အဓိပ္ပါယ်ဖွင့်ဆိုချက်
Fissured tongue (လျှာကွဲခြင်း) ကဘာလဲ။
လျှာမှာ အက်ကြောင်းများ၊ ကွဲကြောင်းများ ရှိနေခြင်း ဖြစ်ပါတယ်။ အများအားဖြင့် အန္တရာယ်မရှိနိုင်ပေမယ့် ဆရာဝန်/သွားဆရာဝန်တို့နဲ့တော့ စိတ်ချရအောင် စစ်ဆေးကြည့်သင့်ပါတယ်။
လျှာကွဲခြင်းမှာ
- လျှာရဲ့ထိပ်နဲ့ဘေးတွေမှာ အက်ကြောင်း၊ ကွဲကြောင်းများရှိခြင်း
- လျှာမှာသာကွဲခြင်း
- ကွဲကြောင်းရဲ့ အနက်ဟာ အမျိုးမျိုးကွာခြားနိုင်ပြီး ၆မီလီမီတာအထိ နက်နိုင်ပါတယ်။
- ကွဲကြောင်းအချင်းချင်းဆက်ပြီး လျှာကို အပိုင်းပိုင်းကွဲသလို ဖြစ်နေစေပါတယ်။
ကွဲကြောင်းများထဲမှာ အညစ်အကြေးများ စုမလာလျှင်တော့ ဘာလက္ခဏာမှ ခံစားရမည် မဟုတ်ပါ။
ကလေးဘဝမှစပြီး လျှာမှာ အကွဲကြောင်းများ ပေါ်နိုင်ပါတယ်။ သို့သော် လျှာကွဲခြင်းဟာ အရွယ်ရောက်ပြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်ကြီးလေ အရေးအကြောင်းတွေ ထင်းလာလေဖြစ်သလို လျှာကွဲခြင်းကလည်း အသက်ကြီးလာလေ ထင်ရှားလာလေဖြစ်ပါတယ်။ သွားကျန်းမာရေး ပုံမှန်စစ်ဆေးလျှင်တော့ သွားဆရာဝန်က သင့်လျှာကွဲနေကြောင်း သိနိုင်ပါတယ်။ လျှာကွဲတဲ့လူနာအများစုကို ဒီလိုနည်းနဲ့သိနိုင်တာ ဖြစ်ပါတယ်။
Fissured tongue (လျှာကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Fissured tongue (လျှာကွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
လျှာကွဲခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
လျှာကို အရှည်လိုက်နှစ်ခြမ်းကွဲသလို ကွဲနေပုံပေါ်နိုင်ပါတယ်။ ကွဲကြောင်းအများအပြားလည်းရှိနေနိင်လို့ လျှာမှာ ပက်ကြားအက်သလိုလည်း ဖြစ်နေနိုင်ပါတယ်။ အက်ကြောင်းနက်လျှင်တော့ အလွန်ထင်သာမြင်သာရှိပြီး ဆရာဝန်/သွားဆရာဝန်တို့ အလွယ်တကူသိနိုင်ပါတယ်။ လျှာအလယ်ပိုင်းမှာ အများဆုံးကွဲတတ်ပြီး အခြားအပိုင်းများမှာလည်း ကွဲနိုင်ပါတယ်။
လျှာကွဲခြင်းနဲ့အတူ အခြားအန္တရာယ်မရှိတဲ့ အခြေအနေတစ်မျိုးဖြစ်တဲ့ geographic tongue ကို တွဲပြီးတွေ့ရနိုင်ပါတယ်။ ပုံမှန်လျှာမှာ papillae လို့ခေါ်တဲ့ ဖြူတူတူပန်းရောင် အဖုလေးတွေရှိပါတယ်။ geographic tongue ဖြစ်နေတဲ့ လူတွေမှာ လျှာရဲ့အချို့နေရာတွေမှာ ထိုအဖုလေးတွေရှိမနေကြပါ။ အဖုမရှိတဲ့နေရာတွေမှာ နီပြီး ပြောင်ချောနေပြီး တခါတရံအနားများ ဖောင်းကြွနေတတ်ပါတယ်။
လျှာကွဲခြင်းရော geographic tongue ပါ ကူးစက်ခြင်း၊ အန္တရာယ်ပေးခြင်း မရှိပါဘူး။ သို့ပေမယ့် နှစ်ခုစလုံးဟာ ကသိကအောက်ဖြစ်စေပြီး အချို့အရာဝတ္တုတွေနဲ့ အထိမခံနိုင်ဖြစ်တတ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Fissured tongue (လျှာကွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ
သုတေသနပညာရှင်များဟာ အကြောင်းအရင်းအတိအကျကို မဖော်ထုတ်နိုင်သေးပါဘူး။ အများစုကတော့ ပုံမှန်လျှာအမျိုးအစားတစ်ခုလို့ပဲ ထင်ထားကြပါတယ်။
လျှာကွဲခြင်းဟာ အချို့ရောဂါစုတွေဖြစ်တဲ့ Down syndrome နဲ့ Melkersson-Rosenthal syndrome တို့နဲ့တွဲဖြစ်တတ်ပါတယ်။ trisomy 21 လို့ခေါ်တဲ့ Down syndrome ဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများအပြားရှိနိုင်တဲ့ မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးပါ။ ခရိုမိုဆုမ်း၂၁မှာ နှစ်စုံရှိရမယ့်အစား သုံးစုံရှိနေတဲ့ရောဂါ ဖြစ်ပါတယ်။
Melkersson-Rosenthal syndrome ဟာဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါစုဖြစ်ပြီး လျှာကွဲခြင်း၊ မျက်နှာနှင့် အပေါ်နုတ်ခမ်းရောင်ခြင်း၊ မျက်နှာတစ်ခြမ်းရွဲ့ခြင်းတို့နဲ့ တွဲနိုင်ပါတယ်။
လျှာကွဲခြင်းဟာ မျိုးရိုးလိုက်တတ်ပြီး အချို့မိသားစုတွေမှာ ပိုအဖြစ်များပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Fissured tongue (လျှာကွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ပုံမှန်သွားနဲ့ခံတွင်း စစ်ဆေးမှုတွေမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ရတတ်ပြီး လျှာရဲ့ သိသာထင်ရှားတဲ့ ပုံသဏ္ဍာန်ကြောင့် အတည်ပြုနိုင်ပါတယ်။
Fissured tongue (လျှာကွဲခြင်း) ကို ဘယ်လိုကုသပါသလဲ
လျှာကွဲခြင်းကို ယျေဘူယျအားဖြင့် ကုသဖို့ မလိုပါ။ သို့သော်လျှာပေါ်ရှိ စားကြွင်းစားကျန်များကို ပွတ်တိုက်သန့်ရှင်းပေးပြီး သွားနှင့်ခံတွင်းကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ ဘက်တီးရီယားနှင့် အဖတ်များ လျှာကွဲကြောင်းထဲမှာ စုမိပြီး ခံတွင်းနံ့ဆိုးခြင်း သွားများပျက်စီးနိုင်ခြေများခြင်းတို့ ဖြစ်နိုင်ပါတယ်။
နေ့စဉ်သွားတိုက်ခြင်း၊ သွားကြားထိုးခြင်းအပါအဝင် သွားကျန်းမာရေးကို ပုံမှန်ဂရုစိုက်ပေးပါ။ ခံတွင်းသန့်ရှင်းရေးအတွက် သွားဆရာဝန်ဆီ တစ်နှစ်နှစ်ခါ သွားပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လျှာကွဲခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လျှာကွဲခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]