတ်ကျင်းခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ (၂၄) နာရီအတွင်း ပုံမှန်စားနေကျ မာကြောသောအစားအစာများကို မကျွေးဘဲစွပ်ပြုတ်၊ ဆန်ပြုတ်ကဲ့သို့သော ပျော့ပျောင်းတဲ့ အစားအစာကိုကျွေးပါ။

အဆင့် (၅)

သင့်ကလေးကိုပူလွန်းသောရေ၊ လက်ဖက်ရည်နှင့် အခြားသောအရည်များ တိုက်ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။

အဆင့် (၆)

၂၄ နာရီကျော်သွားလျှင် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်တစ်ဝက်ကို ရေနွေးနှင့် ရောပြီးသင့်ကလေးကိုညင်သာစွာခံတွင်းဆေးခိုင်း ပါ။ ထို့နောက် ရေကိုတွေးထုတ်ပြီးပုံမှန်ပြုလုပ်သည့်အတိုင်းသွားတိုက်ခိုင်းပါ။ သွားနှုတ်ထားသောနေရာကိုသတိထားဖို့ အမြဲသတိပေးပါ။

အဆင့် (၇)

ပုံမှန်အားဖြင့် သွားနှုတ်ပြီးတစ်ရက်လောက်ထိ ပျော့ပျောင်းတဲ့အစားအစာများကိုသာ ကျွေးပါ။ တစ်ရက်ကျော်သွားသာလျှင် အစာမာကို စကျွေးပါ။ ဒါပေမယ့် ကလေးကအစာမာကို မစားလိုရင် (သို့) ကလေးက အစာမာစားခြင်းကို နာကျင်စေတယ်လို့ထင်ရင် အတင်းအကြပ်မကျွေးပါနှင့်။

သတိပြုရမည့်အချက်များ

  • သွားနှုတ်ပြီးရင် နာလွန်းတဲ့အတွက် သင့်ကလေးဟာခံတွင်းမဟနိုင်ဖြစ်တတ်ပါတယ်။ ဒီအပြုအမူဟာပုံမှန် ဖြစ်ပါတယ်။
  • ရောဂါပိုးများကူးစက်ခြင်းကို လျှော့ချနိုင်ဖို့အတွက် သင့်ကလေးကိုသွားနှင့်ခံတွင်းကို သန့်ရှင်းအောင်ထားဖို့ သတိပေးပါ။ သွားနှုတ်ထားသောနေရာကို ထိခိုက်မရှိစေဖို့ သွားပွတ်တံအပျော့ကိုအသုံးပြုပါ။
  • မခံမရပ်နိုင်အောင် နာကျင်နေရင် ရေခဲတုံး (သို့) အေးခဲထားသော သစ်သီးဝလံများကို အနာသက်သာစေဖို့နှင့် ရောင်ရမ်းခြင်းကျစေဖို့ ကလေးမေးရိုးပေါ်မှာတင်ပေးပါ။
  • ဆရာဝန် ညွှန်ကြားထားသောဆေးများအားလုံးကို ကလေးအားတိုက်ပါ။
  • ပုံမှန်အားဖြင့် သွားနှုတ်ပြီးတစ်ရက်ကြာသည်အထိသွားနှုတ်ထားတဲ့နေရာမှ သွေးထွက်နိုင်ပါတယ်။ သွေးတိတ်စေဖို့ ပိုးမွှားသန့်စင်ထားသောဂွမ်းစကိုသွားနှုတ်ထားတဲ့နေရာမှာညင်သာစွာဖိကိုက်ထားခိုင်းပါ။

အထက်ဖော်ပြပါအချက်အလက်များဟာသင့်ကလေးရဲ့သွားနှုတ်ပြီးသောနေရာကိုလျင်မြန်စွာသက်သာပျောက်ကင်းစေဖို့နှင့်နာကျင်မှုသက်သာစေနိုင်တဲ့နည်းလမ်းများ ဖြစ်ပါတယ်။ အကယ်၍သင့်ကလေးမှာပုံမှန်မဟုတ်သောရောင်ရမ်းမှုများ ဖြစ်ပေါ်လာရင်တုန့်ဆိုင်းမနေဘဲသင့်ရဲ့သွားဆရာဝန် (သို့) ကလေးဆရာဝန်နှင့်ချက်ချင်းပြသပြီးလိုအပ်သောလမ်းညွန်မှုများနှင့်ကုသမှုများကိုခံယူပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Take Care of Baby Teeth Extractions

http://www.livestrong.com/article/551404-do-tooth-infections-cause-lightheadedness/ Accessed December 15, 2016

How to take care of baby teeth extractions

http://www.thehealthsite.com/diseases-conditions/how-to-take-care-of-baby-teeth-extractions-t0916/ Accessed December 15, 2016

Pediatric Dental Care http://www.skypediatricdentistry.com/dr-mandy-ashley/pediatric-dentistry/pediatric-dental-care/after-tooth-extractions Accessed December 15, 2016

ယခုပုံစံ

09/08/2022

Dr. Sandar Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

ဘယ်လိုအခြေအနေမျိုးတွေမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement