backup og meta

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ
ဟင်းရည် ပူပူလေး သောက်မိတာ၊  လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း စတာတွေကို ပူပူလောလော သောက်မိလိုက် တဲ့အခါ ပြန်ထွေးထုတ်ဖို့ ခက်ပြီး လျှာကျက်သွားတာမျိုး တော်တော်များများ ဖြစ်ဖူးမယ် ထင်ပါတယ်။ လျှာကျက်တာက ကြီးကြီးမားမား ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် အစားအစာတွေကို သေချာ အရသာ ခံလို့ မရဘဲ စားရသောက်ရ အရသာ မရှိတာမျိုး ခံစားရနိုင် ပါတယ်။ ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ မြန်မြန် သက်သာအောင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

လျှာကျက်တယ်ဆိုတာ ဘာလဲ…………

လျှာကျက်တယ် ဆိုတာက နေ့စဉ် ဖြစ်နေကျ မတော်တဆ ထိခိုက်မှု တစ်ခုလို့တောင် ဆိုလို့ရတဲ့ အရာပါ။ လူတော်တော်များများ ဖြစ်ဖူးကြတဲ့ ပြဿနာ တစ်ခုပေါ့။ အရမ်း ပူနေတဲ့ မုန့်စားမိတာ၊ ဟင်းရည်ကို ပူပူလောလော သောက်မိတာ၊ ကော်ဖီ ပူပူ၊ လက်ဖက်ရည် ပူပူ သောက်လိုက်မိတဲ့ အခါမျိုးတွေမှာ လျှာကျက်နိုင် ပါတယ်။

အရမ်း ပြင်းထန် တဲ့အခါမျိုးမှာ ဆရာဝန် ပြပြီး လိုအပ်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပေမယ့် သိပ်မပြင်းထန်ရင် အိမ်တွင်းကုထုံးတွေ နဲ့ပဲ သက်သာအောင် လုပ်လို့ရပါတယ်။

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ ဒီ နည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

  • သကြား

လွယ်ကူရိုးစင်းတဲ့ လျှာကျက်တာကို သက်သာစေတဲ့ နည်းပါ။ သကြားက လျှာကျက်တာကို သိသိသာသာ သက်သာစေနိုင်ပြီး လျှာကျက်တာကြောင့် နာကျင်တာကို သက်သာစေနိုင်ပါတယ်။ လျှာရဲ့ အရသာခံနိုင်စွမ်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို လျှာပေါ်မှာ တင်ထားလိုက်ရုံပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပျားရည်က လျှာကျက်တာကိုလည်း သက်သာစေနိုင်ပါတယ်။  နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရသာခံနိုင်စွမ်း ကိုလည်း ကောင်းစေပါတယ်။

လျှာကျက်နေတဲ့အခါ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို လျှာပေါ်တင်ထားလိုက်ရုံပါ။

  • ဒိန်ချဉ်

ဒိန်ချဉ်က လျှာကျက်တာကို သက်သာစေပြီး အေးသွားစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ လျှာကျက်တာနဲ့ ပါးစပ်ထဲမှာ အပူလောင်တာကို သိသိသာသာ သက်သာစေ ပါတယ်။ ဒိန်ချဉ် စားပေးတာက လျှာကျက်တာကို သိသိသာသာ သက်သာစေပါတယ်။

ရှာစောင်းလက်ပပ်က အပူလောင်တာကို သက်သာစေနိုင်ပြီး အပူကြောင့် ပျက်စီးသွားတဲ့ လျှာက ဆဲလ်တွေကို သက်သာစေနိုင် ပါတယ်။  နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အစေး ထုတ်ထားတဲ့ ရှားစောင်းလက်ပပ် ဂျယ်လီသားကို လျှာပေါ်မှာ ခဏ ထားပေးရုံပါ။

  • ဆားရည်

လျှာကျက် တဲ့အခါ ဆားရည်နဲ့ အာလုတ် ကျင်းပေးတာက လျှာကျက်တာကို သက်သာစေနိုင်ပြီး နာကျင်တာ နဲ့  ပိုးဝင်ကူးစက်ခံရနိုင်ခြေကို သိသိသာသာ လျှော့ချပေး ပါတယ်။ ရေနွေးနွေးလေးထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်မွှေလို့ ရလာတဲ့ ဆားရည်နဲ့ အာလုတ်ကျင်းပေးပါ။ ဒါမှမဟုတ် ငုံထားပေးပါ။

အယ်လ်ကိုဟော ပါတဲ့ ခံတွင်းသန့် ဆေးရည် သုံးပြီး အာလုတ် ကျင်းတာမျိုး မလုပ်ဖို့ ပြောပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tongue Burn https://www.healthline.com/health/tongue-burn Accessed Date 3 June 2020

4 Ways to Soothe a Burnt Tongue and Mouth https://health.clevelandclinic.org/4-ways-to-soothe-a-burnt-tongue-and-mouth/ Accessed Date 3 June 2020

How to Soothe Painful Mouth Burns https://www.everydayhealth.com/dental-health/how-to-soothe-painful-mouth-burns.aspx Accessed Date 3 June 2020

Tongue Burn Remedies Here Are 5 Quick Remedies https://doctor.ndtv.com/living-healthy/got-a-burnt-tongue-here-are-5-quick-remedies-1753341 Accessed Date 3 June 2020

ယခုပုံစံ

28/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပါးစပ်ထဲအနာပေါက် နေတော့ စားချင်တာမစားရလို့ စိတ်ညစ်နေပြီလား

ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement