backup og meta

အမွေးထူပြီး မဲနေသော လျှာ

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများကာကွယ်ခြင်းကုသခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

အမွေးထူပြီး မဲနေသော လျှာဆိုတာ ဘာလဲ။

Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ) ဆိုတာ အန္တရာယ်မရှိတဲ့ ခံတွင်းပိုင်းဆိုင်ရာ ယာယီပြဿနာတစ်ခုပါ။ အဲဒီအခြေအနေမှာ သင့်လျှာဟာ မည်းမှောင်တဲ့အမွှေးမျှင်တွေနဲ့ ဖုံးအုပ်ထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကတော့ သင့်လျှာပေါ်မှာ ရှိတဲ့အဖုလေးတွေအပေါ်မှာ (ရသာခံဖုလေးတွေ အပါအဝင်) အများအပြားပေါ်ထွက်လာတဲ့ ဆဲလ်အသေလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်ထက် အနည်းငယ်ပိုရှည်နေတဲ့ အဖုလေးတွေပေါ်မှာ ဆေးရွက်ကြီး၊ ဘက်တီးရီးယားနဲ့ အမြှုပ်တွေဟာ ပုံမှန်ထက် ကြာမြင့်စွာ တည်ရှိတတ်ပါတယ်။

အမွေးထူပြီး မဲနေသော လျှာ

Black hairy tongue ရဲ့ပုံစံဟာ အန္တရာယ်များသလို ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ များသောအားဖြင့် သင်ဟာ နာကျင်မှုတောင် မခံစားရပါဘူး။ ဒီပြဿနာဟာ အများအားဖြင့် ကုသမှုခံယူစရာ မလိုဘဲ အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။

လက္ခဏာများ

Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Black hairy tongue ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

• သင့်လျှာဟာ ဘယ်လိုအရောင်ဖြစ်နေပါစေ အမည်းရောင် ပြောင်းလဲသွားပါလိမ့်မယ်

• သင့်လျှာပေါ်မှာ အမွှေးအမျှင်တွေ ပေါက်နေသလို ဖြစ်နေပါမယ်

• ခံတွင်းအရသာ ပြောင်းလဲသွားပါလိမ့်မယ် (သတ္တုအရသာကဲ့သို့)

• ခံတွင်းအနံဆိုးလာပါမယ်

လျှာပေါ်ရှိအဖုလေးတွေပိုမိုများပြားလာရင်တော့ ယားယံမှု ဖြစ်ပေါ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Black hairy tongue ဟာ ကြည့်ရဆိုးသော်လည်း ဘေးအန္တရာယ်မရှိသော ယာယီ ပြဿနာတစ်ခုပါ။

ဒါကြောင့် သင်ဟာ သင့်အသွင်အပြင်ကို ဂရုစိုက်သူတစ်ဦးဖြစ်မယ်ဆိုရင်တော့ ဖြစ်ဖြစ်ချင်း စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

ကာကွယ်ခြင်း

Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ) ကို ဘယ်လိုကာကွယ်ရမလဲ

ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ black hairy tongue မဖြစ်ပွားစေဖို့ အဓိကသော့ချက်ပါပဲ။ သွားတိုက်တိုင်း လျှာကိုပါပုံမှန်တိုက်ပေးခြင်းဖြင့် လျှာပေါ်ရှိ အဖုလေးများများပြားစွာ ထွက်ပေါ်လာခြင်းကို ကာကွယ်ပေးပါတယ်။ ခံတွင်းရနံ့ကိုလည်း သင်းပျံစေပါတယ်။ ဆေးလိပ်မသောက်ခြင်းဖြင့်လည်း black hairy tongue မဖြစ်အောင် တစ်ဖက်တစ်လမ်း ကာကွယ်နိုင်ပါတယ်။

သင့်မှာ ဆီးချိုသွေးချိုရောဂါ ရှိပါက ဆရာဝန်ထံ ပုံမှန် စစ်ဆေးမှုခံယူပြီး သတ်မှတ်ပမာဏအတွင်း ထိန်းထားသင့်ပါတယ်။

လျှာကို ပွတ်တိုက်ပေးခြင်း နဲ့ သွားပွတ်ကြိုးသုံးပြီး သန့်ရှင်းခြင်း တို့ဟာ ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာတို့ကို Chemotherapy (ဆေးဝါးဖြင့်ကုသခြင်း) Radiation Therapy (ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း) လုပ်နေချိန်အတွင်း အရေးကြီးပါတယ်။ ထိုကုသမှု ခံယူစဉ်အတွင်း သွားဆရာဝန်ထံ ပုံမှန်စစ်ဆေးမှုကိုလည်း ခံယူသင့်ပါတယ်။ ထိုသို့ စစ်ဆေးမှုခံယူခြင်းဖြင့် သင့်ကင်ဆာကုသမှုကို အထောက်အကူပေးနိုင်မယ့် အချက်အလက် (သင့်ခံတွင်းထဲမှာ ပိုးဝင်နေခြင်း အစရှိတဲ့ အခြေအနေများ) များကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ကုသခြင်း

Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ)ကို ဘယ်လိုကုသပါသလဲ

ခံတွင်းကျန်းမာရေးကောင်းမွန်ရန်နဲ့ လျှာအရောင်ပြောင်းလဲမှုကိုဖယ်ရှားရန်

လျှာကို ပွတ်တိုက်ပါ။ သင်သွားတိုက်တဲ့အချိန်တိုင်း လျှာပေါ်ရှိ ဆဲလ်အသေများ၊ ဘက်တီးရီးယားများ၊ စားကြွင်းစားကျန်များကို ဖယ်ရှားရန် လျှာကိုပါ ညင်သာစွာ ပွတ်တိုက်ရပါမယ်။ နူးညံ့တဲ့ သွားပွတ်တံ ဒါမှမဟုတ် လျှာပွတ်တံကို အသုံးပြုသင့်ပါတယ်။

စားသောက်ပြီးတိုင်း သွားတိုက်ပါ။ အကယ်၍ မတတ်နိုင်ပါက ရေဖြင့် ပလုတ်ကျင်းပေးပါ။ တနေ့ အနည်းဆုံး သွား ၂ကြိမ်တိုက်ရပါမယ်။

သွားပွတ်ကြိုးနဲ့သွားကြားသန့်ရှင်းရေး ကို အနည်းဆုံး တစ်နေ့တစ်ကြိမ် လုပ်ပေးရပါမယ်။ ပုံမှန်သွားကြားသန့်ရှင်းရေး လုပ်ပေးခြင်းဟာ သင့်သွားကြားထဲရှိ စားကြွင်းစားကျန်များကို ဖယ်ရှားပေးပါတယ်။

ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။ ပုံမှန် သွားဆရာဝန်ထံတွင် စစ်ဆေးမှု ခံယူပါ။ သို့မှသာ ခံတွင်းနဲ့ဆိုင်တဲ့ တစ်စုံတစ်ခု ပြဿနာရှိပါက စောစီးစွာ သိရှိပြီး လျှင်မြန်စွာ ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.mayoclinic.org/diseases-conditions/black- hairy-tongue/basics/definition/con-20034518

http://www.simplestepsdental.com/SS/ihtSS/r.==/st.32219/t.31456/pr.3.html

 

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ