backup og meta

မက် အင်ဖက်တမင်း/ယာဘ စိတ်ကြွဆေးကြောင့်ဖြစ်သော ခံတွင်းပြဿနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများကုသမှု

အဓိပ္ပါယ်ဖွင့်ဆိုချက်

Meth Mouth (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေးကြောင့် ဖြစ်သော ခံတွင်း ပြဿနာ) ဆိုတာဘာလဲ။

Meth Mouth ဆိုတာ တရားဝင်မဟုတ်ဘဲ ပြင်းထန်စွာစွဲလမ်းစေတတ်တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ methamphetamine (မက်အင်ဖက်တမင်း ယာဘဆေး) ကြောင့်ဖြစ်တဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးပျက်စီးခြင်းလို့သတ်မှတ်လို့ရပြီး ဒါက ဆေးသုံးစွဲသူတွေကို ပေးနိုင်တဲ့ ဆိုးရွားတဲ့ဆိုးကျိုးသက်ရောက်မှုတွေထဲက တစ်ခုပါပဲ။ Methamphetamine ဆိုတာ ဗဟိုအာရုံကြောစနစ်ကို ပိုပြီးတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တဲ့စွမ်းအင်ပြည့် စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး အသက်ရှူမဝခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း၊ အော်ကလီဆန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ သွေးဖိအားမြင့်မားခြင်း၊ ရာသက်ပန်ဦးနှောက်ပျက်စီးခြင်း နဲ့ သွားပျက်စီးနိုင်ခြင်း စတာတွေဖြစ်စေတတ်ပါတယ်။

မက် အင်ဖက်တမင်း/ယာဘ စိတ်ကြွဆေးကြောင့်ဖြစ်သော ခံတွင်းပြဿနာများ

လက္ခဏာများ

Meth Mouth ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Methamphetamine (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေး) သုံးစွဲခြင်းဟာ ခံတွင်းကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ မှတ်တမ်းတွေမှာတော့ ငယ်စဉ်ကလေးဘဝတုန်းက သွားပိုးစားတဲ့ပုံစံမျိုး ခုချိန်မှာလည်းသွားပိုးစားခြင်းကပြန့်နှံ့နေရင် ဒါကို Meth mouth လို့ခေါ်တယ်လို့ ဖော်ပြထားပါတယ်။ သွားပျက်စီးမှုတွေရဲ့ မတူညီမှုနဲ့ ပြင်းထန်တဲ့ပုံစံတွေကို သွားရဲ့ချောမွေ့တဲ့ မျက်နှာပြင်မှာတွေ့ရလေ့ရှိပြီး ရှေ့သွားတွေရဲ့ သွားနှစ်ခုကြားမျက်နှာပြင် တွေမှာလည်းတွေ့ရလေ့ရှိပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာMeth mouth ရဲ့ ရောဂါလက္ခဏာတွေရှိနေတယ်ဆိုရင် ဆရာဝန်ကိုသွားပြသင့်ပါပြီ။

ကုသမှု

ဘာလုပ်သင့်သလဲ

သင့်မှာဒီရောဂါရှိနေပြီလားဆိုပြီးစိုးရိမ်နေခဲ့မယ်ဆိုရင် ဒီအခြေအနေကို ဆေးသုံးစွဲတာရပ်လိုက်ခြင်းအားဖြင့် ရပ်တန့်နိုင်ပါတယ်။ ခံတွင်းခြောက်ခြင်းကို အအေးနဲ့အခြားအချိုရည်တွေသောက်ပြီး ရင်ဆိုင်မယ့်အစား ရေသောက်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ သွားတိုက်ခြင်း၊သွားကြားပုံမှန်ထိုးခြင်းစတာတွေကိုပုံမှန်လုပ်ပေးပြီး ဆရာဝန်နဲ့ပုံမှန်သွားတွေ့ခြင်းစတဲ့ သွားနဲ့ခံတွင်းသန့်ရှင်းရေးအလေ့အထကောင်းတွေကို ပြုလုပ်ပေးခြင်းက Meth mouth ဖြစ်လာနိုင်တဲ့အန္တရာယ်ကို လျော့နည်းသွားစေပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။

လူတွေဘာကြောင့် ဒီရောဂါဖြစ်ရသလဲဆိုတဲ့ ထိပ်ဆုံးကအကြောင်းပြချက်ကတော့ methamphetamine (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေး) သုံးစွဲလို့ပါပဲ။ ပြောရတာလွယ်ကူပေမယ့် ဆေးကိုအလွယ်တကူဖြတ်လို့မရနိုင်တာတော့ သိသာပါတယ်။ Meth mouth မဖြစ်အောင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကလည်း အဆိုပါဆေးကို မသုံးစွဲဖို့ပါပဲ။ တကယ်လို့သင်ကဆေးသုံးနေတာကို မရပ်နိုင်ဘူး၊ မရှောင်နိုင်ဘူးဆိုရင် သကြားပါတဲ့အရာတွေ စားချင်စိတ်ကို အတတ်နိုင်ဆုံးမဖြစ်အောင်နေပါ။ ခံတွင်းကျန်းမာရေးနည်းလမ်းတွေကို စတင်လေ့ကျင့်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://addiction.lovetoknow.com/wiki/Meth_Mouth

http://www.dentalhealthmed.com/conditions/meth-mouth.html

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။

ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေး အကြောင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ